Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, August 19, 2013

Android နဲ့ iOS ကနေ Premier League Live ကြည့်လို့ရတဲ့ Premier League Live 2013/2014

Android နဲ့ iOS ကနေ Premier League Live ကြည့်လို့ရတဲ့ Premier League Live 2013/2014


ကဲ. Premier League ချစ်သူ ဘောလုံးဝါသနာရှင်အပေါင်းတို့အတွက် Android နဲ့ iOS ကနေ Premier League Live ကြည့်လို့ရတဲ့ Premier League Live 2013/2014 ကိုတင်ပေးလိုက်ပါတယ်.. Live Scores တွေ Lineup စာရင်းတွေပါပြပေးနိုင်တဲ့အပြင် English Premier League နဲ့ပတ်သက်သမျ သတင်းတွေကို ချက်ချင်းဖတ်ရမှာဖြစ်ပါတယ်.. English Premier League တွေသာမက  UEFA Champions League,UEFA Europa League,F.A. Cup,Capital One Cup တွေကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်.. ဘယ်အသင်းက ဘယ်လောက်ကျသွားတယ်၊ ဘယ်လောက်တက်လာတယ်၊ ဘယ်သူ့ကို ရောင်းစားလိုက်ပြီ. စသည်ဖြင့်ပေါ့ဗျာ.. ကျွန်တော်က ဘောလုံးအကြောင်း မသိတော့ အထဲမှာ ကြည့်လို့ရတာတွေကို သိပ်မပြောတတ်ဘူး.. မိတ်ဆွေတို့အတွက်တော့ တန်ဖိုးရှိမှာပါ.. အင်တာနက်ဖွင့်ထားနှော်..

 



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >


Download Here !
For iOS
iTune 
 https://itunes.apple.com/us/app/epl-live-2013-14/id546237412 



For Android :

DropBox 
  1. https://www.dropbox.com/s/7sq7qrswpnwvctx/Premier%20League%20Live%202013%20-%202014%20v2.05%20by%20www.maungpauk.org.rar

Zippyshare
http://www44.zippyshare.com/v/92242339/file.html

 
 
 
ဆက်ဖတ်ရန်>>>

Google Play မရှိလဲ Google Play မှာ App တွေ ဒေါင်းလို့ရတဲ့ Myket v3.0

Google Play မရှိလဲ Google Play မှာ App တွေ ဒေါင်းလို့ရတဲ့ Myket v3.0


Myket ဆိုတဲ့ app ကတော့ဗျာ ခေတ်စကားနဲ့ပြောရရင် လန်ထွက်နေတယ်ပြောရမှာပဲ.. Google Play က Android ဖုန်းတိုင်းမှာ Install လုပ်လို့မရဘူးမဟုတ်လား.. အထူးသဖြင့် Huawei တွေမှာ Root လုပ်ရတာ၊ CWM သွင်းရတာ လုပ်ပြီးမှ Google Play ကို ထည့်ကြရတာ.. ပြီးတော့ Sign in လုပ်ရဘာလုပ်ရ. ရှုပ်တယ်ဗျာ.. ဒီ Myket ဆိုတဲ့ App ကိုသွင်းလိုက်.. ဒီထဲမှာ Google Play မှာ ရနိုင်တဲ့ app အားလုံးနီးပါးရတယ်.. ဖရီးနှော်.. Google Play က app တွေကိုလည်းဒီကောင်နဲ့ ဒေါင်းလို့ရတယ်ခင်ဗျ.. google Play က app တစ်ခုကို ရွေးလိုက်တာနဲ့ ဒီကောင်တက်လာပြီး ဒေါင်းမှာလားမေးတယ်.. သိပ်ကောင်းတယ်ဗျာ.. Language ကတော့ အီရန် လို့ပြောတယ်.. အာရေဗျစာမျိုးပဲဗျ. ဒါပေမယ့် မပူပါနဲ့ အင်္ဂလိပ်လိုလဲပါပါတယ်.. ကျွန်တော်အထဲမှာ ကလိလိုက်တာ.. အင်္ဂလိပ်လိုတော့ ပေါ်လာတယ်ဗျ. ဘာကိုလုပ်မိမှန်းတော့ မသိဘူး.. ကဲကဲ.. ဒေါင်းလိုက်ကြအုံးတော့..
 



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >


Download Here !
http://d-h.st/x1H
ဆက်ဖတ်ရန်>>>

Sunday, August 18, 2013

Facebook က Page ပေါ်တင်တဲ့ Post တွေကို like လုပ်ထားတဲ့လူထဲက 7% ကိုပဲ ပြတော့မှာဖြစ်ပါတယ်။Page ကို Like လုပ် ထားတဲ့ သူထဲ က 100 မှာ 7ယောက် ပဲ post တွေ မြင် ရတော့ မှာဖြစ်ပါ။ အဲတော့ Mobile House Page ကို Like လုပ်ပြီးရင် "LIKED" ပေါ်မှာ ထပ်နှိပ်ပြီး "Add to Interest List" ကို နှိပ်ပေးပါ။ အဲဒါမှ ကျွန်တော်တို့ Post တွေ ပိုမြင်ရပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။

တခြား မန်ဘာတွေ သိ အောင် လဲ ရှယ် ပေး ကြပါ ...

မန်ဘာ များ အသစ် တင်သမျှ ကို ချက်ခြင်း သိရှိ စေရန်
http://facebook.com/mobilehouseservicecentre
တွင် Like လုပ်ပြီး ပုံ ထဲ က လို လုပ် ထားပေး ပါ .... ကျေးဇူးတင်ပါတယ် ။




ဆက်ဖတ်ရန်>>>

ဗေဒင် ကြိုက် တဲ့ သူငယ် ချင်း တွေ အတွက် ၂၀၁၃ ဗေဒင် Android

jas

ဗေဒင်

ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - ၅.၆၉မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် အထက်
ကူးယူသည့် အရေ အတွက် - 6073
၂၀၁၃ ဗေဒင် ၁.၁ ဟာ ၁၂ရာသီခွင် အမျိုးအစားအလိုက် ၂၀၁၃ တနှစ် ပတ်လုံးစာ၊ ဟောစတမ်း တစ်လခြင်း စီအတွက် တစ် လစီအတွက် လိုသော နံပါတ်များ ပါဝင်တယ်။

Download
http://www.mediafire.com/?9auj8yy0wkhq8ms


  
ဆက်ဖတ်ရန်>>>

Saturday, August 17, 2013

ချဲဂဏန်းကြည့်ဖို့အတွက် နောက်ဆုံးထွက် Version

ချဲဂဏန်းကြည့်ဖို့အတွက် နောက်ဆုံးထွက် Version လေးကို ဦးဦးဒေါ်ဒေါ် ကိုကိုမမ ညီလေး ညီမလေးများအတွက် ပြန်လည်ဝေမျှပါတယ် ၀ါသနာပါ၇င်တော့ဆွဲသွားပေါ့ဗျာ

ကဲ မျှော်တိုင်းဝေးတဲ့ ချဲဂဏန်းလေးကြည့်ဖို့ပေါ့ဗျာ မကြည့်တတ်မှာစိုးလို့ ပုံလေးနဲ့ ပြပေးထားတယ်နော်.။ ချဲ ဂဏန်းကောင်းတာလေးဆိုရင်လည်း အသိပေးကြပါဦး မပေါက်တတ်ဘူးဖြစ်နေတယ်.။ တစ်ပါတ်လာလည်း
မပေါက် တစ်နှစ်လာလည်း မပေါက်နဲ့ ဖြစ်နေတယ်.။ ၀ါသနာတူတဲ့ ချစ်အစ်ကို ချစ်ညီများ ဒေါင်းပြီးတော့ ကြည့်
နိုင်ပါပြီနော်.။
DOWNLOAD MDF http://www.mediafire.com/download/r70js3r7b6extr8/เลขเด็ดs.apk

မိုးကောင်းကင်ဖောင်းပြင်
from dmoethar
Like · · · 4 hours ago ·
ဆက်ဖတ်ရန်>>>

Friday, August 16, 2013

Steve Jobs (ကိုယ်ရေးအတ္ထုပ္ပတ္တိ) eBook

အားလုံးကို တင်ကြိုပြီး ကျွန်တော် လေသံပစ်ထားတဲ့ အတိုင်း 'Walter Isaacson' က မူရင်းရေးသားထားပြီး ဆရာ 'နိုင်ရဲကျော်' ဘာသာပြန်ဆိုထားသော "Steve Jobs" "နည်းပညာတစ်ဖက် အနုပညာတစ်ဖက်နှင့်လူသား" စာအုပ်လေးကို eBook အဖြစ် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီး အားလုံးကို ဖတ်ရှုနိုင်ရန် အခမဲ့ ဝေမျှပေးလိုက်ပါပြီ...

ယခု eBook ကို (Grade 1 နှင့် Grade 2) ဆိုပြီး အမျိုးအစား နှစ်ခုခွဲပြီး ရေးသားထားပါတယ်...



ဒီစာအုပ်ကို Original English version ထွက်ကထဲက ဖတ်ချင်နေပေမယ့် မဖတ်ဖြစ်ခဲ့ပါဘူး။ မြန်မာလို ဘာသာပြန် ထွက်လာလိမ့်မယ်လို့လည်း လုံးဝ မျှော်လင့်မထားတာပါ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ မြန်မာလိုထွက်လာပါတယ်။

"ဖတ်ချင်လိုက်တာ.." ဒါပေမယ့် စာအုပ်က 'စလုံး' ကို ရောက်မလာပါဘူး။ လူကြုံမှာပေမယ့်လည်း အဆင်မပြေလို့ ဖတ်ခွင့် မရခဲ့ပါဘူး။

ဒီလိုနဲ့ ဖေဖော်ဝါရီလ ကျွန်တော် ခတ္တပြန်စဉ် မြန်မာပြည် ရောက်ပြီး နောက်နေ့မှာပဲ စာအုပ်ကို ဝယ်ဖတ်ခွင့် ရလိုက်ပါတယ်။ ဒါပေမယ့် တစ်ထိုင်ထဲတော့ ဖတ်ခွင့် မရလိုက်ပါဘူး။

သင်္ကန်း ငါးရက်စည်းနေချိန် အတွင်းမှာ သိမှတ်ဖွယ်ရာ ဘာသာရေး စာအုပ်များ ဖတ်ရှုခြင်း၊ တရားထိုင်ခြင်း စသည့် ရဟန်းတို့ ပြုဖွယ်ကိစ္စများထဲမှ အနားရသော အချိန်တစ်ချို့မှာ ပြတ်တောင်း ပြတ်တောင်း ဖတ်ရင်း သုံးရက်လောက်နဲ့ တစ်အုပ်လုံး ဖတ်ပြီးသွားပါတယ်။ အဲဒီအချိန်မှာပဲ eBook လုပ်ချင်တဲ့ ဆန္ဒ ကျွန်တော့်မှာ ဖြစ်ပေါ်လာပါတယ်။ စာအုပ်ဖတ်နေစဉ်က အချို့အခန်းလေးတွေမှာ ဒီနေရာလေးကတော့ ဓါတ်ပုံလေးပါရင် ကောင်းမယ်၊ ဒီလူကိုမြင်ဖူးချင်လိုက်တာ...
အစရှိသည်ဖြင့် ချဉ်ခြင်း တပ်မိပါတယ်။

ဒါ့ကြောင့် ပြန်ရောက်တဲ့ အခါ eBook လုပ်ရင် ဒါတွေကို ရှာထည့်မယ်လို့ တေးမှတ်ထားလိုက်ပါတယ်...

ကတုံးကြီးနဲ့ 'စလုံး' ပြန်ရောက်လာပေမယ့် ချက်ချင်း အကောင်ထည် မဖော်နိုင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ စပြီး တစ်ခန်းခြင်း အပိုင်းလိုက်ကို iPad ရဲ့ "Note" သုံးပြီး အလုပ်ထဲမှာ အားနေတဲ့အချိန် နဲ့ နားရက်တွေမှာ တစ်ဖြည်းဖြည်းချင်း အချိန်တွေ အများကြီးယူပြီး စရိုက်လာခဲ့ရပါတယ်။
ပြီးနောက် လိုအပ်တဲ့ ဓါတ်ပုံ၊ ဗီဒီယိုများကို စုဆောင်း တည်းဖြတ်ပြီး တစ်ဆင့်ခြင်း လှမ်းလာခဲ့ရပါတယ်....။

ဒီလိုနဲ့ ပြီးခါနီးမှာ အခုလို ကိုယ်ပိုင်အချိန်တွေများစွာ သုံးစွဲ ရင်းနှီးပြီး၊ ပြီးသွားတဲ့ အချိန်မှာ "ကဲ..ယူကြကွာ" ဆိုပြီး 'ပက်ကနဲ' ပေးလိုက်ရမှာကို ကျွန်တော့်စိတ်က ဘာဖြစ်မှန်းမသိ တွန့်တိုသလို ခံစားနေမိပါတယ်။

လူတိုင်းဟာ မိမိရဲ့ အချိန်တွေကို နှမြောတတ်ကြမှာပါပဲ ဒါပေမယ့် ကျွန်တော်ကိုက ပိုလွန်းပါတယ် (ဒီလိုကြားထဲက ဒီအလုပ်ကို လုပ်မိနေတာ ဝါဿနာအားက အလွန်ကြီးနေတာရယ်၊ တစ်ခုခုကို အမြဲသင်ယူ လေ့လာချင်နေတဲ့ စိတ်တွေကြောင့်ပါ) ရိုးသားစွာ ဝန်ခံရရင် ဒီ eBook အပေါ်မှာ ကျွန်တော် အားထုတ်ထားတွေ အတွက် တစ်ခုခုကို ပြန်ပြီးရချင်နေပါတယ် (ဘာလေးပဲဖြစ်ဖြစ်ပေါ့)။ အဲဒီစိတ်တွေနဲ့ ဒီeBook လေးကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေ စဉ်းစားရှာဖွေလာပါတယ်။ ကျွန်တော် လုပ်နိုင်တဲ့ နည်းလမ်းရော မလုပ်နိုင်တဲ့ နည်းလမ်းတွေပါ ရခဲ့ပါတယ်။

အဲဒီ အတောအတွင်းတော့ ကျွန်တော့် စိတ်ဟာ ပူလောင်ပြီး ညတွေမှာဆို ကောင်းကောင်း အိပ်မပျော်တတ်ပါဘူး။ နောက်ဆုံးမှာတော့ ဒီလိုနေလို့ မဖြစ်တော့ဘူး စိတ်ကို ထွက်ပေါက် ပေးရမယ်လို့ ခံစားမိပြီး ကျွန်တော့်ရဲ့ အိမ်သူနဲ့ ကျွန်တော် ခင်မင်ရတဲ့ သူငယ်ချင်း တစ်ယောက်ကို ဒီအကြောင်းတွေ ရင်ဖွင့်ချ လိုက်ပါတော့တယ်။ ထူးဆန်းစွာပဲ အဲဒီလို ရင်ဖွင့် ဆွေးနွေးပြီး နောက်ပိုင်း ကျွန်တော့် စိတ်ထဲမှာ စွဲလန်းမှုတွေ ကင်းစင်သွားပြီး နဂိုမူလက လမ်းကြောင်းအတိုင်း "အားလုံးကို ဖတ်စေချင်လို့ လုပ်တာပဲ 'အခမဲ့' ပဲ ဖြန့်ဝေမယ်ကွာ" ဆိုတဲ့စိတ် ပြန်ရလာပြီး ပြန်လည် ငြိမ်းချမ်းသွားခဲ့ပါတယ်။

နောက်တော့မှ အေးအေးဆေးဆေး ကျွန်တော် ပြန်စဉ်းစားမိတယ် ဒီeBook ကို လုပ်နေစဉ်အတွင်းမှာ "Steve Jobs" တစ်ယောက် ကျွန်တော့်ကို ညှိုငင်ခဲ့တာပဲလို့၊ ဟုတ်ပါတယ် သူ့ရဲ့ အယူအဆက "ကိုယ်ဖန်တီးလို့ ရတာတွေကို အလကားပေးပစ်မယ် ဆိုတဲ့ အမြင်မျိုးကို လက်မခံပါဘူး" ။ ဒီစာအုပ်ကို တစ်ကြောင်းခြင်း ဖတ်ပြီး ရိုက်ခဲ့ရတဲ့ ကျွန်တော့်အတွက် ဒါကို ဘယ်တုန်းက စွဲလန်းသွားမှန်းမသိ စွဲလန်းသွားခဲ့တာပါ၊ ဒါဟာ ကျွန်တော် ကိုယ်နှိုက်က sensitive(အနုစိတ်ရသ ခံစားတတ်လွန်းခြင်း) ဖြစ်လွန်း၍သာ ဖြစ်ပါလိမ့်မယ်....

ဒါတွေကတော့ အခု eBook လေးအပေါ်မှာ အကြီးကြီးထားမိသွားတဲ့ ကျွန်တော့်ရဲ့ ဖြစ်စဉ်အချို့ပါပဲ...

Grade ခွဲထားလိုက်ရတဲ့ အဓိက အကြောင်းရင်းကတော့ File size ကြောင့်ပါ။ Grade 1, ရဲ့ size ဟာ (37MB) ရှိပြီး Grade 2, မှာတော့ (2MB) ပဲရှိပါလိမ့်မယ်။ စာချစ်သူများ download ဆွဲဖို့ အဆင်မပြေမှာ စိုးလို့ Grade ခွဲလိုက်ရပေမယ့် Grade 2, ဟာ ကျွန်တော် ဖန်တီး တင်ပြချင်ခဲ့တဲ့ ပုံစံမျိုးထက် အနည်းငယ် လျော့ပါတယ်။ မီဒီယာတွေ ထပ်ထည့်လေ File size က တက်လေဖြစ်နေတော့ Grade 1, မှာလည်း အများကြီး လျှော့ချထားခဲ့ရပါတယ်၊ ဒါပေမယ့် မဖြစ်မနေ လိုအပ်တဲ့ နေရာလေးတွေကိုတော့ မလွှတ်ပေးထားပါဘူး။

ကျွန်တော် ဖြစ်စေချင်တဲ့ ပုံစံကို Grade 1, မှာ ခံစား တွေ့မြင်နိုင်ပါတယ်။ ဒီ eBook များကို iOS, Android တို့အပြင် Kindle နှင့် Nook တို့မှာပါ အဆင်ပြေပြေ ဖတ်ရှုနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Grade 1 version ကို ဖတ်ရှုရာတွင် iPhone, iPad တို့အတွက် အထူးပြောစရာ မလိုအောင် အဆင်ပြေမယ့် Android အတွက်တော့ အပြည့်အဝ အလုပ်လုပ်နိုင်ဖို့ Reader Application ရွေးရပါလိမ့်မယ်။ ဒီအတွက် ကျွန်တော် Samsung မှာ စမ်းကြည့်ထားပြီး သေချာပေါက် ၁၀၀% အလုပ်လုပ်တဲ့ App တစ်ခုကို လမ်းညွှန်ပေးပါမယ်။

ဂျပန်က ထုတ်လုပ်ထားပြီး "Himawari Reader" လို့ အမည်ရတဲ့ App ကို GooglePlay မှာ "Free" "Pro" version နှစ်ခုလုံး ရယူနိုင်ပါတယ်။ "Free" version မှာတင်ပဲ အပြည့်အဝ အလုပ်လုပ်နိုင်ပါလိမ့်မယ်။

**Downloads**

>> Steve Jobs (Grade 1)
http://www.mediafire.com/download/noagnqgymez6mao/SteveJobs%28Grede01%29.epub
>> Steve Jobs (Grade 2)
http://www.mediafire.com/download/yctig61upqjngls/SteveJobs%28Grede02%29.epub

ကျွန်တ်ာရဲ့ eBook လေးအတွက် ဝေဖန်အကြံပြုချက်လေးများလည်း ပြန်လည် ကြားချင်ပါသေးတယ်...


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား
ဆက်ဖတ်ရန်>>>

iPhone 5 ပေါက်ကွဲမှုကြောင့် တရုတ် အမျိုးသမီး တစ်ဦး မျက်လုံး ထိမှန်

iPhone 5 ပေါက်ကွဲမှုကြောင့် တရုတ် အမျိုးသမီး တစ်ဦး မျက်လုံး ထိမှန်


ပေကျင်း သြဂုတ် ၁၃
တရုတ်နိုင်ငံမှ အမျိုးသမီး တစ်ဦးသည iPhone 5 ပေါက်ကွဲမှုကြောင့် မျက်လုံးထိမှန် ခဲ့ရကြောင်း သိရသည်။ လီအမည်ရှိ အဆိုပါ အမျိုးသမီးသည် ၎င်းဖုန်းဖြင့် မိနစ် ၄ဝကြာ စကားပြောပြီး ဖုန်းကို ပိတ်ရန် ကြိုးစားရာ ဖုန်းမျက်နှာပြင်မှာ တုံ့ပြန်မှု မရှိတော့ဘဲ ဖုန်း၏ ညာဘက် အပေါ်ထောင့် နေ
ရာမှ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ  ၄င်း၏ အစအနများသည် သူမ၏ မျက်လုံးအတွင်း သို့ဝင်ရောက် ခဲ့ကြောင်း လီကပြောကြားခဲ့သည်။
ဇူလိုင်လအတွင်း ကလည်း အသက် ၂၃နှစ်အရွယ်ရှိ လေယာဉ်မယ် တစ်ဦးသည်  iPhone 5ကို အားသွင်းထားစဉ် ဖုန်းဝင် လာသောကြောင့် အားသွင်းလျက် နှင့်ပင် ဖုန်းပြန်ဖြေ လိုက်ရာ ဓာတ်လိုက် သေဆုံးသွားကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ထိုကဲ့သို့ ဖြစ်ပွားခဲ့မှု နှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းရှိ iPhone အသုံးပြုသူများ အကြား တွင် ဝေဖန်ပြောဆိုမှုများ ဖြစ်ပွားလျက်ရှိပြီး အဆိုပါဖုန်းကို လူသတ်ဖုန်းဟုပင် ခေါ်ဆို နေကြကြောင်း သိရသည်။
ဆက်ဖတ်ရန်>>>

Thursday, August 15, 2013

PowerDVD Mobile v.4 apk (US 19.99) FREE DOWNLOAD

ကဲ့ computer မှာနာမည်အရမ်းကြီးနေတဲ့ POWER DVD ခု android အတွက်ပါ


တော်တော်လေးကိုကောင်းပါတယ် computer ထက်တောင်လန်းပါတယ်ဗျာ

all in one media player ဖြစ်လာပြီးMovies, Photos, Music and Video  အကုန်ကြည့်လို့ရပါတယ်ဗျာ

*For PowerDVD 13 Pro & Deluxe, PowerDVD 12 Pro & Deluxe users, please purchase PowerDVD Mobile here
Enjoying multimedia on-the-go has never been so easy. PowerDVD Mobile brings the award-winning features of CyberLink PowerDVD to Android tablets and smartphones so that you can watch movies, view photos, and listen to music in the best quality, wherever you are!
PowerDVD Mobile is the perfect companion app to the PowerDVD 13 desktop product. When you're on the move, PowerDVD Mobile lets you take your multimedia entertainment along.
Easy access from all your devices
Connect your media and your devices wirelessly with PowerDVD and PowerDVD Mobile. Access all your content, no matter on which device it is stored or on which device you play it. Take video on the go without worrying about complicated file conversions.
All-in-one Media Player for Movies, Photos, Music and Video
PowerDVD Mobile is also a powerful universal media player for enjoying all your media. Play back movies, music, photos and videos on your mobile device. Even improve your camera shots with easy one-click enhancements.
System Requirements
Android Version
- Operating System: Android 2.3 and above version, including 4.2 (Jelly Bean)
- Processor: Minimum 1GHz
- RAM: Minimum 512MB
- Supported Screen Resolutions: 800x480, 854x480, 960x540, 1024x600, 1280x800, 1920x1080, 2560x1600 (Nexus 10)
Format Support
- Format/Codec support is dependent on the capabilities of each Android device
- PowerDVD Mobile is designed for portable devices and does not support optical disc drives

အောက်ကလင့်တွင် free ရယူနိုင်ပါတယ်...





 
 
 
ထူးထူး
from yeuthar blog
ဆက်ဖတ်ရန်>>>

Android phone မှတဆင့် ကံစမ်းမဲနှိုက်လို့ရပြီ

Lucky Draw Application

ယခုအခါ ပြည်တွင်း၌ ၀န်ဆောင်မှုနှင့် အေ၇ာင်းလုပ်ငန်းများ ပိုမို ကျယ်ပြန့်စွာ ထွန်းကားလာသည်နှင့်အမျှ မိမိဆိုင် (သို့မဟုတ်) လုပ်ငန်းအား ပိုမို သိစေရန် ပိုမိုဝယ်ယူအားကောင်းစေရန်အတွက် နည်းမျိုးစုံဖြင့်စွဲဆောင်လာကြပါသည်။ ထို့ကြောင့် လက်လီရောင်းချသော ဆိုင်များ၊ ၀န်ဆောင်မှုပေးသော လုပ်ငန်းများတွင် promotion အနေဖြင့် ကံစမ်းမဲဖောက်၍ customer ကို စွဲဆောင်တတ် ကြပါသည်။ ထိုသို့ အရောင်းမြှင့်တင်ရာတွင် ကံစမ်းမဲ ဖောက်ခြင်းအတွက် လွယ်ကူ၍ ခေတ်မီသော နည်းပညာတစ်ခုအဖြစ် mobile မှ နှိပ်၍ ကံစမ်းမဲဖောက်နိုင်သော application တစ်ခုဖြစ်ပါသည်။
ယခု application သည် ၀ယ်ယူသူများ အတွက် အလွန် စွဲဆောင်နိုင်သာ ဒီဇိုင်း နှင့် အလုပ်လုပ်ပုံမှာလည်း သေသပ် တိကျလှပါတယ်။ မဲဖောက်ရာတွက် လည်း သာမန် random ၇ယူလိုက်ခြင်းမျိုးမဟုတ်ပဲ အမှန်တကယ် မဲဖောက်သောအခါ ပြုလုပ်သော အဆင့်များအတွင် မဲများအားလုံးကို အရေအတွက်အလိုက် ထည့်ခြင်း၊ မဲမွှေခြင်း၊ မဲနှိုက်ခြင်း အဆင့်ဆင့်ကို  လက်တွေ့ကျကျ ထည့်သွင်းရေးသားထားပါသည်။
မဲကို ထည့်သွင်းထိန်းချုပ်ခြင်းအနေဖြင့်လည်း user ၏လိုအပ်ချက် များကို အမှန်တကယ် ရွေးချယ်ထည့်သွင်းထားခြင်းဖြစ်ပါတယ်။
မဲများကို ထည့်သွင်းရာတွင် မဲပစ္စည်း၏ ပုံကိုလည်း camera ဖြင့်သော်လည်းကောင်း၊ gallery မှတဆင့်သော်လည်းကောင်း ရယူထည့်သွင်း နိုင်သည်။
မဲများကို ထည့်သွင်းပြီး နောက် မှားယွင်းသွားပါကလည်း ပြန်လည်ပြင်ဆင်နိုင်ပါသည်။ သို့သော် မဲနှိုက်ပြီးနောက်တွင်မှု မဲကို ပြုပြင်ပြောင်းလဲခွင့်မပေးထားပါ။ ထို့ကြောင့်လည်း မဲနှိုက်သူများအတွက် ပိုမို ယုံကြည်မှုရှိစေပါသည်။
ကံစမ်းမဲပေါက်သော အရေအတွက် ၊လက်ကျန်များကိုလည်း တစ်ခုချင်းစီ သိရှိနိုင်သလို၊ ထိုအခြေအနေများကို အထက်သို့ အကြောင်းကြားခြင်း ပြုလုပ်နိုင်ရန်အတွက် SMS မှတဆင့် ပေးပို့ခြင်း စနစ်ကို တည်ဆောက်ပေးထားပါသည်။
မဲစာရင်းကို ထည့်သွင်း တည်းဖြတ်ခြင်းကို ကြီးကြပ်သူမှအပ ကိုင်တွယ်ပြုပြင်ခြင်းမရှိစ၇န် မဲစာရင်းcenter သို့ဝင်ရောက်ရာတွင် password လိုအပ်မည်ဖြစ်ပါသည်။ ကနဦး buildin password မှ 12345 ဖြစ်ပြီး ထို password ဖြင့်ဝင်ရောက်၍ မိမိစိတ်ကြိုက် password ပေး၍ ရပါသည်။
ယခု version မှာ free version အမျိုးအစားဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ ရယူအသုံးပြုနိုင်ကြပါသည်။သို့ရာတွင် ထို version တွင် ကန့်သတ်ချက် အနည်းငယ်ရှိပါသည်။ ထိုကန့်သတ်ချက် များမှာ မဲအမျိုးအစား ၅ မျိုးအထိသာ ထည့်သွင်းနိုင်ခြင်း၊ မဲအရေတွက် တစ်ခုချင်းစီအလိုက် ၂၀ အထိသာခွင့်ပြုထားခြင်းဖြစ်ပါတယ်။ ထိုကန့်သတ်ချက်များကို ကျော်လွန်သုံးစွဲလိုပါက activate လုပ်ရန်လိုအပ်ပြီး activate လုပ်လိုပါက အောက်ပါ link ကို နှိပ်ပြီး ကျွန်ုပတို့၏ reseller  များထံမှ ၀ယ်ယူ သုံးစွဲနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
Click here for our reseller shop list
သုံးစွဲသူ newworth ချစ်သူများ ပျော်ရွင် စွာ အသုံးပြုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
file Name: Lucky-7 LuckyDraw.apk
Total size:2.52MB(App size:2.37MB+ Data size:152 KB)
Minimun version: 2.2.x(API Level-8) FROYO
Maximun version:4.2.2 (API Level-17) JELLY BEAN

Screen shots

  • you win
  • Admin menu
  • Lucky Draw
  • Welcome Screen

ဒေါင်းလုပ်ဖိုင်


Lucky-7 (Myanmar Version)
 http://www.mediafire.com/?lab3bd1fmgc5bn2
 
ဆက်ဖတ်ရန်>>>

iRoot v1.0.1 Root Tool အသစ် ပါ

iRoot က Samsung, HTC, Motorola, SONY, ZTE, Cool, Lenovo, Huawei  တွေ အပြင် မော်ဒယ် ၂၀၀၀ ကျော် ကို Root နိုင်ပါတယ် ။ MTK တို့ Spreadtrum တို့ ကို ပါ support ပေး တယ် ဆို တော့ တရုတ် ဖုန်း တွေ လဲ Root နိုင် ပါမယ် ။ Vroot ပုံစံ မျိုး ပါပဲ ။Vroot ထက် ကောင်း မကောင်း စမ်း သုံး ကြည့် ရအောင် ။

သုံး ပြီး ရင် မိမိ Root ရတဲ့ Model ကို ရေးခဲ့ ပေး ပါနော် ... တခြား မန်ဘာ တွေ အဆင်ပြေ အောင် လို့ ...
....
......
........

..........


Download Here

http://www.mediafire.com/?8oe8fcccterxy9f

ဆက်ဖတ်ရန်>>>