Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Wednesday, December 5, 2012

HTC Desire HD and HTC Inspire root လုပ်နည်း



 HTC က s-off မလုပ် ထားရင် Root လုပ် ဖို့ မလွယ် ကူ ပါ ဘူး ။ အကောင်း ဆုံး အကြံ ပေး ချင် တာ တော့ ဆိုင် မှာ လုပ် လိုက် ပါ ။ လေ့ လာ ချင် သူ တွေ အတွက် အဆင်ပြေ ဆုံးနည်းလမ်း  တော့ တင် ပေး လိုက် ပါ တယ် ။
တစ်ခုခု ဖြစ် ရင် လုပ် တဲ့ သူ ကြောင့် နော် ။ Good Luckly ........
AAHK will work on Inspires on AT&T’s latest ROM, 3.20.502.52 only after following the steps outlined here:   http://tau.shadowchild.nl/attn1/?p=88 .

Warnings:
  • If your PC environment is not ready to run this kit, there is a good chance your device will not boot properly until you fix your PC or switch to another and re-run the hack kit from the partial boot. READ THIS ENTIRE POST and READ THE EFFEN MANUAL! There is no substitute for READING for COMPREHENSION
  • Do NOT use earlier versions Ace Hack Kit (12.x and lower) on Inspire or DHD devices shipped with Gingerbread.
  • Do NOT attempt to downgrade a Inspire or DHD shipped with Gingerbread with a Froyo RUU.
  • Do NOT attempt to install earlier ENG HBOOTs on these models. AAHK now has Hboots that safely support fastboot image flashing.
  • Doing this WILL severely degrade bootloader performance on Inspires and DHDs and causes issues trying to install RUUs. In other words, it WILL jam you up. (Note: Issue confirmed on later DHDs – ignore at your own risk).
  • Sense 3, including those with RELOCKED HTC BOOTLOADERS (NOTE: NOT UNLOCKED – MUST BE LOCKED OR RELOCKED) is auto-detected in hack step. Option is given to download a GB RUU and downgrade or abort. This WILL wipe data.
#include <std_disclaimer.h>
/*
  • Your warranty is now void.
  • I am not responsible for bricked devices, dead SD cards,
  • thermonuclear war, or you getting fired because you can’t tether. Please
  • do some research if you have any concerns about features included in this
  • TOOL before running it! YOU are choosing to make these modifications, and if
  • you point the finger at me for messing up your device, I will laugh at you.
*/
(Disclaimer borrowed heavily from cyanogenmod)
Features:
  • COMPLETELY INTEGRATED/INVISIBLE GOLD CARD PROCESS
  • Custom AAHK Bootloaders support popular ENG S-OFF functions for both Sense 2 and Sense 3 partition layouts
  • Only ONE menu step – HACK ACE
  • No ROM downgrade required (only radio/kernel) for devices not running sense 3
  • The original ROM is retained (except when downgrade from Sense3-GB is required)
  • No wiping data for devices not running sense 3
  • Rom is fully functional (yes, inc wifi)
  • Fully rooted with insecure boot image (supports adb remount for rw system)
  • Busybox manager app installed
  • Radio S-Off, superCid & carrier sim unlock
  • Correct Radio is automagically restored for HSPA+ operation
  • Clockworkmod Recovery included
  • All known Inspire/DHD builds supported
  • Easy return to stock for SOME builds (See the Effen Manual – not all carrier RUUs are available)

Notes:
  • Please do NOT run the hack step if you are already S-OFF AND are running a custom ROM. It’s pointless, and while it won’t brick you, you can get jammed up a bit. This is for stock devices only.
  • You MUST read the ENTIRE EFFEN MANUAL in order to run the hack kit.
  • Do NOT try to run this from a VM – particularly VirtualBox. You WILL get jammed up and may wind up flashing an RUU to recover, losing data in the process.
  • After kernel downgrade – video is lost on boot – this is okay as adb is working and can be used to finish the process. If the process fails, it can be restarted once the PC environment is corrected. When the process completes successfully, everything is restored and fully working.
  • Youtube videos are neat demos, but they make poor guides. READ THE EFFEN MANUAL. “There is no substitute for reading for comprehension.” – GenePoole
  • Make sure you extract the hack kit to your pc maintaining the directory structure in the archive you downloaded. The docs will be in the root directory of the unarchived kit, as will the scripts. READ THE EFFEN MANUAL.
  • I can’t believe that so many people are asking where the effen manual is. THE EFFEN MANUAL IS IN THE EFFEN HACK KIT.
  • This kit should work fine on HTC Inspire and HTC Desire HD Software versions below 3.06.405.1 which require the radio/kernel downgrade before a root exploit is available.
Windows Prep:
  • IMPORTANT – disable all malware (Antivirus detection etc) detection before unarchiving the hack kit. Keep it off thoughout the hack kit processes. Many Windows malware detection programs report false positives, deleting or binding critical files required by the process.
  • IMPORTANT – Remove or disable all services and daemons you can, particulary anything Apple, blackberry, PDAnet, Microsoft Mobile, anything USB not required for this task, any resource hogs. Also disconnect all un-needed USB devices and USB HUBs.
  • Remove HTC Sync and drivers.
  • Only after completing the above steps, install the drivers contained in the Hack Kit (see the Effen Manual) BEFORE plugging in the phone.
  • Connect the phone to the computer via a USB port connected to the system board – not a front panel port or a hub or extention port.
  • Verify successful android device driver installation in device manager.
Issues during downgrade:
  • IMPORTANT: BEFORE SWITCHING FROM DISK DRIVE TO CHARGE ONLY MODE, ALWAYS EJECT THE SDCARD WITH PC SOFTWARE TO FLUSH WRITE BUFFERS AND AVOID CORRUPTING THE SDCARD.
  • model ID incorrect update fail – this is because your goldcard is not working.
  • READ THE EFFEN MANUAL. Reading is fundamental.
Download:
Note: AAHK filename uses ddmmyyyy naming convention.
aahk-11092012.zip
md5: 5727960aa167b305b8f3561ffbbb1360
ဆက်ဖတ်ရန်>>>

Tuesday, December 4, 2012

Smart Phone များတွင် အသုံးပြုသည့် အစင်းရာ၊ အခြစ်ရာ ခံနိုင်သော နည်းပညာ


Corning Gorilla Glass 2 (Smart Phone များ၏ နောက်ကွယ်မှ သူရဲကောင်း)

ကျွန်ုပ်တို့ နေ့စဉ် အသုံးပြုနေသော Mobile Phone များဟာ ခြစ်ရာ၊ စင်းရာ ခံနိုင်ရည် ရှိလာခဲ့ပါပြီ။ သာမာန် အချွန်များနဲ့ ထိခိုက်မိရင်တောင် ဘာအစင်းရာမှ မဖြစ်အောင် မာကြောလာကြပြီ ဖြစ်ပါတယ်။

အဲ့လို ထိလွယ်ရှလွယ်တဲ့ Mobile Phone တွေကို အကြမ်းခံနိုင်အောင် ထုတ်လုပ်သူတွေက နည်းလမ်းတွေရှာ ကြသလို နည်းပညာတွေ အဆင့်အတန်း မြင့်မားလာခြင်းတွေကလဲ အကြမ်းပတမ်းခံတဲ့ Device တွေ ထွက်ပေါ်လာအောင် ပံ့ပိုးကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။

Touch Screen ခေတ်ကို ရောက်လာတဲ့ အခါမှာတော့ Mobile Phone တစ်လုံးရဲ့ အဓိက အစိတ်အပိုင်းဟာ Glass Display ဖြစ်လာခဲ့ပါတယ်။ Glass မှန်နဲ့ လုပ်ထားတာ ဖြစ်တဲ့အတွက် Screen တွေဟာ အလွန်ကိုပဲ အထိအခိုက်လွယ်ပါတယ်။ သာမန် Glass တွေဆိုရင် အ၀တ်နဲ့ ပွတ်ရင်ပဲ ကြာရင် ပွန်းလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ကိုင်နေတဲ့ ဖုံးတွေဟာလဲ အလိုမျိုး သာမာန် Glass တွေသာ ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက်မှ တာရည် အသုံးခံမှာ မဟုတ်ပါဘူး။



ဒါပေမဲ့ သင်ရော သတိထားမိပါရဲ့လား၊ သင့်ရဲ့ နောက်ဆုံး ၀ယ်ယူထားတဲ့ Mobile Phone Glass ဟာ Screen Guard မကပ်မိဘဲ ထားမိရင်တောင် တော်ရုံတန်ရုံ အစင်းမထင်တော့တာ သင် သတိထားမိပါရဲ့လား။ တကယ်ပဲ Mobile Phone တွေရဲ့ Screen တွေဟာ အကြမ်းခံနိုင်လာပါပြီ။

Scratch Resist Glass တွေကို သုံးလာတဲ့အတွက် ကျွန်ုပ်တို့ရဲ့ Smart Phone တွေဟာ ထိရာ ရှရာတွေကို ခံနိုင်ရည် ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Scratch Resistance Glass တွေ ထုတ်လုပ်မှုမှာ နာမည်ကြီးတဲ့ Company ကတော့ Corning  ဖြစ်ပါတယ်။ သူဟာ နာမည်ကြီး Mobile Devices တွေရဲ့ ဖန်သားတွေကို ကာကွယ်ပေးဖို့ နည်းပညာတွေကို တစိုက်မက်မက် တီထွင်လာခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ဒိတ်ဒိတ်ကြဲ ဖုံးတွေမှာ Corning က ထုတ်တဲ့ Gorilla Glass Version 1 or 2 ကို အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

33 မျိုးသော နာမည်ကြီး Brand တွေဟာ သူတို့ရဲ့ Product တွေမှာ Gorilla Glass တွေကို အသုံးပြုထားတယ်လို့ Corning ရဲ့ တရားဝင် List မှာ ဖော်ပြထားတာတွေ့ရပါတယ်။

Gorilla Glass ဟာ ဖိအားဒါဏ်၊ အစင်းဒါဏ် တွေကို ပြိုင်ဘက် Chemical နည်းအားဖြင့် မာကြောအောင် လုပ်ထားတဲ့ ဖန်သားတွေထပ် ပိုခံနိုင်တယ်လို့ ဆိုပါတယ်။ ကွေးညွတ်မှုမှာလဲ သာလွန်ကောင်းမွန်ပြီး၊ အဆင်းရာတွေ ဖြစ်တယ်ဆိုရင်လဲ အနည်းအကျဉ်းလောက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

http://www.corninggorillaglass.com/sites/all/files/GG2%20PI%20Sheet%20Rev%20b_050912.pdf

နောက်ဆုံး တီထွင်ထားတဲ့ Gorilla 2 ကတော့ 20% ပိုမို ပါးလွာပြီး၊ ပိုအကြမ်းခံလာတယ်လို့ ဆိုပါတယ်။

Gorilla Glass တွေကို HTC, Samsung အစရှိတဲ့ Company တွေရဲ့ Product တွေမှာ သုံးပါတယ်။ သို့ပေမဲ့ ထူးခြားတာကတော့ Apple Product တွေမှာ Corning က နည်းပညာကို အသုံးပြုထားတယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုထားတာ မရှိတာကို တွေ့ရပါတယ်။ တကယ်တော့ Steve Jobs ဟာ အစင်းဒါဏ်ခံနိုင်တဲ့ Glass Display တွေကို ထုတ်လုပ်ဖို့ Corning နဲ့ ပူးပေါင်းခဲ့ကြောင်း သူရဲ့ နောက်ဆုံး ကိုယ်ရေးစာအုပ်မှာ ပါလာခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီကြောင့်ပဲ Apple Device တွေဟာ Gorilla Glass တွေ သုံးထားနိုင်ကြောင်း သုံးသပ်ပြောဆိုကြပါတယ်။ Corning မှလည်း သူ့ရဲ့ တရားဝင် အသုံးပြုသူ List မှာ Apple ကို ထည့်မထားတာ ဟာလည်း သို့လော သို့လော တွေးစရာတွေ ဖြစ်ကုန်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ Apple ရဲ့ Glass Screen တွေဟာ အထိအခိုက် လွယ်တာပဲ ဖြစ်ပါတယ်။

Gorilla Glass တွေ ဟာ Microsoft Surface မှာလဲ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Corning Official Vision on Youtube
"A Day Made of Glass 2"
http://www.youtube.com/watch?v=jZkHpNnXLB0&feature=youtu.be

ဖော်ပြပါ Video ကို ကြည့်မိတဲ့ အခါမှာတော့ Corning ရဲ့ Glass Concepts တွေဟာ Microsoft ကနေပြီး စဉ်းစားထားတဲ့ Future Vision 2020 တွေနဲ့ သွားပြီး ဆင်တူနေတာ တွေ့ရပါတယ်။

Microsoft Future Vision 2020
http://www.youtube.com/watch?v=55p3vNCF4JQ

Samsung Galaxy S3 သည်လည်း Gorilla Glass ကို အသုံးပြုထားပြီး၊ အတော်အသင့်ကို အစင်းဒါဏ် ခံနိုင်တာ တွေ့ရပါတယ်။

Galaxy S3 Scratch Test
http://www.youtube.com/watch?v=fhoF564nJ_Q
ဖော်ပြပါ Video ကလိုမျိုး မိမိရဲ့ Screen ဟာ အကြမ်းခံမခံ စမ်းသပ်ကြည့်နိုင်ပါတယ်။ Genuine Product ဖြစ်မယ်ဆိုပါက အမှန်တကယ်ပဲ ခံနိုင်ရည် ရှိမှာ ဖြစ်ပါတယ်။

စာဖတ်သူ အသုံးပြုနေတဲ့ Product ကလည်း Gorilla Glass သုံးထားခြင်း ရှိမရှိ သိလိုပါက အောက်ပါလင့်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

Gorilla Glass အသုံးပြုထားသော Product များ
http://www.corninggorillaglass.com/products-with-gorilla/full-products-list

Gorilla Glass Demo
http://bcove.me/5ywumwc9

TSJ Tech Team

http://www.corninggorillaglass.com
ဆက်ဖတ်ရန်>>>

ကိုကာကိုလာ အသုံးပြုသည့် ဆဲလ်ဖုန်း - ကိုကာကိုလာဖုန်း


ဒီဇိုင်နာ Daizi Zheng က တီထွင်ဖန်တီးထားတာ ဆိုပြီး ပြီးခဲ့တဲ့ နှစ် ဇွန်လ ကတည်းက ရေပန်းစားခဲ့တဲ့ ဖုန်းဒီဇိုင်း ဖြစ်ပါတယ်။


ဓာတ်ခဲအနေနဲ့ ကိုကာကိုလာအချိုရေကို အသုံးပြုမှာ ဖြစ်ပြီး သဘာဝစွမ်းအင် ဆုံးရှုံးမှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ထည့်လိုက်တဲ့ ကိုကာကိုလာမှာ ပါဝင်တဲ့ ကာဘွန်ဟိုက်ဒရိုက်တွေကနေ လျှပ်စစ်ဓာတ်ကို ထုတ်ယူမှာ ဖြစ်ပါတယ်။ ကိုကာကိုလာရယ်လို့မဟုတ်ပဲ သကြားဓာတ်များတဲ့ ဘယ်အချိုရည်တွေမဆို ထည့်သွင်းအသုံးပြုလို့ ရတယ်လို့ ဆိုပါတယ်။

ယင်းဖုန်းကို Nokia Green Phone လို့အမည်ပေးထားပြီး နိုကီယာကုမ္မဏီ ထုတ် ဖုန်းဖြစ်လာဖို့ Daizi Zheng ကမျော်လင့်ထားပါတယ်။ ဖုန်းက ဘက်ထရီအနေနဲ့ ကိုကာကိုလာအချိုရည်ကို အသုံးပြု ထားခြင်း ဖြစ်တဲ့အတွက် သာမန် လစ်သီယံ ဘက်ထရီအသုံးပြုတဲ့ ဖုန်းတွေထက် သုံး၊လေး ဆ ကြာရှည်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။
----
Ref:CoolestGadget.
Aung Kham (TSJ Tech Team)
ဆက်ဖတ်ရန်>>>

ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း နှင့် ကမ္ဘာ့ပထမဆုံး touch screen ပိုင်ရှင်


ပုံမှာမြင်တွေ့နေရတဲ့ ဖုန်းကတော့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ IBM Simon လို့အမည်ရပြီး ဆယ်လ်လူလာဖုန်းအမျိုးအစား ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းလို့ သတ်မှတ်ရတဲ့အကြောင်းကတော့ ကိုယ်ပိုင် မိုဘိုင်း Operating System ပါဝင်လို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ တို့ထိ မျက်နှာပြင် (touch screen) နဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ အမေရိကန် IBM မှ တီထွင်ပြီး ဂျပန် Mitsubishi အီလက်ထရစ်ကော်ပိုရေးရှင်းမှ စာချုပ်နဲ့ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ကာလကတော့ ၁၉၉၄ ခုနှစ် သြဂုတ်လ ၁၆ ရက်ကဖြစ်ပြီး စစထွက်ချင်း ခြောက်လမှာ အလုံးရေ ၅သောင်းရောင်းချခဲ့ရပါတယ်။ အဓိကကတော့ ဈေးကြီးလို့ ဖြစ် ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၉၉ တန်ဖိုးရှိပါ တယ်။ နောက်တော့ ဈေးထပ် မံလျော့ချခဲ့သေးတယ်လို့ သိရပါတယ်။

အသုံးပြုတဲ့ OS ကတော့ Datalight ROM-DOS ဖြစ်ပါတယ်။ CPU အနေနဲ့ 16MHz , 16bit ရှိပါတယ်။ third party application တွေတောင် upgrade လုပ်ပြီးရင် ထည့်နိုင်ပါတယ်။ Memory 1MB ရှိပြီး Storage ကလည်း 1MB ပဲဖြစ်ပါတယ်။ ဘက်ထရီကတော့ ၇.၅ ဗို့ရှိတဲ့ NiCad ဘက်ထရီဖြစ်ပါတယ်။

Touch Screen နည်းပညာကတော့ Stylus ဖြစ်ပြီး တို့ထိရန် ဒီဂျစ်တယ် ခဲတံ (Pen) ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ Stylus တို့ထိနည်းပညာကို ယနေ့တိုင် Nintendo DS, 3DS, Wii U လက်ကိုင်ဂိမ်းစက်၊ Windows  မိုဘိုင်းဖုန်း အချို့ တို့မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ယနေ့ iPhone, Samsung တို့မှာ အသုံးပြုတဲ့ touch screen ကျတော့ လက်ချောင်းများတဲ့ တို့ထိတဲ့ Multi-touch finger input စနစ်ဖြစ်ပြီး Capacitive styli ကိုအသုံးပြုပါတယ်။

 ဒါကြောင့် IBM Simon ရဲ့ Data Input စနစ်မှာ မိုက်ခရိုဖုန်းနဲ့ touch screen ဖြစ်သွားပြီး Key pad မပါဝင်တော့ပါဘူး။  အရွယ်အစားကတော့ အမြင့် ၈လက်မ၊ အကျယ် ၂.၅ လက်မ၊ အထူ ၁.၅လက်မ ဖြစ်ပြီး ၅၁၀ ဂရမ်လေးပါတယ်။ အီးမေးလ်၊ Fax , Pager များ ပို့လိုရမယ်၊လက်ခံလို့ရ မယ့် အစရှိသဖြင့် သူ့ခေတ်သူ့ခါမှာတော့ ထူးခြားတဲ့ ဖက်ရှင်တို့ပါဝင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းနဲ့ touch screen နည်းပညာသုံးဖုန်း ဟာ IBM Simon လို့ အားလုံးလက်ခံထားကြပါတယ်။
---
Ref:Wikipedia
Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>

ဂရေဟမ်ဘဲလ် မိသားစုနဲ့ ဖုန်းပြောခွင့် မရသည့် အကြောင်းအရင်း



တယ်လီဖုန်းတီထွင်သော ဂရေဟမ်ဘဲလ် (March 3, 1847 – August 2, 1922) ကိုတော့ လူတိုင်း သိပေမယ့် လူတိုင်း မသိတဲ့အချက်တစ်ခု ရှိနေ ပါတယ်။

ဒါကတော့ တယ်လီဖုန်းသာ တီထွင်ခဲ့ပါတယ်။ သူ့ဇနီး၊ သမီးတို့နဲ့ ဖုန်းတစ်ခါမှ ပြောဖို့ အခွင့်အရေးမရခဲ့ ပါဘူး။ သားနှစ်ဦးကတော့ မွေးဖွားပြီး မကြာခင်မှာ သေဆုံးခဲ့ပါတယ်။

မိသားစုနဲ့ဖုန်းပြောခွင့် မရတဲ့အကြောင်းကတော့ ဇနီးနဲ့သမီးတို့ဟာ နားမကြား သူများ ဖြစ်နေကြလို့ပဲဖြစ် ပါတယ်။ သူကိုယ်တိုင်ကလည်း တီထွင်သူတစ်ဦး အနေနဲ့မကပဲ နားမကြားလူငယ်များကို သင်ကြားပြသပေးတဲ့ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ဂရေဟမ်ဘဲလ်အကြောင်း အသေးစိတ်ဖတ်ရှုရန် -http://en.wikipedia.org/wiki/Alexander_Graham_Bell

Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>

RIM မှထွက်ရှိမည့် အဆင့်မြင့် Blackberry ဖုန်းသစ်



၂၀၁၂ ခုနှစ်မှာ ထွက်ရှိမယ်လို့တောင် သတင်းထွက်လိုက်ပါသေးတယ်။ သို့ပေမယ့် အမှန်တကယ် မထွက်ရှိခဲ့ပါဘူး။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း တူမတူ အောင် ထူးခြားတဲ့ ဒီဇိုင်းနဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။  Blackberry Empathy လို့ အမည်ပေးထားပါတယ်။

Blackberry ကနေ မော်ဒယ်သစ် အနေနဲ့ ထွက်ရှိလာမယ့် concept ဖြစ်ပါ တယ်။ ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းက Blackberry သုတေသနနဲ့ ဒီဇိုင်းဌာနက ထုတ်ဖော်ပြသခဲ့တဲ့ animation ဖြစ်ပါတယ်။ ဒီဇိုင်နာ ကတော့ အမေရိကန် RIM ရဲ့  Kiki Tang နဲ့ Daniel Yoon တို့ ဖြစ်ပါတယ်။ အမေရိကန်ရောက် အာရှဒီဇိုင်နာများ ဖြစ်ပါတယ်။

OS

Blackberry ရဲ့  အသုံးပြုနေကျ Blackberry OS ဆိုပေမယ့် Social Network ကိုအခြေခံတယ်လို့ ဆိုပါတယ်။ Friend list, contact list ခွဲတာက အစ စက်ဝိုင်းပုံသဏ္ဍန် Optimize လုပ်ထားတဲ့အတွက် Google plus သုံးရတယ် အလားတောင် ထင်ချင်စရာ ရှိပါတယ်။

Display

ဟိုဘက် ဒီဘက် ထိုးဖောက်မြင်ရမယ့် မျက်နှာပြင်လို့ ဆိုပါတယ်။ အသုံးပြု မယ့် သတ္တုကိုတော့ Blackberry တို့လျှို့ ဝှက်ထားပါတယ်။ သေချာ တာကတော့ အလွာသုံးလွှာပေါင်းထားတယ် ဆိုပါတယ်။ OLED Display အမျိုးအစား ဖြစ်ပြီး ထူးခြားချက် တစ်ခုက ကျောဘက်ရော၊ ရှေ့ ရော နှစ်ဘက်လုံး အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ ကျောမှာက touch screen ဖြစ်ပြီး ရှေ့ ကတော့ ထုံးစံအတိုင်း keyboard ဖုန်း ဖြစ်ပါတယ်။

External Feature

emotional ring လို့ခေါ်တဲ့ စိတ်ထိန်းလက်စွပ် ပါရှိပါတယ်။ လက်မှာ စွပ်ထားပြီး ရင် စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာက အစ ဥပမာ- စိတ်ဓာတ် ကျနေတယ်။ ပျော်ရွှင်နေတယ် အစရှိသဖြင့် တိုင်းတာ ဝေဖန်ပေးမှာ ဖြစ် ပါတယ်။ သွေး ဖိအား၊ စေးပျစ်မှုတို့ပေါ် အခြေခံ ပြီး အလုပ်လုပ်မယ့် ကျန်းမာရေး စက်ကိရိယာ ဖြစ်ပါတယ်။ ကျန်းမာရေး ကောင်း မကောင်း စောင့်ကြည့်ပေးနေပြီး ဘာလုပ်သင့်တယ် ဆိုတာက အစ လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။

အရွယ်အစားကလည်း လက်ရှိ ထုတ်နေတဲ့ Blackberry တိုနဲ့ သိပ်ကွာခြားမှု မရှိပါဘူး။ ဒီဇိုင်းကတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ထူးထူးခြားခြား လှပ နေ မှာ ဖြစ်ပါတယ်။

ယခုလည်း နောက်ထပ် Rumor တစ်ခု ထွက်ရှိနေပါပြီ။ ၂၀၁၃ ခုနှစ်မှာ ဈေးကွက် ရောက်ရှိလာမယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ လက်ရှိမှာ Blackberry ဟာ Android နဲ့ iOS ကိုလုံးဝ မယှဉ်နိုင်သေးတဲ့ စမတ်ဖုန်း Brand တစ်ခု ဖြစ်ပါတယ်။ ဒီတော့ ပုံမှာဖော်ပြထားတဲ့ Blackberry Empathy သာ ဈေးကွက် တကယ်ရောက်ရှိလာရင် RIM တို့ မျော်လင့်ချက် ရှိကြောင်း ခန့်မှန်း ထားတယ်လို့ သိရပါတယ်။

Animation ဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

http://www.youtube.com/watch?feature=player_embedded&v=3XI687YFvNk#!
---
Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>

၁၅ လုံးသာ ထုတ်သော ရွှေဖြင့်လုပ်သည့် Sony Xperia P



Sony Xperia P ကို ၂၀၁၂ ခုနှစ် ဇွန်လက စတင်ဖြန့်ချိပြီး ကမ္ဘာ့ရောင်း အား ကောင်းဖုန်းစာရင်းထဲ ပါဝင်ခဲ့ပါတယ်။ ဈေးနှုန်း အားဖြင့် မြန်မာပြည် မှာ မြန်မာကျပ်ငွေ ၂သိန်းခွဲနီးပါး လက်ရှိ ပေါက်ဈေးရှိနေတဲ့ ဖုန်း ဖြစ်ပါ တယ်။ သို့ပေမယ့် ပုံမှာ ဖော်ပြထားတဲ့ ရွှေဗားရှင်း Xperia P ကတောင် သိန်းပေါင်း ထောင်ချီ ပေါက်ဈေးရှိမှာ ဖြစ်ပါတယ်။

Sony မှ Limited Edition အနေနဲ့ ၁၅ လုံးသား ထုတ်လုပ်ပြီး 24K gold Sony Xperia P  လို့အမည်ပေးထားပါတယ်။ 24K အဆင့် သန့်စင်ထား တဲ့ ရွှေနဲ့ အလွှာထပ်ပေးထားတဲ့ ဖုန်း ဖြစ်ပါတယ်။ ၄ လက်မ Display သာချိန်လို့ ကျန်တဲ့အစိတ်အပိုင်းတော်တော်များများကို ရွှေနဲ့ ဖုံးပေးထား မှာ ဖြစ်ပါတယ်။

Android 2.3 မဟုတ်တော့ပဲ Ice Cream Sandwich နဲ့ ထွက်ရှိမှာ ဖြစ် ပါတယ်။

Dimensions     : 122 x 59.5 x 10.5 mm
Operating system : Ice Cream Sandwich

CPU                       : 1 GHz dual core STE NovaThor U8500
GPU                       : Mali 400

Memory                : 1GB
Storage                : 16GB (13GB Available)

Removable storage :    Not available
Battery                : 1305mAH

Data inputs       : Touch, Accelerometer
Display                : 4 inch qHD (960x540 pixels) (275 ppi)

Rear camera      : 8 MP, Auto-focus, LED flash, 3D Sweep Panorama, face and smile detection and geo-tagging, FullHD 1080p video recording at 30 FPS

Front camera       : VGA
Connectivity      : Bluetooth 2.1+EDR and A2DP, wifi-802.11 b/g/n, usb 2.0, NFC(near field communication)

ရွှေနဲ့ ကာဗာဖုံးလိုက်တာက လွဲလို့ ကျန်တာ ဘာမှ မပြောင်းလဲပါဘူး။ အလေးချိန် ကတော့ ပိုပေါ့သွားမှာ ဖြစ်ပါတယ်။ GSM ဖုန်းပဲ ဖြစ်ပါ တယ်။ ဒီတော့ Sony ခရေဇီ သူဌေများ အပြိုင်အဆိုင် လုဝယ်မယ့် ဖုန်းလည်း ဖ်ြစပါတယ်။  ဈေးနှုန်းကို ကြေညာထားခြင်း မရှိသေးပဲ မကြာမီ ကာလအတွင်း ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။
---
Ref: SonyMobile
ဆက်ဖတ်ရန်>>>

ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး



ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Specific Absorption Rate (SAR) သတ်မှတ်ပါတယ်။ ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း ဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။ ဥပမာ -  1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။ ၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။


၁၀။ Motorola W385

ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။ အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။ တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။ ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ်  Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ ၁.၅၄ ဝပ် အထိ ရှိပါတယ်။

၉။ HTC Magic

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC  ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။ Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။


၈။ Motorola i335

၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။ လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။

၇။ Blackberry Bold

ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။ Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။ သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။ ၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၆။ Motorola Boost

Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။ ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။

၅။ Kyocera Jax S1300

ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300  ကိုတော့ လူသိနည်းပါတယ်။ လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။ ၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။

၎။ Sony Ericsson Xperia X10 Mini Pro

၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။ Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။

၃။ Sony Ericsson Satio

Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။ GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။

၂။ Motorola Droid 2 Global

သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။ Droid 2 လို့လည်း လူသိများပါတယ်။ user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့် အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။


၁။ Motorola Bravo

Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။ Android ဖုန်းပဲ ဖြစ်ပါတယ်။ Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိကား အားနည်းချက်ကြီးကတော့ ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။


ဒီမှာ မဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။ အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။
--

cardit to TechSpace
ဆက်ဖတ်ရန်>>>

Samsung Galaxy S3 က ကမ္ဘာ့အကြမ်းခံဖုန်းတစ်လုံး ဖြစ်ကြောင်း သက်သေပြသွား



Samsung Galax S3 ကို iPhone 5 နဲ့ ယှဉ်ပြီး အကြမ်းခံမှုမှာ လိုက်မမှီဘူး လို့ ဝိုင်းဝန်းပြောဆိုခဲ့ကြပါတယ်။ ယခုတော့ ယင်းပြောဆိုချက်ကို ပယ်ဖျက် လို့ Samsung တို့ သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။

အပြင်းဆုံး အကြမ်းခံ စမ်းသပ်မှုလို့ခေါ်တဲ့ (Extreme Test) ကို Samsung Galaxy S3 နဲ့ လုပ်ပြသွားပါတယ်။ ပလပ်စတစ် ကိုယ်ထည်နဲ့ ပြုလုပ်ထားပေ မ့ယ် ဘယ်လောက်ထိ အကြမ်းခံတယ်ဆိုတာကို ဗီဒီယိုထဲမှာ မြင်တွေ့ရ မှာ ဖြစ်ပါတယ်။

သာမန် ၁၀၀ ဂရမ်လောက် လူလက်နဲ့ ဖိတဲ့ Buttom ကို ၁၀၀၀ ဂရမ် Pressure နဲ့ အကြိမ် ၂ထောင် ဖိပြပါတယ်။ ပြောင်းဖူးကြိတ်စက်တည်း ထည့်ပြပါတယ်။ ရေစက်ကြောင်း သန်းနဲ့ချီပြီး Screen ပေါ်ကျစေပါတယ်။ မိုးပေါက်များအောက် ထားပြပါတယ်။ Connection ဘယ်လောက်ခံတယ် ဆိုတာကို ပြသပါတယ်။ ဘယ်လောက် ကွေးဆန့်နိုင်မှု ဒဏ်အား ခံနိုင်တယ် ဆိုတာကို ပြသပါတယ်။ ဖိအား ဘယ်လောက်ပေးပေ မယ့် ကွေးမသွားပဲ သူ့နဂိုအတိုင်း ရှိတယ်ဆိုတာကို ပြသပါတယ်။ အပေါ်ကနေ ပစ်ချပြပါတယ်။ Samsung Galaxy S3 တစ်လုံးတည်းနဲ့တင် မဟုတ်ပဲ အလုံးပေါင်းများစွာနဲ့ သက်သေပြထားတဲ့ Samsung ရဲ့  ဗီဒီယို ကို အံ့သြသွားကြပါတယ်။

ဒါကြောင့် iPhone 5 ကိုကျော်လွန်ပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအဖြစ် စံချိန် တင်နိုင်ခဲ့ခြင်းဟာ အကြောင်းမဲ့ မဟုတ်ဘူး ဆိုတာကို အောက်ပါ ဗီဒီယိုနဲ့ သက်သေပြသွားခဲ့ကြောင်း သိရပါတယ်။
 

 

cardit to techspace
ဆက်ဖတ်ရန်>>>

ပိုက်ဆံပေးရတဲ့ Apk တွေ Free ရတဲ့ Black Market For Android

Black market က ပိုက်ဆံပေးရတဲ့apk တွေကို အလကား ဒေါင်းနိုင်ပါတယ် ။

ရလာတဲ့ ဖိုင် ကို ဖြည် လိုက် ပါ ။ apk ထွက်လာပါမယ် ။ 

ဆက်ဖတ်ရန်>>>