Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Sunday, September 22, 2013

iOS 7 နှင့် အဆင်ပြေစွာ နေထိုင်နည်း


iOS 7 ကို Jailbreak လုပ်လို့မရသေးတဲ့ အတွက် အဓိက အနေနဲ့ မြန်မာစာကို ရေးလို့ ဖတ်လို့ မရသေးတဲ့ အခက်အခဲ ရှိနေပါတယ်။ ဒါ့အပြင် သုံးနေကျ cracked App တွေကိုလည်း စွန့်လွှတ်လိုက်ကြရတဲ့ အတွက် Jailbreaker တော်တော်များများက iOS 7 ကို သုံးချင်ကြသော်လည်း update လုပ်ဖို့ကို ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် ဒါဟာ အရမ်းကြီး ဒွိဟဖြစ်ရမယ့် ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး Jailbreak မရသေးခင် အထိ iOS 7 ကို App အချို့နဲ့ အကောင်းဆုံး အသုံးပြုနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။

ပထမဦးစွာ မြန်မာစာ အတွက်ဆိုရင်တော့ "Mogok Browser" "iMyanmar Pad" "Myanmar Browser Lite" "LikeBook" "MM News" "Sar" တို့ကို အသုံးပြုနိုင်ပါတယ်။

"Mogok" ကတော့ Free ရရှိနိုင်ပြီး စာရေးနိုင် ဖတ်နိုင်ပါတယ် Pro version ဆိုရင်တော့ ကြေငြာ banner တွေ အနှောက်ယှက်က ကင်းပါလိမ့်မယ်။ ဒါပေမယ့် "Mogok" မှာ မြန်မာစာရေးနေရင်းနဲ့ App က ပိတ်သွားတဲ့ ပြဿနာ ရှိနေပါတယ်။ သိပ်တော့ အဆင်မပြေလှပါ။

"iMyanmar Pad" နှင့် "Myanmar Browser Lite" ကတော့ မြန်မာစာ ဖတ်ရုံသာ ဖတ်နိုင်ပါလိမ့်မယ် Free version ဖြစ်ပါတယ်။

"MM News" မှာတော့ Hot ဖြစ်တဲ့ website, blog တွေကို RSS feed အနေနှင့် စုစည်းပေးထားပြီး မြန်မာလို ကောင်းစွာ ဖတ်ရှုနိုင်ပါတယ်။ (ကျွန်တော်ရဲ့ Blog ကိုလည်း အဲဒီထဲမှာ ဖတ်ရှုနိုင်ပါလိမ့်မယ်)။

"LikeBook" ကတော့ Facebook ကို မြန်မာလိုသုံးပြီး ရေးနိုင်ဖတ်နိုင်ဖို့ အထူးပြုလုပ်ထားတာ ဖြစ်ပြီး $2.99 နဲ့ Paid App ဖြစ်ပါတယ်။ "Mogok" App ရေးတဲ့ Mobidom က ထုတ်ထားတာဖြစ်ပြီး Facebook မှာ Post, comment တွေ ရေးရာမှာ "Mogok" ထက် ပိုမိုအဆင်ပြေတာကို တွေ့ရပါတယ်။ လောလောဆယ်တော့ ကျွန်တော် အကြိုက်တွေ့နေပါတယ်။
သို့သော်လည်း Myanmar keyboard မှာ "Enter" နှိပ်တဲ့ အခါမှာတော့ App ပိတ်သွားတတ်ပါတယ်။ ဒီတော့ Enter နှိပ်စရာရှိရင် English keyboard ပြောင်းသုံးရင်တော့ အဆင်ပြေပါတယ်။ အခြား ပြဿနာတော့ မတွေ့ရသေးပါဘူး။

"Sar" App ကတော့ မြန်မာလို note တွေ ရေးတဲ့ သူတွေအတွက် အလွန်အဆင်ပြေတဲ့ App တစ်ခု ဖြစ်ပြီး ကျွန်တော် ကိုယ်တိုင် အလုပ်ထဲမှာ လမ်းမှာ Blog အတွက် ရေးစရာရှိရင် အမြဲသုံးရတဲ့ App တစ်ခုပါ။
Device, iCloud နှစ်မျိုးလုံးမှာ Save လုပ်နိုင်ပြီး Share, Air print feature တို့ပါဝင်ပါတယ်။ $1.99 နဲ့ရောင်းချတဲ့ "Paid App" ဖြစ်ပါတယ်။

အခြား ကျွန်တော် နှစ်သက်တဲ့ Myanmar App တွေကတော့

အဘိဓါန် အနေနဲ့ iAbidan, Ornagai, ShweYoe
Online Radio အနေနဲ့ 7OnlineRadio, SNC Online Radio (CityFM), MYMC Radio, Dhamma Radio
စာစောင် အနေနဲ့ voice Weekly, HotNews Journal, 7Day News Journal တို့ ဖြစ်ပါတယ်။

ဒါတွေကတော့ မြန်မာစာ ကိစ္စကို ယာယီဖြေရှင်းပေးနိုင်မယ့် App တွေပဲ ဖြစ်ပါတယ်။

********************************

Cracked App တွေကို သွင်းမရတော့လို့ စိတ်ညစ်သွားတဲ့ မိတ်ဆွေများကို လုံးဝ စိတ်မညစ်ဖို့ ပြောပါရစေ.. Jailbreak မလုပ်ထားတဲ့ iDevice တွေမှာ Cracked App တွေကို ဆက်ပြီးသုံးလို့ ရအောင် ဒီလို လုပ်လို့ရပါသေးတယ်..

ပထမ လုပ်ငန်းစဉ်

**Downloads**
>> iFile
>> Tongbu for iPhone
>> Tongbu for iPad


အဆင့် ၁)
ပထမဦးစွာ "iFile" ကို PC မှာ install လုပ်ပြီး Run ပါ။

အဆင့် ၂)
iDevice ကို PC နှင့် ချိပ်ဆက်ပါ၊ iTunes တက်လာပါက ပိတ်ပစ်ပါ။

အဆင့် ၃)
iFunBox ၏ "iFunBox Classic" tab သို့သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမည်။


ထို့နောက် "Install App" button ကို နှိပ်ပြီး အထက်တွင် download လုပ်ခဲ့သော "Tongbu" file ကို ရွေးပေးလိုက်ပါ။

အဆင့် ၄)
Install လုပ်ပြီးပါက သင်၏ iDevice တွင် "Tongbu" icon လေးကို တွေ့ရပါမည်။ Update လုပ်ခိုင်းပါက update လုပ်ပါ။



အဆင့် ၅)
"Tongbu" App တွင် မိမိလိုချင်သော App ကို "Search" မှာ ရိုက်၍ ရှာယူနိုင်ပြီး "Manage" တွင် Download status တို့ကို တွေ့မြင်နိုင်ပါမည်။

အဆင့် ၆)
Download လုပ်ပြီးသား App ကို Install လုပ်ပြီးသော အခါ App ကို ဖွင့်လိုက်တဲ့ အချိန်မှာ Apple ID နှင့် password ကို တောင်းပါလိမ့်မည်။


App ကို ပြန်ပိတ်လိုက်ပြီး (ဒုတိယ လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပါ)

***************************

ဒုတိယ လုပ်ငန်းစဉ်

**Download**
>> iClover for (Windows / Mac)

အဆင့် ၁)
"iClover" ကို PC မှာ Install လုပ်ပြီး။ Run ပါ။

အဆင့် ၂)
iDevice ကို PC နှင့် ချိပ်ဆက်ပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမည်။


အဆင့် ၃)
"Genuine App" button ကို နှိပ်ပါ။ အောက်ပါပုံအတိုင်း "Start" ကို နှိပ်ပါ။


အဆင့် ၄)
"Complete" နှိပ်ပါ။ App Genuine လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးပါပြီ။


ခုနက Apple ID တောင်းနေသော App ကို ပြန်ဖွင့်ပါ။ ဘာမှ မလိုတော့ပဲ App ကို အသုံးပြုနိုင်ပါပြီ..

ယခုလို App Genuine ဖြစ်သွားပြီဆိုရင်တော့ နောက်ထပ် မည်သည့် App ကို မဆို Install လုပ်ပြီးတာနှင့် တိုက်ရိုက်ချောမွေ့စွာ အသုံးပြုနိုင်သွားပါပြီ..

အခုဆိုရင် iOS 7 မှာ Jailbreak မရသေးသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အဆင်ပြေပြေ iDevice ကို သုံးနိုင်သွားပါပြီ။
နည်းပညာ တင်ပြသူအဖြစ် မိမိသိရှိထားသည်ကို ပြန်လည် မျှဝေရပါတယ်။ သို့သော် ဤနေရာတွင် အထူးမေတ္တာရပ်ခံလိုသည်မှာ တတ်နိုင်သလောက် App များကို ဝယ်ယူ သုံးစွဲကြပါလို့ တိုက်တွန်းလိုက်ပါရစေ။





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား
ဆက်ဖတ်ရန်>>>

Wednesday, September 18, 2013

Sony Ericsson Bootloader Unlocker Tool လေးပါ

Sony Ericsson Bootloader Unlocker Tool လေးပါ

Fastboot ခေါ်ပြီး ကြိုးထိုး ရမှာ မလို့ အောက်က ဖုန်းမော်ဒယ် အလိုက် Fastboot ၀င်တဲ့ Key တွေ ပါ ။ ဖုန်းပိတ် ၊ဓာတ်ခဲ ထုတ် ပြန်ထည့် ပြီး အောက် က သက်ဆိုင် ရာ Key ဖိ ပြီး ကြိုးပဲ ထိုးပေးလိုက်ပါ ။
ပြီး ရင် http://unlockbootloader.sonymobile.com/ ကရလာတဲ့ key ထည့် ပြီး Unlock လုပ်ပေးလိုက်ပါ ။

Sony Ericsson Xperia™ PLAY: Search button
Sony Ericsson Xperia™ arc: Menu button
Sony Ericsson Xperia™ arc S: Menu button
Sony Ericsson Xperia™ neo: Menu button
Sony Ericsson Xperia™ neo V: Menu button
Sony Ericsson Xperia™ pro: Menu button
Sony Ericsson Xperia™ mini: Volume up button
Sony Ericsson Xperia™ mini pro: Volume up button
Sony Ericsson Xperia™ ray: Volume up button
Sony Ericsson Xperia™ active: Volume up button
Sony Ericsson Live with Walkman™
Sony Xperia™ S: Volume up button
Sony Xperia™ P: Volume up button
Sony Xperia™ go: Volume up button
Sony Xperia™ U: Volume up button
Sony Xperia™ sola: Volume up button
Sony Xperia™ acro S: Volume up button
Sony Xperia™ ion: Volume up button
Sony Xperia™ miro: Volume up button
Sony Xperia™ tipo: Volume up button
Sony Xperia™ tipo dual: Volume up button
Sony Xperia™ V: Volume up button
Sony Xperia™ J: Volume up button
Sony Xperia™ T: Volume up button
Sony Xperia™ TX: Volume up button
Sony Xperia™ E: Volume up
Sony Xperia™ E dual: Volume up
Sony Xperia™ ZL: Volume up
Sony Xperia™ Z: Volume up
Sony Xperia™ L: Volume up
Sony Xperia™ SP: Volume up

Download Here
http://www.mediafire.com/?v8s3cfx9oodpczq

www.MobileHouse.co.nr
https://www.facebook.com/MobileHouseServiceCentre
 
ဆက်ဖတ်ရန်>>>

Tuesday, September 17, 2013

Samsung ၊ Iphone ၊ Sony ၊ HTC ဖုန်း ကို အစစ် လား အတုလား စစ်ဆေး နည်း

Samsung ၊ Iphone ၊ Sony ၊ HTC ဖုန်း ကို အစစ် လား အတုလား စစ်ဆေး နည်း

ခု နောက် ပိုင်း Samsung ၊ Iphone ၊ Sony ၊ HTC တဲ့ နာမည် ကြီး Brand တွေ ကို ပုံစံ တူ ခိုးပြီး ရောင်း တာ တွေ များလာ ပါတယ် ။

အဲ့ အတွက် ပုံမှန် ဆိုင် တွေ က တော့ အတု(clone ) ဟု ပြော ရောင်း သလို ရော ချ တဲ့ ဆိုင် တွေ လဲ ရှိ ပါတယ် ။အဲ့ အတွက် စစ်ဆေး နည်း ကို ဗဟု သု တအနေ နဲ့ ပြော ပြ ချင်ပါတယ် ။
ဖတ်ပြီး ရင် တခြား သူငယ်ချင်း တွေ လဲ သိရအောင် Share ပေး ကြပါ ။


အရင် တုန်း က ပုံစံ တူ တွေ ထုတ် ပေ မယ့် Java ဖြစ် တဲ့ အတွက် ခွဲ ခြား ရလွယ် သလို ပုံစုံ မှာ လဲ ကွာခြား မူ ရှိ ပါတယ် ။ ခု နောက် ပိုင်း တွင် Clone Android တွေ ထွက် လာတော့ Brand က လဲ Android ဆို တော့ အတွင်း ပိုင်း ကို ခွဲ ခြား မရ အောင်တူ လာပါတယ် ။အပြင် ပိုင်း အရလဲ တော်တော် လေး တူလာပါတယ် ။ ပုံ မှန် ဖုန်း Service သမား အနေ နဲ့ သိ နိုင်သော် လဲ အပြင် လူ အနေ နဲ့ သို့ လော သို့ လော ဖြစ် စေ ပါတယ်။

အဓိက ကတော့ နိုင်ငံ ခြား မှာ ရောက်နေ တဲ့ မြန်မာ တွေ အတွက်ပါ ။အဲ့ မှာ ဆိုင် တွေ က ဘယ် နှစ် နှစ် အာမခံ ၊ ဗီယက် နမ် ထုတ် အစစ် စ သဖြင့် လိမ် ရောင်း တာ ကို လက်တွေ့ ခံ ရတဲ့ သူတွေ ကို လဲ တွေ့ ဖူးပါတယ် ။

ခုစစ်ဆေး နည်း ၃ နည်းပြော ပြ ပါမယ် ..

၁။ အမြင် အား ဖြင့် ဆုံး ဖြတ်ခြင်း

ကျန်တာ တွေ ဘယ်လောက်တူတူ ရုပ်ထွက် က တော့ အရောင် က ပုံမှန် ထက် လျော့ ပါတယ် ။

၂။ ကုဒ် နံပတ် များ သုံး စစ်ဆေး ခြင်း

Samsung တွင်သာ
*#1234#
*#0*#
*#1111#

၃။ IMEI ဖြင့် စစ် ဆေးခြင်း ( All Brand )

*#06# ကို နိုပ်ပြီး ဖြစ် စေ ၊ နောက်ဖက် ကျော ဘက် ဓာတ်ခဲ ဖယ်လိုက် ရင် လဲ ကပ် ထား တဲ့ စာထဲ မှာ IMEI ရှိပါတယ် ။

15 လုံးရှိပါတယ် ။အဲ့ နံပတ် ကို မှတ် ပြီး

Android ဖုန်း မှာ စစ်ဆေး နိုင်ရန် IMEI check by MH Application ကို အသုံးပြု ပြီး ဖြစ်စေ

အောက်က လင့် တွင် ကွန်ပြူတာနှင့် ဖြစ် စေ စစ်ဆေး နိုင်ပါတယ် ။

Enter IMEI number below အောက် က အကွက် ထဲ တွင် မိမိ ဖုန်း ရဲ့ IMEI နံပတ် ကို ရိုက် ထည့် ပြီး analyse ကို နိုပ် လိုက်ပါ ။

IMEI check by MH For Android

http://www.mediafire.com/?hd7ktoj1vbl7m24

Link For PC

http://www.numberingplans.com/?page=analysis&sub=imeinr
ဆက်ဖတ်ရန်>>>

Download ဆွဲရာတွင် Resumeလင့်ရအောင်လုပ်နည်းလေးပါ

Download ဆွဲရာတွင် Resumeလင့်ရအောင်လုပ်နည်းလေးပါ

အဓိက က တော့ Firmware နဲ့ ဂိမ်းကြီးကြီး ဒေါင်း ချင်တဲ့ သူတွေ အတွက် အသုံး ၀င်မှာပါ ။

ခုအာက်ကကျွန်တော်ပေးတဲ့ Link လေး မှာ Sign Up လုတ်လိုက်ပါ


http://trunkize.com/


Download ဆွဲရာတွင် Resumeလင့်ရအောင်လုပ်နည်းလေးပါ ရတဲ့လင့်များကတော့



hotfile.com

Extabit.com

Rapidshare.com

netload.in

uploaded.net

တို့ပါ

ညာဘတ် အပေါ် ဆုံးနားမှာရှိတဲ့ Sign Up ကိုနှိပ်လိုက်ရင်

နောက် PAge တခုမှာ Connect with Facebook ဆို တဲ့ BOX လေးတွေပါလိမ့်မယ်

အဲ့ဒီအချိန်မှာကိုရဲ့ Facebook accont လေးကို ဖွင့်ထားရင်ပိုကောင်းပါတယ်



Connect to Facebook ကိုနှိပ်လိုက်ပါ။ပီးရင် facebook ထဲရောက်သွားပြီးတာ့ Goto App စိုတဲ့ Box လေးကို ထပ် နှိပ်လိုက်ပါ

Fiile Link ထဲ့လို့ရတဲ့ Page တခု ပေါ်လာပါလိပ်မယ် အဲ့ဒီမှာ Download လုတ်ချင်တဲ့ File Link ကို Copy/Paste လုပ်ပြီးထည့်လိုက်ရင် အောက်မှာ Add File ဆိုတာတွေပါလိပ်မယ်

အဲ့ဒါလေးကိုနှိတ်လိုက်ပါ။ Download လုပ်လို့ရမဲ့ Link ကို ပြန်ပေးပါလိတ်မယ် စဆွဲလို့ရပါပြီ။

Resume ရပါတယ် Free Stroage 2GB ထိ ရပါ တယ် Support ပေးတဲ့ link တွေကတော့



hotfile.com

Extabit.com

Rapidshare.com

netload.in

uploaded.net

တို့ပါ

အဲ့ဒီမှာကိုတင်လိုက်တဲ့ Link ကိုသူများ ကို ပြန်ပြီး Share လို့ သူများက လာဆွဲရင် တခါကို 120 MB Quota ထက်ပေးပါတယ် ( Example 2Gb + 120 MB) စမ်းကြည့်ကျပေါ့ဗျာ ။


Download Helper Group မှ ကူးယူဖော်ပြပါသည်။

ပင် လည် ဘူး သား (myokowin)
ဆက်ဖတ်ရန်>>>

18 ပြည့် ပြီး ယောကျား လေး များ သာ

18 ပြည့် ပြီး ယောကျား လေး များ သာ ဒေါင်း ပါ ။
၁၈ နှစ် မပြည့် ပဲ မဒေါင်း ရ ၊မိန်းက လေး များ မဒေါင်း ရ ။

http://www.solidfiles.com/d/d0442bde59/

androidlulin blog မှ မ လာ တာ ပါ ။
ဆက်ဖတ်ရန်>>>

ဖုန်းကနေ wifi hotspot လွှင့်ပြီး ကွန်ပျူတာနဲ့ အင်တာနက်သုံးတဲ့အခါ connection ကျသွားတတ်တဲ့ ပြဿနာကို ဖြေရှင်းနည်း

*** ဖုန်းကနေ wifi hotspot လွှင့်ပြီး ကွန်ပျူတာနဲ့ အင်တာနက်သုံးတဲ့အခါ connection ကျသွားတတ်တဲ့ ပြဿနာကို ဖြေရှင်းနည်း ***

ဖုန်းကနေ အင်တာနက်ကို wifi hotspot လွှင့်ကာ ကွန်ပျူတာနဲ့ချိတ်သုံးတဲ့ သူတွေအတွက် ဖြစ်တတ်တဲ့ ပြဿနာလေးတစ်ခု ရှိပါတယ်။ ကွန်ပျူတာနဲ့ချိတ်သုံးနေရင်း လိုင်း ခဏခဏ ကျသွားတဲ့ ပြဿနာပါ။ အထူးသဖြင့် download ဆွဲတဲ့အခါ လိုင်းကျသွားတတ်ပါတယ်။ ဖုန်းအင်တာနက်ကို ပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်ရင် လိုင်းပြန်တက်ပါတယ်။
ဒါကြောင့် လိုင်းကျသွားရင် data ကို on / off ခဏခဏ လုပ်ပြီး အသုံးပြုနေရတဲ့ ဘော်ဒါများရှိခဲ့ရင် ဒီနည်းလေး စမ်းကြည့်စေချင်ပါတယ်။

Samsung , Sony .. နောင်ပိုင်းထွက် မော်ဒယ်မြင့်ဖုန်းတွေနဲ့ ချိတ်သုံးတဲ့အခါ ဖြစ်တတ်ပါတယ်။ Android 4.0 နှင့်အထက် ဖုန်းတွေမှာ အဖြစ်များပါတယ်။ ဒီပြဿနာက ဘာလို့ဖြစ်ရတာလဲဆိုရင်
wifi hotspot ကို timer ပေးထားလို့ဖြစ်တယ်လို့ယူဆရပါတယ်။ ဒါကြောင့် wifi hotspot ကို timer ပေးထားတာကို ဖျက်လိုက်ရင် ပုံမှန်တိုင်း သုံးနိုင်တာကိုတွေ့ရပါတယ်။ ဒီနည်းလမ်းကို Admin ဖြစ်တဲ့ Mr.KT ကလိရင်းနဲ့ တွေ့ခဲ့တာပါ။ သိတဲ့သူများရှိသလို မသိတဲ့သူများလဲရှိပါမယ်။ ဒါကြောင့် မသိတဲ့သူတွေအတွက် ဖြေရှင်းနည်း ရေးပေးလိုက်ပါတယ်။

- ဖုန်း Setting ထဲကို ၀င်လိုက်ပါ။

- Tethering and portable hotspot ကို ၀င်လိုက်ပါ။

- Portable Wi-Fi hotspot ကို တွေ့ပါမယ်။ ထိုစာကြောင်းကို နှိပ်ပြီး ၀င်လိုက်ပါ။ (on/off) လုပ်ခိုင်းတာမဟုတ်ပါ။ စာကြောင်းကို နှိပ်ပြီး ၀င်လိုက်ပါ။

- Allowed devices , Configure စတဲ့ စာတန်းတွေ ပါတဲ့ setting ထဲကို ရောက်သွားပါမယ်။ ဖုန်းရဲ့ menu ခလုတ်ကိုနှိပ်လိုက်ပါ။ Timeout settings ဆိုတာ ပေါ်လာပါမယ်။ နှိပ်ပြီး ကြည့်လိုက်ရင် timer ပေးထားလား မပေးဘူးလား မြင်ရပါမယ်။ timer ပေးထားရင် Never time-out ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါပြီ။

setting ထဲ ၀င်ပုံကတော့ ဖုန်အမျိုးစားအလိုက် အနည်းငယ် ကွာခြားပါလိမ့်မယ်။ ကျွန်တော်ကတော့ Samsung setting အတိုင်း ရေးထားတာပါ။

ဖုန်းကနေ Portable Wi-Fi hotspot ကို ဖွင့်လိုက်ပြီး ကွန်ပျူတာနဲ့ချိတ်ကာ သုံးကြည့်ပါ။ လိုင်းမကျတော့တာကို တွေ့ရပါမယ်။ သေချာချင်ရင် download ဆွဲကြည့်ပါ။ download လုပ်နေလဲ လိုင်းက လုံးဝ ဂန့်သွားတဲ့ပုံစံ မရှိတော့ပါဘူး။ MPT ကနေ လိုင်းချထားရင်တော့ ကျမှာပါပဲ။ အခုနည်းလမ်းက ပုံမှန်လိုင်းကောင်းနေတဲ့အချိန်မှာပဲ အသုံးပြုနေရင်း connection ဂန့်သွားတတ်တဲ့ ပြဿနာကို ဖြေရှင်းတဲ့နည်းပါ။

ကျွန်တော်တို့လေ့လာမိသလောက် ပြန်လည်ပြောပြတာပါ။ ကျွန်တော်တို့ လက်တွေ့စမ်းကြည့်တာ အဆင်ပြေသွားပါတယ်။ wifi hotspot ချိတ်သုံးရင်း လိုင်းကျသွားလို့ ခဏခဏ အင်တာနက် အဖွင့်အပိတ်လုပ်နေရသူတွေ အခုပဲ စမ်းကြည့်လိုက်ပါ။ ကျွန်တော်တို့လဲ ပညာရှင်မဟုတ်ပါဘူး။ ရှာတွေ့တာလေး အဆင်ပြေလို့ ရေးလိုက်တာပါ။ အဆင်ပြေမယ်လို့လဲ မျှော်လင့်ပါတယ်။ အိုကေတယ်ဆိုရင် comment မှာ အိုကေကြောင်း ရေးပေးကြပါ။ တစ်ခြားနည်းလမ်းများရှိရင်လဲ ရေးပေးကြပါ။
အားလုံး ပျော်ရွှင်ပါစေဗျာ။





Mr.AD & Mr.KT
 
ဆက်ဖတ်ရန်>>>

64 in 1 Android Game

64 in 1 Android Game

Game 64 ပါ တဲ့ Android Game လေးပါ ။ ဒေါင်း ပြီး ဆော့ကြည့် လိုက် ပါ ။ကျွှန်တော် ကြိုက် တဲ့ ဂိမ်း တွေ အများ ကြီး ပါပါတယ် ။

size က လဲ 2.28 ဆိုတော့ ပေါ့ပေါ့ ပါးပါး ကစား နိုင်ပါတယ် ။

ဒီမှာ ဒေါင်း ပါ ....
http://www.mediafire.com/?ry8bhbl05e9fnmm
ဆက်ဖတ်ရန်>>>

ဇာတ်ကား ကြည့် ရတာ နှစ်သက် သူ များ အတွက် Video Mix Pro

ဇာတ်ကား ကြည့် ရတာ နှစ်သက် သူ များ အတွက် Video Mix Pro ပါ။
ယခု 2013 ထွက် ဇာတ်ကား များ၊ အခွေ မထွက်သေး တဲ့ ဇာတ်ကား တွေ ပါ တဲ့ အတွက် အလွန် ကောင်းတဲ့ ဆော့ဝ်လေးပါ ။ Video Mix မှာ က တချို့ ဖန်ရှင်တွေ ပိတ်ထား တဲ့ အတွက် Video Mix Pro တင်ပေး လိုက်ပါတယ်။ Google မှာ တော့ ရောင်း ပေမယ့် Mobile House မှာ Free ဒေါင်း နိုင်ပါတယ် ။

Download Here

http://www.mediafire.com/?qkeo70h6ll8l313

ကြိုက်လား ဗျို့ ....
ဆက်ဖတ်ရန်>>>

တော်တော်အလိုက်မသိတဲ့ဆက်သွယ်ရေး

တော်တော်အလိုက်မသိတဲ့ဆက်သွယ်ရေး
ဆက်ဖတ်ရန်>>>

Online ပေါ် မိမိ ချစ်သူ ၊ သူငယ် ချင်း တစ်ယောက်ယောက် တက် လာ ရင် သတိ ပေး တဲ့ ဆော့ဝ် လေး

Online ပေါ် မိမိ ချစ်သူ ၊ သူငယ် ချင်း တစ်ယောက်ယောက် တက် လာ ရင် သတိ ပေး တဲ့ ဆော့ဝ် လေး ပါ ။မိမိ သိ ချင် တဲ့ သူ နာမည် ထည့် ပေးထား ရုံ နဲ့ Online ပေါ် တက်လာ ရင် မိမိ ကို အကြောင်းကြား ပေး မဲ့ ဆော့ဝ် လေး ပါ ...

Download Here
http://www.mediafire.com/?7pm6768n4oxnk33
ဆက်ဖတ်ရန်>>>