Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 20, 2011

iPhone ပေါ်မှာ Zawgyi မြန်မာ Font နှင့် Zawgyi မြန်မာ Keyboard တို့ကို အသုံးပြုနည်း

iPhone ပေါ်မှာ Zawgyi မြန်မာ Font နှင့် Zawgyi မြန်မာ Keyboard တို့ကို အသုံးပြုနည်း

      iPhone ပေါ်မှာ မြန်မာစာ ဖတ်ဖို့၊ မြန်မာစာ ရိုက်ဖို့ အတွက် မြန်မာ Font နဲ့ မြန်မာ Keyboard တို့ကို iPhone ထဲမှာ Install လုပ်ပေးဖို့ လိုပါတယ်။ မြန်မာ Font နဲ့ မြန်မာ Keyboard တို့ကို Install မလုပ်ခင် iPhone ကို Jailbreak လုပ်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ iPhone iOS version 4.3. အတွက်ပဲ ရှင်းပြ ပေးသွာမှာပါ။ ပြုလုပ်နည်း အဆင့်ဆင့်ကတော့ တခြား Version တွေလဲ အတူတူ ပါပဲ။ မြန်မာ Font install လုပ်နည်းကိုတော့ iPhone version iOS5 နဲ့ 5.0.1 တို့ အတွက် လည်းသုံးလို့ ရပါတယ်။


 Jailbreak လုပ်ထားပြီးသော iPhone home scream ပေါ်မှ Cydia ကိုနိုပ်ပါ။ ပေါ်လာသော scream ပေါ်မှ Manage > Sources > Edit > Add ကိုရွေးပါ။ ပေါ်လာတဲ့ box လေးထဲကို http://cydia.macforus.com လို့ ရိုက်ပြီး Add Source ကို နိုပ်ပါ။ cydia.macforus.com ဆိုပြီး တွေ့ရမှာပါ။






 Zawgyi မြန်မာ Font ထည့်နည်း

အဆင့် (၁) cydia.macforus.com ကိုနိုပ်ပါ။ ပေါ်လာသော list ထဲမှ Zawgyi iOS 4.3 Font 
               (Zawgyi iOS Font for 4.0 or later) ကိုရွေးပေးပါ။
               {မှတ်ချက် ။      ။  မိမိ ရဲ့ iOS version အလိုက် ရွေးနိုင်ပါတယ်။}


အဆင့် (၂) Install ကို နိုပ်ပါ။ Confirm ကို နိုပ်ပါ။


အဆင့် (၃) ပြီးရင် Restart SpringBoard ကိုနိုပ်ပါ။


Zawgyi မြန်မာ Keyboard ထည့်နည်း

အဆင့် (၁) cydia.macforus.com ကိုနိုပ်ပါ။ ပေါ်လာသော list ထဲမှ Zawgyi Keyboard for iPad
               (This package is only for iOS 4.2 or later) ကိုရွေးပေးပါ။
               {မှတ်ချက် ။      ။  မိမိ ရဲ့ iOS version အလိုက် ရွေးနိုင်ပါတယ်။}


အဆင့် (၂) Install ကို နိုပ်ပါ။ Confirm ကို နိုပ်ပါ။


အဆင့် (၃) ပြီးရင် Restart SpringBoard ကိုနိုပ်ပါ။


အဆင့် (၄) iPhone home scream ပေါ်မှ Settings > General > Keyboard >
               International Keyboards > Add New Keyboard...ထဲမှ Myanmar မြန်မာ ကို ရွေးလိုက်ပါ။ 




 အဆင့် (၅) အောက်မှာ ပြထားတဲ့ ပုံများအတိုင်း မြန်မာစာကို iPhone ပေါ်မှာ သုံးလို့ရသွားပါပြီ။



                  မြန်မာစာကို iPhone, iPad တို့ပေါ်မှာ အသုံးပြုလို့ ရအောင် ဖန်တီးပေးသော Apple developer ကိုစေတန် ကို အထူးကျေးဇူးတင်ပါတယ်။

2 comments:

  1. iphone 4s မှာ မြန်မာလို့ပေါ်ပေမဲ့ ကီးဘုတ် က မရဘူးဖြစ်နေတယ် ဘယ်လိုလုပ်ရင်ဖြစ်မလဲဆိုတာ ကူညီပေးပါအုံးဗျ

    ReplyDelete
    Replies
    1. iPhone version iOS 5 ကစပြီး မြန်မာကီးဘုတ် သုံးလို့မရတော့ပါဘူး။ iPhone version ကိုသိချင်ရင် Settings > General > About > Version ကိုရှာလိုက်ပါ။

      Delete

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.