Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Wednesday, December 12, 2012

ဖုန်းပျောက် ရင် ဘာလုပ် သင့် လဲ

ဖုန်း ကိုင် တဲ့ လူဦး ရေ အရမ်း များ လာ ပြီ ဆို တော့ ဖုန်း ပျောက် တဲ့ သူတွေ လဲ တော်တော် များ လာပါပြီ ။ တချို့ လဲ အခိုးခံ ရလို့ ၊ တချို့ လဲ မေ့ တက် လို့ ၊ တချို့ က ကျ ကျန်ခဲ့ တာ မျိုး ပေါ့ ။အစုံ ပါ ပဲ ။ အခိုးခံ ရ ပြီ ဆိုရင် တော့ ညှိ လို့ မရ နိုင်တော့ ပါဘူး ။ မေ့ ကျန် ခဲ့ တာ နဲ့ ကျ ကျန် ခဲ့ တာ ဆို ရင် တော့ ကောက်ရ တဲ့ သူ ရဲ့ စိတ်ထားပေါ် မူ တည် ပါတယ် ။တခါ လေ လဲ ကံကောင်း ရင် ဘာ မှ မကုန် ပဲ ပြန် ရပါတယ် ။တခါလေ လဲ မုန့် ဖိုး ပေးပြီး ပြန် ရတာ လဲ ရှိ ပါတယ် ။ ပျောက် တဲ့ ဖုန်း ( ဟန်းဆက် ) ကတန် ဖိုး မရှိ ပေ မဲ့ ဖုန်း ကဒ် ( sim card ) ပြန် လျောက် ရ တာ အလုပ် ရှုပ် ပါတယ် ။

ကဲ ဖုန်း တစ်လုံး ၀ယ်ပြီး ပြီ ဆို လျှင် ဘာလုပ် သင့် လဲဆိုတာ စပြော ပြ ပါမယ် ။

၁။ မိမိ ဖုန်း ကို pin lock မ ဟုတ် ပဲ phone lock ထည့် ထားပါ ။Pin lock ချ ရင် တော့ sim card ပျက် နိုင် ပါတယ် ။ android တွေ မှာ ဆို pattern lock or password lock ကြိုက် တာ ထည့် နိုင် ပါတယ် ။ ထည့် သည့် password ကို မိမိ သုံး နေ ကြ နံပတ် ထည့် ပါ ။ သို့မဟုတ် တစ်နေ ရာ မှာ ရေး မှတ် ထားပါ ။ password ကို ခဏ ခဏ မပြောင်းပါ နဲ့ ။ မှတ်ချက် - မလုပ် တက် ပါ က ဆိုင် တွင် လုပ် ခိုင်း ပါ ။
Password ချထားခြင်း ဖြင့် battery ကုန် သွား လို့ ပြန် ဖွင့် လျှင် password တောင်း ပါမည် ။

၂။ Android မှာ debugging mode အမှန်ခြစ် ထားပေး ပါ ရန် ။ခြစ်ထားပေးပါ က password ပြန် ဖျက် လို့ ရပါတယ် ။သို့ မဟုတ် google account ထည့် ထားပါ က password မေ့ သွား လျှင် ဖြစ်စေ ၊ လုပ်တဲ့ အခါ ကျော် သွားရင် ဖြစ် စေ account နဲ့ password ထည့်ပြီး  ပြန်ဝင် လို့ ရပါတယ် ။

၃။ မိမိ ဖုန်း ဘူးခွံ သိမ်း ထားပါ ။သို့ မဟုတ် ဖုန်း ၏ IMEI နံပတ် ကို ရေးမှတ် ပြီး ဘုရားစင်ပေါ် ဖြစ်ဖြစ် တင်ထား လိုက် ပါ ။ လက် ရှိ ဘူး ခွံ မရှီ တော့ လျှင် *#06# ရိုက် ပြီး ပေါ် လာတဲ့ နံပတ် အကုန် ကူးထားပါ ။ပြီး လျှင် မော် ဒယ် နံပတ် ကူးထားပါ ။

၎။ မိမိ ဖုန်း အခိုးခံ ရတာ သေချာ လျှင် မိမိ ဖုန်း ပျောက် သည့် နယ်မြေ ပိုင် ရဲစခန်း စုံစမ်း ပြီး အမှု ဖွင့် ထားပါ ။ အလုပ် ရှုပ် တယ် ဆို ပြီး မဖွင့် ရင် တော့ သူခိုး က ကိုယ့် ဖုန်း နဲ့ တွေ့ နေ ရင် တောင် ဘာ မှ လုပ် မရ ပါ ဘူး ။ အမှု ဖွင့် လျှင် မိမိ ဖုန်း မော်ဒယ် နှင့် တကွ IMEI နံပတ် ပါ တွဲ ပြီး ပြော ပြ ထားပါ ။IMEI code ဟာ ဖုန်း တစ် လုံး ရဲ့ ကိုယ် ပိုင် အမှတ်စဉ် ဖြစ် တဲ့ အတွက် တူ တဲ့ အလုံး မရှိ ပါဘူး ။ ပြီး လျှင် အဲ့ ရဲစခန်း မှာ အမှု ဖွင့် ထား တဲ့ အကြောင်း နဲ့ ရဲစခန်း ဖုန်း နံပတ် မိမိ ဖုန်း နံပတ် ။မိမိ ဖုန်း မော်ဒယ် ။အရောင် IMEI  နံပတ် စတာတွေ ကို စာစီစာရိုက် ပြီး မိမိ တွေ့ သမျှ ဖုန်း ဆိုင် တွေ လိုက် ပေး ထားပါ ။ password ချထား တဲ့ ဖုန်း ဆို ရင် ၂ ရက် ၃ ရက် အတွင်း ဆိုင် ရောက် လာ နိုင် ပါ တယ် ။ မချ ထား ရင် တော့ ကြာ နိုင် ပါတယ် ။

၅။ တကယ် လို့ မေ့ ကျန် ခဲ့ တယ် ကျ ပျောက် တယ် ဆို ရင် တော့ ရဲတိုင် လို့ အဆင် မပြေ နိုင် ပါ ဘူး ။ ၃ ရက် လောက် ထိ ဖုန်း ဆက် ကြည့် ပါ ။ ဆက်လို့ ရ ရင် ညှိ ကြည့် လိုက် ပါ ။သူခိုး ဆို တဲ့ ပုံ မျိုး တော့ မပြော မိပါစေ နဲ့ ။မိမိ ကျကျန် ခဲ့ တဲ့ ပုံ မျိုး နှင့် သာ ညှိ ပါ ။မိမိ ဟန်းဆက် တန် ကြေး နဲ့ တွက် ပြီး ပေး ကြည့် ပါ ။ အဆင် ပြေ ရင် လဲ ပြီး သွား တာပါ ပဲ ။ ၃ ရက် ကျော် သွား ရင် တော့ စိတ် လျော့ လိုက် ပါတော့ ။မိမိ ၀ယ် တုန်း က စာရွက် စာ တန်း တွေ နှင့် တကွ မိမိ ဖုန်းကဒ် ထုတ် သည့် ဆက်သွယ်ရေး ရုံး တွင် အပျောက် ပြန် လျောက် လိုက် ပါ တော့ ။

အား လုံး အဆင် ပြေ ပါ စေ ....................

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.