Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Sunday, August 11, 2013

Android OS ဖုန်းတွေမှာ Google Play (Play Store) စနစ်ကို အသုံးပြုကြည့်ကြမယ်


  Google Play စနစ်ဟာ ပြည်တွင်းမှာ အသုံးပြုခွင့်ရခဲ့တာ၊ အသုံးပြုနိုင်ခဲ့တာဟာ အချိန် သိပ်မကြာသေးပါဘူး။ အရင်တုန်းကတော့ Android OS ဖုန်းတွေအတွက် လိုအပ်တဲ့ APP တွေနဲ့ ဂိမ်းတွေကို 1Mobile Market နဲ့ အခြား Free ၀က်ဘ်ဆိုက်တွေပေါ်မှာပဲ ရယူအသုံးပြုခဲ့ကြရပါတယ်။ ခုချိန်မှာတော့ ပြည်တွင်းမှာ Android Market ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ Play Store ပေါ်မှာ အသုံးပြုနိုင်မယ့် စနစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ စတင်ပြီး လေ့လာကြည့်ကြပါမယ်။ ပထမဆုံး ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိနေတဲ့ Play Store ဆိုတဲ့စနစ်လေးကို ဖွင့်လိုက်ပါ။ အင်တာနက် ဖွင့်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ Play Store ကို ဖွင့်လိုက်ရင်တော့ ခုလို စတင်မြင်တွေ့ရမှာပါ။

ဒီနေရာမှာ အပေါ်ဆုံး ထိပ်ဘက်ကိုစတင်ပြီး ကြည့်ကြပါမယ်။ Featured ဆိုတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ Play Store ထဲမှာရှိနေတဲ့ အစိတ်အပိုင်းတွေနဲ့  ထူးခြားချက်လေးတွေကို ဖော်ပြထားတဲ့ နေရာပဲ ဖြစ်ပါတယ်။

ဘယ်ဘက်ဘေးနားကို ကြည့်မယ်ဆိုရင်တော့ CATEGORIES ဆိုတာကို မြင်ရမှာဖြစ်ပါတယ်။ ဒါကတော့ Play Store ထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေကို စာရင်းပြုစုပြီး ပြသထားတဲ့ နေရာပဲဖြစ်ပါတယ်။ ဒီထဲမှာတော့ Game, Books & Reference, Business, Comics, Communication, Education, Entertainment, Finance, Music & Video etc; အစရှိသဖြင့် အသုံးပြုနိုင်မယ့် စနစ်ပေါင်းများစွာ ရှိနေပါတယ်။ ကိုယ်အသုံးပြုချင်တဲ့ စနစ်ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။

FEATURED ရဲ့ ညာဘက်ဘေးကို ကြည့်လိုက်မယ်ဆိုရင်တော့ Top Free ဆိုတဲ့ စနစ်ကို မြင်တွေ့ ရမှာဖြစ်ပါတယ်။ Top Free ဆိုတာကတော့ Play Store ထဲမှာရှိနေတဲ့ အခမဲ့ ထိပ်တန်း လူသုံးများ ဆော့ဖ်ဝဲအချို့ကို ဖော်ပြပေးထားတဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲကို ရှာဖွေပြီး အသုံးပြုနိုင်ပါတယ်။ ခုလို မြင်ရမှာဖြစ်ပါတယ်။

Top Free ရဲ့ ညာဘက်ဘေးနားကို ဆက်ကြည့်မယ်ဆိုရင်တော့ Top New Free ဆိုတဲ့ စနစ်ကို ဆက်လက်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာကလည်း Play Store ထဲမှာရှိနေတဲ့ အသစ်ထွက် လူကြိုက်များ၊ လူသုံးများနေတဲ့ ထိပ်တန်း အသစ်ထွက်ဆော့ဖ်ဝဲ App တွေကို ဖော်ပြထားတဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ Application ကို ရှာဖွေပြီးတော့ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။

Top New Free ရဲ့ ညာဘက် ဘေးနားကို ဆက်လက်ကြည့်မယ်ဆိုရင်တော့ Trending ဆိုတဲ့စနစ်ကို ဆက်လက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီစနစ်ထဲမှာလည်း ကိုယ့်စိတ်တိုင်းကျ Application တွေကို ရှာဖွေပြီး Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ခုလိုမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ စနစ်တွေအားလုံးဟာ Play Store ထဲမှာ အခမဲ့ Download ပြုလုပ် ရယူအသုံးပြုနိုင်မယ့် နေရာတွေပဲဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ စနစ်တွေအားလုံးထဲမှာ ကိုယ်လိုချင်တဲ့ Application ကို ဆက်လက် ရှာဖွေချင်တယ်ဆိုရင်တော့ အပေါ်ဘက် ညာဘက်ထိပ်နားမှာ Search ဆိုတဲ့ သင်္ကေတလေးရှိပါတယ်။ ခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။

ပုံမှာမြင်နေရတဲ့ Search ပုံစံ လေးကို နှိပ်လိုက်မယ်ဆိုရင် ခုလိုမျိုး ထပ်မံမြင်တွေ့ရမှာ ဖြစ်ပါတယ်။ မြင်နေရတဲ့ Search ဘားထဲမှာ ကိုယ်ရှာဖွေချင်တဲ့ဆော့ဖ်ဝဲ Application ရဲ့နာမည်ကို ရိုက်ထည့်ပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ကိုယ်အသုံးပြုချင်တာကို Top  Free ထဲမှာပဲဖြစ်ဖြစ်၊ Top New Free ထဲမှာပဲဖြစ်ဖြစ်၊ Featured ထဲမှာပဲဖြစ်ဖြစ် အထက်မှာ ဖော်ပြခဲ့တဲ့ စနစ်တွေထဲက ကြိုက်နှစ်သက်ရာစနစ်ထဲမှာ ရှာဖွေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မြင်တွေ့နေရတဲ့ထဲမှာ ရှိတာတွေကတော့ My Apps, My Wishlist, Accounts, Settings, Help ဆိုတဲ့ စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ My Apps ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ Install ထည့်သွင်းထားတဲ့ Application တွေကို ဖော်ပြပေးထားတဲ့နေရာပဲဖြစ်ပါတယ်။

သူ့ရဲ့ ညာဘက်ဘေးနားမှာဆိုရင်တော့ All ဆိုတာကို မြင်တွေ့ရမှာဖြစ်ပြီး ဒီစနစ်ကတော့ ဖုန်းထဲ မှာရှိနေတဲ့ အကောင့်တွေနဲ့ သက်ဆိုင်တဲ့ Application တွေအားလုံးကို စုစည်းဖော်ပြထားတဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အကောင့် နဲ့ချိတ်ထားတဲ့ App တွေပဲ ပါဝင်ပါတယ်။ ဒါတွေကတော့ Play Store ထဲမှာ အသုံးပြုနိုင်မယ့် အခြေခံအချက်အလက်တွေပဲဖြစ်ပါတယ်။

ရေးသားသူ - ကိုသက်
ဆက်ဖတ်ရန်>>>

Scare your friends !!!

Scare your friends !!!

    နောက်ပြောင်တတ်သော လူငယ်များ ပိုမိုနှစ်သက်မယ့် Application တစ်ခုဖြစ်ပါတယ်။ မိမိသူငယ်ချင်းများကို ခြောက်လှန့် လိုသော သူများ၊ စနောက်တတ်သူများ နှစ်သက်ကြမှာပါ။ Scare your friends ကို မိမိမိုဘိုင်း ဖုန်းအတွင်း ထည့်သွင်း၍ လုပ်ဆောင် ချက်သုံးခုကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပထမအဆင့် ခြောက်လှန့်လိုတဲ့ Horrifying ဓာတ်ပုံ ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ထို့အပြင် terrifying အသံကိုလည်း ရွေးချယ် ထည့်သွင်းရမှာ ဖြစ်ပြီး အချိန်သတ်မှတ်ထားရမှာ ဖြစ်ပါတယ်။ မိမိရဲ့ မည်သည့်သူငယ်ချင်း၊ မိတ်ဆွေ ကို ခြောက်လှန့်မလဲ ရွေးချယ် ကာ နောက်ပြောင်နိုင်မှာ ဖြစ်ပါတယ်။ Album, Camera များဖြင့်လည်း ဓာတ်ပုံများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Application ကို Google Play တွင်အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။
Scare your friends ! ! ! - screenshot thumbnail
 Play Store Link
https://play.google.com/store/apps/details?id=com.siat.scare&hl=en

Mobile House Link
http://www.mediafire.com/download/6kfuv9fzpyh80jj/Scare_Your_Friends_By_MH.apk
ဆက်ဖတ်ရန်>>>

Android USB Drivers စုစည်းမှု : Samsung/ Motorola /Sony/ LG/ ZTE/ HTC/ ASUS/ Huawei/ Acer/ Amazon

android-USB-Drivers

Motorola USB Drivers

Download Motorola USB Drivers (Win)

Google USB Drivers

Download Galaxy Nexus USB Drivers (GSM or CDMA-Verizon)
Universal Naked Driver 0.72 (Compatible with Nexus 4, 10, Q, & S)

Samsung USB Drivers

Download Latest Samsung Kies
In case the above drivers do not work for you, do as described below.
  1. Go to the Samsung Mobile  official site
  2. Type the name and model of your device in the search box.
  3. Select your device and click the Support tab/button.
  4. You will get the download link for the specific USB Drivers for your device.
  5. Download the drivers and install onto to your computer.

HTC USB Drivers

HTC Sync Manager
In case the above drivers do not work for you, do as described below:
  1. Go to the HTC  official site
  2. Type the name and model of your device in the search box.
  3. Select your device and click the Support tab/button.
  4. In the support page, click the downloads tab.
  5. Here you will get the download link for the specific HTC Sync Drivers for your device.
  6. After downloading HTC Sync, start the installation process. You only need to install the USB driver and not the app itself.

LG USB Drivers

In case the above drivers do not work for you, do as described below:
  1. Go to the LG Electronics  official site
  2. Type the name and model of your device in the search box.
  3. Select your device and click the Resources button.
  4. In the support page, click the downloads tab.
  5. Download the drivers and install onto to your computer.

Dell USB Drivers

Download Dell (Phones & Tablets) USB Drivers Go to the link and choose your mobile device or tablet to download the specific version USB drivers.

Intel Android USB Drivers

Download Intel USB Drivers

ZTE USB Drivers

ASUS USB Drivers

Download ASUS PC Suite (drivers included)

Huawei USB Drivers

Download HiSuite (drivers included).

Acer USB Drivers

Download Acer USB Drivers

Sharp USB Drivers

Download Sharp USB Drivers

Amazon USB Drivers

Download Amazon USB Drivers Amazon SupportPage

Pantech USB Drivers

Download Pantech USB Drivers

XIAOMI USB Drivers

for M2,MI ONE,MI PLUS, etc.
Download XIAOMI USB Drivers

OPPO USB Drivers

for Finder x907,x905…
Download OPPO USB Drivers

Lenovo USB Drivers

for A750 and others
Download Lenovo USB Drivers

Download Latest Google Apps

Download Adobe Flash Player for Android

ဆက်ဖတ်ရန်>>>

Saturday, August 10, 2013

ဖုန်း ရဲ့ အချက် အလက်စုံစုံ လင်လင် ကြည့် နိုင် မည့် Application

မိမိ ဖုန်း ရဲ့ အချက် အလက် သိချင် ရင် ဖြစ်ဖြစ် သူငယ် ချင်း ဖုန်း နဲ့ ယှဉ် ဖို့ ပဲ ဖြစ်ဖြစ် ၊ ဖုန်း ၀ယ် မယ် ဆို အချက် အလက် စုံစုံ လင်လင် ကြည့် နိုင် မည့်  Application တစ်ခု ပါ ဆောင်ထား သင့် ပါတယ် ။
Enter model name/number ဆိုတဲ့ နေရာ မှ မိမိ သိလို တဲ့ မော်ဒယ် ရိုက် ပြီး Search / Compare ကို နိုပ်လိုက်ပါ ။




Download Here
http://www.mediafire.com/?hh2ymxdzqza6voa
ဆက်ဖတ်ရန်>>>

minions ရဲ့ Live Wallpaper

ခုခေတ် စား နေတဲ့ Despicable Me 2 ဇာတ်ကား ထဲ က minions ရဲ့ Live Wallpaper လေးပါ

http://www.mediafire.com/?iffzx25kst8kd58


ဆက်ဖတ်ရန်>>>

Friday, August 9, 2013

Huawei Ascend_G610 Firmware

Ascend_G610 Firmware

G610-C00,Android_4.2_Emotion_UI_V100R001C92B122

http://pan.baidu.com/share/link?shareid=291921182&uk=4046563716


G610-U00,Android 4.2,Emotion UI,V100R001CHNC17B127

http://pan.baidu.com/share/link?shareid=300475021&uk=4046563716


G610-T00,Android 4.2,V100R001CHNC01B122680959168

 http://pan.baidu.com/share/link?shareid=2216834471&uk=1680959168
ဆက်ဖတ်ရန်>>>

Thursday, August 8, 2013

Android အတွက် ဖိုင် ဖျောက် ပေး တဲ့ ဆော့ဝ်

Cover art

 ဖိုင် ဖျောက် ပေးပါတယ် ။ပိုကောင်းတာ ကသွင်းထား တယ် ဆို တာလဲ မသိရပါဘူး ။

ဖုန်းခေါ်တဲ့ နေ ရာ မှာ 1111 ရိုက် ပြီး ဖုန်းခေါ် လိုက်ပါ ။ pin code တောင်: ရင် 0000 ရိုက် ထည့် ပေး လိုက်ပါ ။ အထဲ ရောက် ရင် settings ထဲ မှာ ၀င် တဲ့ ကုဒ် ( 1111 ) နေ ရာ ရယ် pin code ကို ပြန် ပြောင်း လို့ ရပါတယ် ။ 

App Screenshots

 

Secrets - screenshot thumbnailSecrets - screenshot thumbnailSecrets - screenshot thumbnail

 

 Download Here

ဆက်ဖတ်ရန်>>>

မိုဘိုင်းဖုန်းပြဿနာ အချိန်ဆွဲ မထားကြပါနဲ့တော့


ခုရက်ပိုင်း ဖော်ပြကြတဲ့ သတင်း တွေမှာ ဆက်သွယ်ရေးက ခွဲ တမ်းနဲ့ရောင်းတဲ့ မိုဘိုင်းဖုန်းဆင်းမ်ကတ်တွေ ရန်ကုန်မှာရော နယ်မှာပါ မှောင်ခိုပေါက်ဈေး ကျပ်တစ်သိန်း၊ တစ်သိန်းကျော် ဈေးပေါက်နေ တဲ့အကြောင်း၊
မိုဘိုင်းဖုန်းဆင်းမ်ကတ်တွေကို ခွဲတမ်းနဲ့ဖြန့်ဖြူးရာမှာ ပွင့်လင်းမြင်သာမှုမရှိ၊ မသမာမှုတွေ နေရာအနှံ့ပေါ် နေတဲ့အကြောင်း သတင်းတွေဖတ်ရပါတယ်။

ဒီပြဿနာတွေ ဘာကြောင့်ဖြစ်ရသလဲ၊ မိုဘိုင်းဖုန်း တပ်ဆင်ရေး ကိစ္စအစိုးရနဲ့ လွှတ်တော်ပိုင်းက ဆောင်ရွက် နေတာ ဘယ်အခြေ အနေ ရောက်နေပြီလဲ၊ နိုင်ငံတကာ နည်းတူ ဘယ်အချိန်လောက်များ မိုဘိုင်းဖုန်းဆင်းမ် ကတ်တွေ ဈေးပေါပေါနဲ့ ဝယ်ယူအသုံးပြုနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြ သွားပါ့မယ်။

လက်ရှိ ရန်ကုန်နဲ့နယ် မှောင်ခိုဈေးကွက်မှာ စီဒီအမ်အေဆင်းမ်ကတ်တစ်ခု ကျပ်ရှစ်သောင်း ကနေ တစ်သိန်း၊ ဂျီအက်စ်အမ်ဆင်းမ်ကတ် ကျပ် ၁၂၀၀၀၀ ကနေ ၁၃၀၀၀၀ စသည်ဖြင့်ဈေးပေါက် နေတာ ဆန်းတော့ မဆန်းပါဘူး။

ရောင်းလိုအား နဲ့ဝယ်လိုအား မမျှတာကနေ ဖြစ်ပေါ်လာတဲ့ ရိုး ရှင်းတဲ့ပြဿနာပါ။ အစိုးရက ဆင်းမ်ကတ် တစ်ခု ကျပ် ၁၅၀၀ နှုန်းနဲ့ တစ်လဆင်းမ်ကတ် သုံးသိန်းကျော်ကျော်လောက် ချပေးနေပေမယ့် တကယ့်ဝယ် လိုအားက အဲဒီထက်အဆပေါင်းများ စွာရှိနေလို့ ဖြစ်ရ တဲ့ပြဿနာပါ။

နောက်ပြဿနာတစ်ခုကတော့ ခွဲတမ်းနဲ့ ရောင်းချပေးတဲ့ ဆင်းမ်ကတ်တွေ ဖြန့်ဖြူးမှု အဆင့်ဆင့်မှာ မသမာမှုမျိုးစုံဖြစ်နေတာပါ။ အဓိကကတော့ အစိုးရမြန်မာ့ဆက်သွယ်ရေးရဲ့ ဖြန့် ဖြူးပုံစနစ် ပွင့်လင်းမြင် သာမှုမရှိတာကြောင့် ပြဿနာပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။

ဥပမာ-တစ်နိုင်ငံလုံးကို တစ်လသုံးသိန်းခွဲ ရောင်းပေးမယ်ဆိုရင် ပြည်နယ်နဲ့တိုင်းတစ်ခုစီ ဘယ်ပြည်နယ် ဘယ်တိုင်းကို ဘယ်လောက်အရေအ တွက်စီ ချထားပေးတယ်ဆိုတာ တိတိကျကျထုတ် ပြန်ပေးရမှာဖြစ်ပြီး အများပြည်သူ အလွယ်တကူ သိနိုင်အောင် လုပ်ပေးထားရပါမယ်။

သက်ဆိုင် ရာတိုင်းနဲ့ ပြည်နယ်တွေကလည်း ရလာတဲ့ဆင်းမ် ကတ်အရေအတွက်ကို ဘယ်မြို့နယ်ကို ဘယ် လောက်စီ ခွဲဝေချထားပေးတယ်ဆိုတာ တိတိကျ ကျ ထုတ်ပြန်ပေးရပါမယ်။

ဥပမာ-ရန်ကုန်တိုင်း က ဆင်းမ်ကတ်တစ်သိန်းရတယ်ဆိုရင် ဘယ်မြို့ နယ်ကို ဘယ်လောက်ချထားပေးတယ် တိတိကျကျ စာရင်းထုတ်ပြန်ဖို့ဖြစ်ပါတယ်။ အားလုံးပေါင်း လိုက်ရင် ဆင်းမ်ကတ်တစ်သိန်း ရှိကိုရှိရပါမယ်။

အလားတူ သက်ဆိုင်ရာမြို့နယ်အသီးသီး ကလည်း ကိုယ့်မြို့နယ်အတွက် ခွဲတမ်းဘယ် လောက်ရတယ်၊ အဲဒီရတာတွေကို ဘယ်ရပ်ကွက်၊ ဘယ်ကျေးရွာကို ဘယ်လောက်ချထားပေးတယ် ဆိုတာ မြို့နယ်ရုံးတွေမှာ အများမြင်သာအောင် ကြေညာထားပေးဖို့လိုပါတယ်။

မိတ္တူတွေကို သက်ဆိုင်ရာရပ်ကွက်ရုံးအသီးသီးကို ဖြန့်ဝေပေး ထားပြီး ပြည်သူတွေ ထင်သာမြင်သာ ရှိအောင် ကပ်ထားဖို့လိုပါတယ်။

နောက်ဆုံးအဆင့် ရပ်ကွက်သက်ဆိုင်ရာတွေက ရလာတဲ့ဆင်းမ်ကတ် တွေကို မဲစနစ်နဲ့ ထင်သာမြင်သာ ရှိအောင် လုပ် ပြီး ရောင်းချပေးဖို့ဖြစ်ပါတယ်။

ဒီလို စနစ်တကျ ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ဖို့ အာဏာပိုင်အ ဆင့်ဆင့်ကို ညွှန်ကြားထားရင် မသမာမှု တွေလုပ်ဖို့ အခွင့်အလမ်းအတော်လေးနည်းသွားပါလိမ့် မယ်။

တကယ်တော့ ဒီမိုကရေစီနိုင်ငံဆီသွားတဲ့ ခရီးလမ်းမှာ ဒီလိုဆင်းမ်ကတ်ဖြန့်ဖြူးတဲ့ အလုပ် ကို အသေးအဖွဲ လို့သဘောမထားဘဲ စနစ်ကျတဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ရပ်တွေ အကျင့်ဖြစ် ထွန်းကားလာအောင် လုပ်ပြဖို့လိုအပ်ပါတယ်။

ဆင်းမ်ကတ်ကို ပြည်သူတွေလိုသလောက် မရောင်းနိုင်တဲ့ပြဿနာ ကိုတော့ ရေတိုရေရှည် နည်းနဲ့ အမြန် အဆန်ဖြေရှင်းဖို့ လိုပါတယ်။

ပထမ နည်းကတော့ မြန်မာ့ဆက်သွယ်ရေးက လက်ရှိ ရှိနေပြီးနက်ဝပ်တွေကို အလျင်အမြန်ချဲ့ထွင်ပြီး ဆင်းမ်ကတ်အရေအတွက်ခပ်များများ ဆက် ရောင်းချပေးနိုင်အောင် လုပ်ဖို့ပါ။

အခုကိုပဲ မြန်မာ့ ဆက်သွယ်ရေးက GSM နဲ့ WCDMA စနစ် သုံး SIM/USIM ကတ် ခုနစ်သန်းခွဲဝယ်ယူဖို့ တင်ဒါခေါ်နေပါပြီ။ မြန်မာ့ဆက်သွယ်ရေးဟာ မကြာခင်တစ်လဆင်းမ်ကတ် သုံးသိန်းကျော် လောက်မဟုတ် ဘဲ ဒီထက်များတဲ့အရေအတွက် ချပေးနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။

အရေးကြီးဆုံးကတော့ ဒီပြဿနာရေရှည် ပြေလည်အောင် မကြာသေးခင်တုန်းက ရွေးချယ် ပြီးဖြစ်တဲ့ အော်ပရေတာကုမ္ပဏီနှစ်ခု အမြန်လုပ် ငန်းစတင်နိုင်ဖို့၊ မြန်မာ့ဆက်သွယ်ရေး နဲ့အတူ အော်ပရေတာ လုပ်ခွင့်ရထားတဲ့ ရတနာပုံတယ်လီ ပို့ကုမ္ပဏီ လုပ်ငန်းအမြန်စတင်နိုင်အောင် အစိုးရ နဲ့လွှတ်တော်ဘက်က လုပ်စရာရှိတာ အမြန်လုပ် ပေးဖို့ဖြစ်ပါတယ်။

လောလောဆယ် လွှတ်တော် ထဲရောက်နေတဲ့ ဆက်သွယ်ရေးဥပဒေကြမ်းကို အမတ်မင်းတွေ မြန်မြန်ဆွေး နွေး အတည်ပြု ပေးဖို့ လိုပါတယ်။ အတည်ပြုပေးရာမှာလည်း သိပ်မကြာသေးခင်က အော်ပရေတာလုပ်ငန်း တင်ဒါအောင်တာကို ကြေညာဖို့ ဆိုင်းငံ့ခိုင်းထား တဲ့ဆုံးဖြတ်ချက်ချခဲ့တဲ့ အတွေးအခေါ်လိုမျိုး မလုပ်ဖို့ လိုပါတယ်။

ဥပဒေကို ပြင်ဆင်ဖြည့်စွက်ရာမှာ ဈေးကွက် စီးပွားရေးနဲ့မလျော်ညီတဲ့၊ ကိုယ့်ပြည်တွင်းက ခနော်နီ ခနော်နဲ့ခရိုနီတွေကို ကာကွယ်ဖို့လောက် ပဲအားသန်ပြီး ပြည်သူနဲ့တိုင်းပြည်အကျိုးစီးပွား ကို မငဲ့ကွက်တဲ့ အချက် အလက်တွေ ပါမလာဖို့လဲ လိုပါတယ်။

အဲဒါတွေပါလာရင် တယ်လီ ဖုန်းတပ်ဆင်ရေး ကိစ္စ နှောင့်နှေး ကြံ့ကြာပြီး ပြည်သူတွေ ဈေးပေါ ပေါနဲ့ ဖုန်းကိုင်နိုင်ဖို့၊ ဖုန်းပြော နိုင်ဖို့ကိစ္စနှစ်ကာလ အကြာကြီး စောင့်ရမယ့်ကိန်းဆိုက်သွားနိုင် ပါတယ်။ ဒီတော့ လွှတ်တော်ဘက်က ပြည်သူ့အကျိုး၊ တိုင်းပြည်အ ကျိုးကိုရှေးရှုတဲ့ ဆက်သွယ်ရေး ဥပဒေ အမြန်အတည်ပြု ပေးနိုင် ဖို့ လိုပါတယ်။

ဒီလိုမလုပ်ခဲ့ရင် လွှတ်တော် ကအတည်ပြုလိုက်တဲ့ ဥပဒေ ကြမ်းကို သမ္မတက ပြင်လိုတာတွေ လွှတ်တော် ကိုပြန်ပို့၊ လွှတ်တော် မှာပြန်ဆွေးနွေးအတည်ပြုပြီး သမ္မတဆီပြန်ပို့၊ သမ္မတက ဥပဒေ လက်မှတ်ရေးထိုး ထုတ်ပြန်၊ နည်းဥပဒေတွေပြဌာန်း ဒီလိုနည်း နဲ့ အချိန်အများကြီးကြာသွား နိုင်ပါတယ်။

အတည်ပြုမယ့် ဥပဒေမကောင်းရင် လက်ရှိတင်ဒါ အောင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီ တွေ အလုပ်မစနိုင်ဘဲ တိုင်းပြည် ရဲ့ မိုဘိုင်းဖုန်းပြဿနာ ရှည်ကြာ သွားစေနိုင်ပါတယ်။

ဒီအတွက် ပြည်သူတွေရဲ့ မိုဘိုင်းဖုန်းပြဿနာအဆင်ပြေ နိုင်ဖို့ လတ်တလောမြန်မာ့ဆက် သွယ်ရေးက နက်ဝပ်တွေအမြန်တိုး ချဲ့ပြီး အခုလစဉ်ချပေးနေတာ ထက် ပမာဏများတဲ့ဆင်းမ်ကတ် တွေ ချပေးနိုင် အောင် ကြိုး စားပေး ပါ၊

လွှတ်တော်ဘက်ကလည်း ပြည်သူ့အကျိုးတိုင်းပြည် အကျိုးရှိ တဲ့အချက်တွေပါဝင်တဲ့၊ တင်ဒါအောင်တဲ့ နိုင်ငံခြားကုမ္ပဏီ တွေ အမြန်အလုပ်စနိုင်မယ့် ဆက်သွယ်ရေးဥပဒေကြမ်းကို အမြန်ဆွေးနွေး အတည်ပြုပေး ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက် ရပါတယ်။


သြဂုတ်(၆)
စည်သူအောင်မြင့် ၊
ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group
ဆက်ဖတ်ရန်>>>

မိုဘိုင်း ဆင်းမ်ကဒ်အကြောင်း သိကောင်းစရာ




SIM Card ဆိုတာ subscriber identity module သို့မဟုတ် subscriber identification module လို အရှည်ခေါ်ပါတယ်။ မြန်မာလို တိတိကျကျကြီး ဘာသာပြန်ရရင် လစဉ်/ နှစ်စဉ်ကြေး ပေးသွင်းသူ၏ အထင်အရှားလက္ခဏာ များအား သိမ်းဆည်းထားရာ အစိတ်အပိုင်းတစ်ခု လို့ အဓိပ္ပါယ် ရပါတယ်။

တစ်ခါတစ်လေကျရင် တိတိကျကျကြီး ဘာသာပြန်လိုက်တာထက် အင်္ဂလိပ်လို မှတ်သားတာ အကောင်းဆုံးပါပဲ။ သူက Portable Memory Chip လိုမျိုးပါပဲ။ ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာအတွက် အထောက်အပံ့ ပေးတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့အတွက် စကားပြောလိုလို့ ရမယ်၊ စကား အသံ အဖြစ်သို့ ပြောင်းလဲပေးမယ့် Transmitter, Receiver ပါရှိ တယ်လီဖုန်းနဲ့ တွဲဆက်အသုံးပြုလိုက်တဲ့အခါ မိုဘိုင်းဖုန်း ဆိုပြီး ဖြစ်လာပါတယ်။

ပါဝင်တဲ့အစိတ်အပိုင်းများက ပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ SIM card မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏလည်း အသင့်တင့် ရှိပါတယ်။ ယင်းကလည်း ထုတ်လုပ်သူအပေါ်မှာ မူတည်ပါတယ်။ ကျနော် တို့ မြန်မာပြည်က SIM Card မှာဆိုရင် Phone Address ဘယ်နှစ်ခု ထည့်သွင်း သိမ်းဆည်းနိုင်တယ်ဆိုပြီး သူ့အကန့်အသတ်နဲ့ သူရှိပါတယ်။


အလုပ်လုပ်တဲ့ Network အပေါ်မှာမူတည်ပြီးတော့ GSM, CDMA, WCDMA အစရှိသဖြင့် ကွဲပြားသွားပါတယ်။ GSM ဆိုရင်တော့ Global System for Mobile Communications (GSM) network ပါ။ ဒီအတွက် SIM Card မှာ ကတည်းက တစ်ခါတည်း Program သွင်းထားတဲ့အတွက် CDMA ပဲ Support လုပ်တဲ့ စမတ်ဖုန်းတွေမှာ ထည့်ပြီး အသုံးပြုလို့ မရပါဘူး။ CDMA တို့ဆိုရင်လည်း ဒီတိုင်းပဲ ဖြစ်ပါတယ်။

SIM ကဒ်ကို အကြမ်းအားဖြင့် အမျိုးအစား လေးမျိုး ထပ်ခွဲပါသေးတယ်။

H1 - သာမန်ကွန်ရက်ကို အသုံးပြုသော ဆင်းမ်ကဒ်
H2 - သာမန်ထက်ပိုကောင်းသော ကွန်ရက်ကို အသုံးပြုသော ဆင်းကဒ်
H3 - ပိုမိုကောင်းမွန်သော ကွန်ရက်
H4 - အကောင်းဆုံး ကွန်ရက် ကို အသုံးပြုသော ဆင်းကဒ်

Normal, Better, Better Better, Best ဆိုပြီး အင်္ဂလိပ်လို အလွယ်ပြော လိုက်ပေမယ့် သူ့မှာ Specification ထပ်ကွဲပါသေးတယ်။ ဧရိယာ အကျယ် အဝန်း၊ အပိတ်အဆို့ (Barrier) ဖြတ်သန်းနိုင်စွမ်း၊ မီတာ အကွာအဝေး အစရှိသဖြင့် ထည့်သွင်းတွက်ချက်ပြီး အဆင့်ကို ခွဲခြားထားခြင်း ဖြစ်ပါတယ်။ H4 အဆင့်ကတော့ သာမန်အရပ်သားတို့ အသုံးပြုဖို့ ထုတ်လေ့ထုတ်ထ မရှိပါဘူး။ စစ်တပ်နဲ့ အရေးကြီးပုဂ္ဂိုလ်များ၊ လုံခြုံရေးဝန်ဆောင်မှုနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေမှာသာ H4 အဆင့်ရှိ SIM Card ကို နိုင်ငံတကာမှာ ပေးသုံးလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ H4 ကဒ် အမျိုးအစားက Bandwidth ပိုစားတဲ့အတွက် အခြား ဖုန်းများရဲ့  လိုင်းဆွဲ အားကို သိသိသာသာ ကျဆင်းစေလို့ ဖြစ်ပါတယ်။

SIM အရွယ်အစားမှာဆိုရင်လည်း Normal SIM, Mini SIM, Micro SIM, Nano SIM အစရှိသဖြင့် အရွယ်အစား အမျိုးမျိုး ထပ်ကွဲပြား ပါသေးတယ်။ ယနေ့ စမတ်ဖုန်းတွေမှာ အများဆုံး အသုံးပြုတာက Mini နဲ့ Micro ဖြစ်ပေမယ့် နောက်ပိုင်း စမတ်ဖုန်းတွေက Nano SIM ကို အသုံးပြုတာကို ဦးတည်လာကြပါတယ်။ SIM ထုတ်သူများက နိုင်ငံတကာ နဲ့ တန်းတူဖြစ်အောင် SIM အရွယ်တစ်ခုကို သတ်မှတ်ပြီး ထုတ်ထား ခြင်းပါ။ Clearance အနေနဲ့ အပြင်အသားက သိသိသာသာ ပိုပါတယ်။ ယင်းအသားက မပါလည်း ဖုန်းကွန်ရက်ကို မထိခိုက်စေပါဘူး။ ရွယ်ရွယ်ချက်က စမတ်ဖုန်းတွေထဲ ထည့်တဲ့အခါ အဆင်မပြေရင် ဖြပ်ညှပ် လိုက်လို့ရအောင်ပဲ ဖြစ်ပါတယ်။ ယင်းတစ်ချက်တည်းတော့ မဟုတ်ပါဘူး။

SIM ကဒ်ထုတ်သူ Company ရဲ့  အချက်အချက်ကို ထည့်သွင်းရေးသားဖို့ အတွက်လည်း နေရာ ဖြစ်ပါတယ်။ အခြားအကြောင်းပြချက်လည်း ရှိပါ သေးတယ်။ ထားလိုက်ပါ။ ကဒ်ရဲ့  အထူကတော့ အားလုံး ၀.၇၆ မီလီမီတာ ဖြစ်ပါတယ်။

Service Provider များက သက်ဆိုင်ရာ SIM Card များရဲ့  Data Security နဲ့ Phone call များအား လုံခြုံမှုရှိအောင် ထိန်းသိမ်းပေးရ ပါတယ်။ ဖုန်း အဝင်အထွက်၊ ကြာချိန်၊ နာရီစက္ကန့်အားလုံး Service Provider တို့ Data Center မှာ ရှိပါတယ်။ အကယ်၍ SIM Card ရဲ့  Data နဲ့ ပက်သက်လို့ သို့မဟုတ် အသုံးပြုမှု အမှားအယွင်း တစ်ခုခုဖြစ်ပေါ်ရင် Lock ကျစေမ့ယ် စနစ်လည်း ပါဝင်တာကို လူတိုင်း သိမှာပါ။


GSM Network မှာတောင်မှ 1G, 2G,3G,3.5G, 4G အစရှိသဖြင့် ထပ်ကွဲ ပါသေးတယ်။ ယနေ့ အများစု အသုံးပြုမှုက 3G ဖြစ်ပြီး ဗီဒီယိုနဲ့ Data ပါ Transfer လုပ်လို့ ရပါတယ်။ 4G ကတော့ နောက်ဆုံးပေါ် နည်းပညာပါ။ ဥရောပမှာဆိုရင် LTE လို့ ခေါ်ပါတယ်။ 4G လည်း Voice, Video, Data Tranfer ပါပဲ။ သို့ပေမယ့် Speed ကျတော့ 3G ထက်သိသိ သာသာ ကောင်းသွား ပါတယ်။

2G က မလုံခြုံပါဘူး။ 2G ကွန်ရက်သုံးတဲ့ ဖုန်းဖြစ်ရင် လုံခြုံရေးနဲ့ ပက်သက် လို့ အရေးကြုံတဲ့အခါ ကဒ်ကိုဖုန်းထဲက ထုတ်ထားတာ အကောင်း ဆုံးပဲလို့ လေ့လာဖူးပါတယ်။ ယင်း Module က Device ထဲ ထည့်ထားတဲ့ အခါ ဖုန်းကို Power out ထားလည်း ကွန်ရက် Center ကနေ ထောက်လှမ်းလို့ လွယ်ကူလို့ ဖြစ်ပါတယ်။



thanks to
               အောင်ခမ်း (TSJ team)
ဆက်ဖတ်ရန်>>>

Tuesday, August 6, 2013

how to repair touchscreen in china mobile

this is touch in china mobile

Touch Screen IC 4182A and MT6301 same. See X- X+ Y+ Y-


every china display info of x-x+y-y+ or XR,XL,YD,YU See pix





XL XR
YD YU
LIKE THIS

XL =X LEFT
XR =X RITE
YD =Y DOWN
YU =Y UP

X+ =XR
X- =XL
Y+ =YU
Y- =YD

SEE PIX




how to find in touchscreen who x-x+y-y+

see the track in touchscreen


see two down side track two up side up side track x-x+ down site track y-y+
or up side XL,XR down side YU,YD



NOW YOU HAVE BOTH INFO ABOUT TOUCH AND DISPLAY X- X+ Y- Y+



Touch Screen IC 4182A and MT6301 same. See X- X+ Y+ Y- reference my picture jumper.

Touch Screen use of 4-wire resistance screen, four lines are: X1, X2, Y1, Y2
X1, X2 in the horizontal direction for a change in the resistance, Y1, Y2 for the longitudinal resistivity.
How do you know which line is a two x1 x2 y1 y2? Touch panel along the four lines above are facing their own look at the screen from top to bottom in the line is about on both sides of the x1 x2 is y1 y2. Established phone touch screens measuring four points of the voltage. Two 2.7V and two 0v . two voltage are measured after boot. 2.7 v is y. X is not the voltage.
After corresponding with xy can generally be connected. If the touch panel screen and click position opposite or reverse. Swap contrast x-y reversed.












ဆက်ဖတ်ရန်>>>