Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, February 23, 2013

odin downloader စုစည်းမှု နှင့် ဗဟုသုတ

Samsung Android  ဖုန်း official firmware ရေး ရင် သုံး ရ မဲ့ odin multi downloader tool ကို ဖုန်း မော်ဒယ် အလိုက် odin version များ ကို ဖော် ပြ ပေးသွား ပါမယ် ။ odin version အများ ကြီး ရှိ တဲ့ အတွက် မှား ရေးရင် မကိုက်တဲ့အခါ fail ဖြစ် ပြီးရေး မရတာ တွေ ရှိ ပါ တယ် ။တခါ လေ Boot သေ(ပါဝါ ပျောက်) တဲ့ ထိ ဖြစ် တက် ပါတယ် ။ထို့ ကြောင့်  ဗဟုသုတ ရ စေ ရန် ဖော်ပြ ပေး လိုက်ပါ တယ် ။

ODIN Multi Downloader v3.98

Samsung I7500 Galaxy


ODIN Multi Downloader v4.03

Samsung T919 Behold
Samsung T939 Behold 2

ODIN Multi Downloader v4.16

Samsung I7500 Galaxy

Odin Multi Downloader v4.29

Samsung Galaxy I5510L

ODIN Multi Downloader v4.28
ODIN Multi Downloader v4.34

Samsung i5500 Europa
Samsung I5500 Galaxy Europa
Samsung Galaxy 551 I5510
Samsung I5700 Galaxy Spica
Samsung I5800 Galaxy Apollo
Samsung I7500 Galaxy

ODIN Multi Downloader v4.43

Samsung Galaxy Gio S5660
Samsung Galaxy Mini S5570
Samsung Galaxy Fit S5670
Samsung Galaxy Ace S5830
Samsung Galaxy Xcover S5690
Samsung Galaxy Y Pro B5510
Samsung Galaxy Pro B7510
Samsung Galaxy M Pro B7800


Odin Multi Downloader v4.43

Samsung Galaxy S Plus I9001
Samsung Galaxy W I8150
Samsung Exhibit II 4G T679 (T-Mobile
Samsung Galaxy W T679M (Bell)

ODIN Multi Downloader v4.252

Samsung I5800 Galaxy Apollo
Samsung I5700 Galaxy Spica
Samsung I7500 Galaxy

ODIN Multi Downloader v1.70

    Samsung I9000 Galaxy S
    Samsung I9010 Galaxy S
    Samsung Galaxy Tab P1000
    Samsung Galaxy Tab wifi P1010
    Samsung I9010 Galaxy S Giorgio Armani


ODIN Multi Downloader v1.81
ODIN Multi Downloader v1.82
ODIN Multi Downloader v1.83
    Samsung Galaxy S I9000
    Samsung Galaxy S II I9000
    Samsung Galaxy SL I9003
    Samsung Galaxy Giorgio Armani I9010
    Samsung Google Nexus S I9020
    Samsung Google Nexus S i9020A
    Samsung Google Nexus S i9023
    Samsung Galaxy Tab P1000
    Samsung Galaxy Tab wifi P1010
    Samsung Galaxy Note N7000

ODIN Multi Downloader v1.84

    Samsung Galaxy Y S5360
    Samsung Galaxy Y S5363


ODIN Multi Downloader v1.85

Samsung Galaxy S II I9100
Samsung Galaxy S II I9100G
Samsung Galaxy S II I9100P
Samsung Galaxy Tab 10.1v P7100
Samsung Galaxy Y S5360
Samsung Galaxy Y S5363
Samsung Galaxy Tab wifi P1010
Samsung Galaxy Tab 8.9 P7300
Samsung Galaxy Tab10.1 P7500
Samsung Galaxy Tab 10.1 WiFi P7510
Samsung Galaxy Y Pro B5510
Samsung Galaxy Note N7000
Samsung Galaxy S II Skyrocket SGH-I727
Samsung Galaxy S II LTE SGH-I727R
Samsung Galaxy S II SGH-I777
Samsung DoubleTime SGH-i857
Samsung Captivate Glide SGH-i927
Samsung Galaxy S Glide SGH-i927R
Samsung Galaxy Tab 8.9 LTE SGH-i957
Samsung Infuse 4G SGH-I997
Samsung Dart SGH-T499
Samsung Gravity Smart SGH-T589
Samsung Galaxy Q SGH-T589R
Samsung Galaxy Tab 7.0 Plus SGH-T869
Samsung Galaxy S Fascinate 4G SGH-T959P
Samsung Hercules SGH-T989
SCH-I500 Mesmerize
SPH-M820 Prevail
SPH-M910 Intercept
SCH-R880 Acclaim
SCH-R910 Indulge
SGH-I897 Captivate
SGH-I997 Infuse
SGH-T589 Gravity
SGH-T839 Sidekick
SGH-T959 Vibrant
SGH-T959v Galaxy S 4G
SPH-D700 Epic 4G
SPH-D720 Nexus S 4G
SPH-M580 Replenish
SPH-M920 Transform
SCH-I400 Contunuum
SCH-I500 Fascinate
SCH-I510 Droid Charge
SGH-I917 Focus

Odin3 v1.87

Samsung Galaxy Note N7000


odin 3.04
Odin (v3.06)
Odin (v3.07)

s3 i9300
note 2 N7100



ပြန်လည် ဝေမျှ ပါ က http://www.mobilehouse.co.nr ကို ပြန်ညွှန်း ပေးကြပါ ခင်ဗျာ ။

ဆက်ဖတ်ရန်>>>

samsung ဖုန်း ကိုင် သူ များ သတိထားရန်

လက် ရှိ Samsung Android ဖုန်း တွေ ရဲ့ error တွေ ကို ရှောင် နိုင် စေ ဖို့ http://www.mobilehouse.co.nr မှ တင် ပေးလိုက်ပါ တယ် ။
ဆက်လက် မျှဝေ ပေးကြပါ ။

1 . ဖုန်း မှ တိုက်ရိုက် online update  မပြု လုပ် သင့် ပါ ။ ပါဝါ မလာတော့ သည်ထိ ဖြစ် နိုင်သည် ။

2.  Android version 4.1.2 သို့ မတင် သင့် သေးပါ ။ 4.1.2 တွင် error များ ရှိ နေ သည် ။ ပြန်ပြင် မရ တော့ သည် ထိ ပျက် နိုင် သော error များ ရှိ သည် ။

3.  offical firmware များ ကိုယ် တိုင် ရေးပါ က boot သေတက် သည် ။အချို့ ဖုန်း များ သည်
 Boot ပြန်ခေါ် လို့ မရ သေးသော ကြောင့် ကိုယ် တိုင် ဆော့ဝ် မရေးသင့် ပါ ။

4.  samsung ဖုန်း များ သည် ဟောင်ကောင် မှ ၀င် ရောက် နေ  သဖြင့် သေချာ စစ် ဆေး ပြီး မှ ၀ယ်ယူ သင့် ။ ဖုန်း နောက် ဘက်ထရီ ဖြုတ် ရင် မော်ဒယ် ရေး ထား သော စာရွက် တွင် class B ဆို တဲ့ စာသား ပါ လျှင် စိတ် အချ ရဆုံး ဖြစ် သည်။ စက်ရုံ မှ စစ်ဆေး ပြီး ဖြစ် သည် ။ လက် ရှိ ဟောင်ကောင် မှ အ၀င် များ သော ဖုန်း များ မှာ galaxy s i9000 , S koeria M110S, s2  i9100 တွေပါ ။
ထို ဖုန်း များ သည် ဈေး မှာ ပေါက် ဈေး ထက် နည်း နေ တက်သည် ။ ထို ဖုန်း များ သည် cpu speed မကောင်း ခြင်း  ဟန်း ခြင်း ၊ ဆော့ဝ် ကြောင် ခြင်း နှင့် အခြား ပြစ်ချက် များ စွာ ဖြစ် တက် ပါသည် ။

အဆင် ပြေ ပါ စေ ...
Mobile House (admin ရဲရင့် အောင် )
ဝေမျှ ပါ က http://www.mobilehouse.co.nr ကို ပြန်လည် ရည်ညွန်း ပေးပါ ။


ဆက်ဖတ်ရန်>>>

ZTE မှထုတ်မည့် ၅ လက်မ အရွယ်၊ဈေးသက်သာ၊ အဆင့်မြင့် စမတ်ဖုန်း Nubia Z5



တရုတ် ZTE ကုမ္မဏီမှ ထုတ်လုပ်တဲ့ ဖုန်းဆိုပေမယ့် ဥရောပ- အီတလီ ဒီဇိုင်နာများ ဖန်တီးပေးထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ဈေးကလည်း အမေရိကန်ဒေါ်လာ ၄၀၀ ကျော်ဝန်းကျင်ဆိုတော့ မြန်မာပြည်မှာလည်း ၄ သိန်းဝန်းကျင်ပဲ ပေါက်ဈေးရှိမယ့်ဖုန်း ဖြစ်ပါတယ်။

တကယ် အဆင့်မြင့်စမတ်ဖုန်းပါပဲ။ ကင်မရာက 13 megapixel ရှိပြီး ရှေ့ က Video Calling camera က 2 megapixel ရှိပါတယ်။ အရွယ် ၅ လက်မ ဆို ပေမယ့် Resolution ကလည်းအကောင်းဆုံးပဲ ဖြစ်ပါတယ်။း 1080p ရှိပြီး 440ppi ဖြစ်ပါတယ်။ Processor လည်း 1.5GHz Snapdragon S4 Pro ဆိုတော့ ယခု နောက်ဆုံးထွက် ဖုန်းများရဲ့  Processor များလိုပဲ ဖြစ်ပါတယ်။ 2GB of 533MHz RAM , 32 GB က နဂိုပါဝင်ပြီးသား ဖြစ်ပြီး Storage ကို microSD ကဒ်နဲ့တောင် ထပ်တိုးလို့ ရပါသေးတယ်။

တစ်ခုထူးခြားချက်က iPhone တွေလိုပဲ အလူမီနီယံသားနဲ့လုပ်ထား တာ ဖြစ် ပါတယ်။ သို့ပေမယ့် ZTE ရဲ့  ဖော်မြူလာနဲ့ လုပ်ထားတဲ့ အလူမီနီယံ ကိုယ်ထည်က ထူခြားကောင်းမွန် တယ်လို့ သူတို့ ပြောဆိုထားပါတယ်။ အထူကလည်း ၇.၆ မီလီမီတာ ဆိုတော့ ကမ္ဘာ့ပါးလွှာဖုန်းပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အပါးဆုံးလို့ တောင် ကြွေးကြော်ခဲ့ဖူးတဲ့ iPhone 5 နဲ့ အတူတူပဲ ဖြစ် ပါတယ်။

ကင်မရာကောင်း၊ မျက်နှာပြင် resolution ကောင်းတာတော့ သေချာပေမယ့် သူ့ရဲ့  Performance က ဘယ်လိုလာမလဲ ဆိုတာတော့ သေချာ မသိသေး ပါဘူး။ ၂၀၁၃ ဇန်နဝါရီလ CES ပြပွဲမှာ ဝင်ရောက်ပြသပြီး မကြာမီ ဖြန့် ချိ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocektlint
Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>

လေယာဉ်ပေါ်တွင် ဆဲလ်ဖုန်းအသုံးပြုခြင်း




အရင်ကဆိုရင် လေယာဉ်ပေါ်မှာ ဆဲလ်ဖုန်း အသုံးပြုခွင့်ကို ပိတ်ပင်ပါတယ်။ ယခုအချိန်ထိလည်း နိုင်ငံအများစုမှာ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။


အကယ်၍ တစ်ယောက်ယောက်က လေယာဉ်ပေါ်မှာ ဖုန်းပြောရင် ထိုခိုက်စေမယ့် ယူနစ် သုံးခု ရှိပါတယ်။ အဲဒါတွေကတော့

၁။ လေယာဉ် GPS

လေယာဉ်ရဲ့  GPS တင်မကပဲ ဂြိုလ်တုဆက်သွယ်ရေးနစ်၊ မြေပြင် ဆက်သွယ်ရေး လမ်းကြောင်းအားလုံးမှာ ဆဲလ်ဖုန်းရဲ့  Wave တွေရောနှောနေမျာ ဖြစ်ပါတယ်။ ဒီတော့ လိုချင်တဲ့ သတင်းအချက် အလက်ကို မှန်မှန်ကန်ကန် မရရှိတော့ပဲ လေယာဉ်တိမ်းမှောက်တဲ့အထိ ဖြစ်စေပါတယ်။

၂။ နိုင်ငံပိုင် ဆက်သွယ်ရေးတိုင်များ

လေယာဉ်ပေါ်မှာ ဖုန်းပြောပြီဆိုရင် ဘယ်နိုင်ငံရောက်ရောက် ရောက်လေရာ နိုင်ငံက နီးစပ်ရာ တာဝါတိုင်နဲ့ သွားချိတ်ပါတယ်။ ချိတ်တာမှ တစ်ခုတည်းနဲ့ မဟုတ်ပ တိုင်အားလုံးမှာ သွားညှိပါတယ်။ ဒီတော့ နိုင်ငံရဲ့  ဆက်သွယ်ရေး ကွန်ရက်ကြီး တစ်ခုလုံးကို ထိခိုက်စေပါတယ်။

၃။ လေဆိပ်ဆက်သွယ်ရေး

လေယာဉ်အဆင်း၊ အတက်တွေမှာ အထူးသဖြင့် ဖုန်းပြောခွင့်ကို ပိတ်ပင်ထားပါတယ်။ ဘာလို့လဲဆို လေဆိပ်မှာရှိတဲ့ ဆက်သွယ်ရေး တာဝါ တိုင်များနဲ့ သွားညှိပါတယ်။ အကျိုးဆက်ကတော့ လေယာဉ်မောက်ဖို့ ပါပဲ။

မော်ဒန်ခေတ်နှင့်  လေယာဉ်ပေါ် ဆက်သွယ်ရေး

အခုတော့ ခေတ်မှီသွားပါပြီ။ နိုင်ငံကြီးက လေယာဉ်တွေမှာ သီးသန့် ဂြိုလ်တုဖုန်း ခွဲထားပေးတာတော့ အမေရိကန်မှာဆို ၁၀ နှစ်မကတော့ပါဘူး။ လေယာဉ်ပေါ်ကနေ အင်တာနက်သုံးလို့ရအောင်တောင် ဖန်တီးပေးပါတယ်။ ဒါက လေယာဉ်နဲ့ မြေပြင်က ဆက်သွယ်ရေး တာဝါတိုင်များနဲ့ ဆက်စပ်မှု မရှိအောင်လည်း ဖန်တီးထားပါတယ်။ ယခုဆို ကိုယ့်ဖုန်းကို လေယာဉ်ပေါ်မှာ အသုံးပြုလို့ရတဲ့အထိ ဆားဗစ်ပေးတဲ့ လေယာဉ်လိုင်းနဲ့ ကုမ္မဏီများ ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>

Samsung Galaxy S4 မေလနောက်ပိုင်းထွက်မည်



လက်ဘနွန်အခြေဆိုက် Samsung ရုံးခွဲမှ ထွက်ရှိတဲ့ သတင်းလို့ ဆိုကြပါ တယ်။

ဒါကတော့ CES မှာ Samsung Galaxy S4 ကို ပြသပေမယ့် လာမယ့် မေ လ နောက်ပိုင်းမှာသာ ထွက်ရှိစေမှာ ဖြစ်ကြောင်း သိရပါတယ်။ ငါးလ လောက်ခြားရခြင်း အကြောင်းအရင်းကတော့ လက်ရှိ Samsung Galaxy S3 ရောင်းအားလုံးကိုရော၊ အသုံးပြုနေသူများ အတွက်ပါ ငဲ့ညာခြင်း သဘော ဖြစ်ပြီး ဒီငါးလ အတွင်း S3 ကိုပဲ အချိန်နဲ့တစ်ပြေးညီ Upgrade လုပ် အသုံးပြုစေဖို့ တိုက်တွန်း ထားပါတယ်။

အထက်ပါ ပုံမှာ မြင်တွေ့နေရတဲ့ဖုန်းကို Samsung Galaxy S4 ပါလို့ နိုင်ငံတကာ သတင်း ဝဘ်ဆိုဒ်တွေမှာ ပြန့်နှံ့ပါတယ်။ Samsung မှ ထွက်ရှိလာတဲ့ Press Image လို့ဆိုပြီး သူ့ရဲ့  ပြောင်းလဲမှု အနည်းငယ်သာ ရှိတဲ့ ပုံစံကို ယခုလို မြင်တွေ့ ရပါတယ်။ လာမယ့် CES ရော၊ Mobile World Congress မှာရော Samsung Galaxy S4 စမတ်ဖုန်းကို ဝင်ရောက် ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint.
Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>

Samsung တို့ ကိုယ်ပိုင် OS သုံး စမတ်ဖုန်း ထွက်ရှိတော့မည်



Samsung ကိုဆိုရင် Android OS ပဲမှီခိုနေရတယ်လို့ ထင်နေသူများအတွက် အပြောင်းအလဲ ဖြစ်သွားစေမယ့် သတင်း ဖြစ်ပါတယ်။ Samsung တို့ ကိုယ်ပိုင် OS သုံး စမတ်ဖုန်းများ ထုတ်ဖော်ပြသတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၃ ဇန်နဝါရီလ CES ပွဲမှာ Samsung တို့ ကိုယ်တိုင်လုပ်ထားတဲ့ စမတ်ဖုန်း OS ဖြစ်တဲ့ Tizen ကို အသုံးပြုတဲ့ စမတ်ဖုန်း တစ်မျိုးကို ထုတ်ဖော် ပြသမှာ ဖြစ်ပါတယ်။ ယင်း Tizen ဟာ HTML 5 ကိုအခြေခံလို့ ရေးဆွဲထားတဲ့ OS ဖြစ်ပြီး ဂျပန် မိုဘိုင်းဆက်သွယ်ရေး ကုမ္မဏီ Docomo နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။

ယင်း OS ကို စမတ်ဖုန်းတင်မကပဲ၊ Tablet, ကွန်ပြူတာ၊ ကား အတွင်းထိန်း ချုပ်စနစ်၊ စမတ်တီဗီ အစရှိတဲ့ အီလက်ထရောနစ် ကုန်ပစ္စည်း တိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Samsung Galaxy S4 ကို ထုတ်ဖော်ပြသခြင်း နဲ့အတူ Tizen OS သုံး ဖုန်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ သတင်းမီဒီယာများက အတည်ပြုပြောကြားတဲ့ သတင်း ဖြစ်ပြီး Tizen ကို မြင်တွေ့ရတေ့မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>

မိုဘိုင်းဖုန်းနှင် ဆက်စပ်သော စိတ်ရောဂါသစ် တွေ့ရှိ




ရယ်စရာ မဟုတ်ပါဘူး။ တကယ် ရောဂါ စစ်စစ်ဖြစ်ပါတယ်။ ဟန်းဖုန်း မရှိတော့ တာမျိုး၊ ဟန်းဖုန်း ပါဝါကုန်သွားတာမျိုး၊ ဟန်းဖုန်း ဘေလ်ကုန် သွားတာ မျိုးကျရင် စိတ်ဓာတ်ကျဆင်းမှုနဲ့ အခြား မအီမသာ ခံစားချက် တစ်ခု ဖြစ်ပေါ်ပြီး ယင်းစိတ်ရောဂါကို Nomophobia လို့ အမည်ပေး ထားပါ တယ်။


အရှည်ခေါ်ကတော့ no-mobile-phone phobia ဖြစ်ပါတယ်။ ဖုန်း ပါဝါ ကုန်သွားလို့ ဘက်ထရီအားမဖြည့်ရသေးတာမျိုး၊ ဖုန်းဘေလ်ကုန်သွားလို့ စိတ်ညစ်ရတာမျိုးကတော့ တော်များများ တွေ့ကြုံရပါတယ်။ နောက် တစ်နေရာရာ သွားတဲ့အခါ ဖုန်းမေ့ခဲ့တာတို့၊ ဖုန်းပျောက်သွားတာ တို့ ဖြစ်ရင် လည်း ပိုဆိုးတဲ့ စိတ်ခံစားချက် တစ်ခုကို ရပါတယ်။ ပြီးတော့ အသံတစ်ခုခု ကြားတာနဲ့ မက်ဆေ့ခ်ျဝင်တယ်၊ ဖုန်းလာ တယ်လို့ ထင်နေရာကလည်း ယင်း Nomophobia စိတ် ရောဂါ အခြေအနေ တစ်ခု ဖြစ်ပါတယ်။

ဖုန်းရဲ့  လူ့ဘဝ လုပ်ငန်းဆောင်တာမှာ ပါဝင်တဲ့ အစိတ်အပိုင်းက ကြီးမား လာပြီး စိတ်ပိုင်းဆိုင်ရာ တစ်ခုလုံးကို လွမ်းမိုးလာတာမျိုးတို့ ဖြစ်တတ်ပါ တယ်။ ဖုန်းမရှိရင်၊ဖုန်းလေးမှ မဆက်ရရင် အထီးကျန်တယ်လို့ ထင်မြင် လာတတ်ကြပြီး ဖုန်းကိုအခြေပြုလို့ နေထိုင်မှုများ ပြုလုပ်ပါတယ်။ Nomophobia ရဲ့  နောက်ဆက်တွဲကတော့ အထီးကျန်တယ်လို့ ခံစားရတဲ့ စိတ်ရောဂါ အခြေအနေ တစ်ခုသို့ ရောက်ရှိနိုင်စေတယ်လို့ လေ့လာသူတို့က ဆိုထားပါတယ်။
--
Ref: wiki
Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>

ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင်



ငွေ ၁ သိန်းအောက်ပဲ တတ်နိုင်မယ်ဆိုရင်

ငွေ ၁ သိန်းအောက်ဆို ကိုယ်လိုက်လို့ မှီနိုင်တာ အများစုက Java ဖုန်းပါပဲ။ သို့ပေမယ့် ၈ သောင်း၊ ၉ သောင်းနဲ့ဆိုရင် Android ဖုန်း ကောင်းကောင်း တစ်လုံး ဝယ်သုံးလို့ရတဲ့ အခြေအနေလည်း ရှိပါတယ်။ များသောအားဖြင့် ကတော့ မော်ဒယ်နိမ့် Huawei ဖုန်းများ ဖြစ်ပါတယ်။

ငွေ ၁ သိန်းနဲ့ ၂ သိန်းကြားတတ်နိုင်မယ်ဆိုရင်

ဒီမှာကျ Android ဖုန်း တော်ရုံ ကောင်းကောင်းလေးတော့ သုံးလို့ အဆင်ပြေနေပါပြီ။ ဒီမှာကျ လူတော်တော်များများ ကိုင်ဖြစ်တာက တရုတ် Huawei , Samsung, Sony ဖြစ်ပါတယ်။ User အများဆုံး နှစ်ခုက Huawei နဲ့ Samsung ဖြစ်ပြီး Sony က လည်းရောင်းအားသွက်ပါတယ်။ ပစ္စည်းတိုင်း မှာ အားနည်းချက် အားသာချက်ကိုယ်စီတော့ ရှိတာပါပဲ။

Huawei ဆိုရင် တရုတ်ပြည်မ ထုတ် ပစ္စည်းဖြစ်ပြီး Touch အပိုင်းမှာ သိပ် အားမရဘူးလို့ဆိုပါတယ်။ ကင်မရာကလည်း Samsung နဲ့ Sony တို့လောက် သိပ်တောက်တောက်ပြောင်ပြောင်ပုံ မထွက်ဘူးလို့ ဆိုပါတယ်။ သို့ပေမယ့် အားသာချက်က ဈေးသက်သက်သာသာနဲ့ Specification မြင့် ဖုန်း သုံးရခြင်း ဖြစ်ပါတယ်။ ငွေ ၁သိန်း ၇သောင်းကျော်လောက် ရှိရုံနဲ့တင် နောက်ဆုံးထွက် နီးနီး အဆင့်မြင့် Android ဖုန်း ရတယ်ဆိုတာ Huawei မှာပဲ ရှိပါတယ်။

Samsung ကတော့ အခြား ပစ္စည်းများနဲ့စာရင် အကြမ်းခံတယ်လို့ ဆိုပါတယ်။ အကြမ်းခံတယ်ဆိုတာထက် ဈေးနှုန်းနဲ့ ပစ္စည်းနဲ့ တိုက်ရိုက်အချိုးကျတဲ့ ပစ္စည်းဖြစ်တယ်လို့ ဆိုကြပါတယ်။ ၁ သိန်းတန်လည်း ၁ သိန်းတန်အလျောက်၊ ၁ သိန်းခွဲဆိုလည်း ၁ သိန်းခွဲအလျောက် သူ့ရဲ့  လုပ် ဆောင်ချက်က တိုက်ရိုက်အချိုးကျပါတယ်။ ၂ သိန်းလောက်အထ တတ်နိုင်တယ်ဆိုရင် Samsung Galaxy စီးရီးထဲကနေတောင် ဝင်ကြည့်လို့ ရပါတယ်။ Y, Ace, Duos အစရှိသဖြင့် စုံစုံလင်လင်ထဲမှာ ၂ သိန်းမကျော်နဲ့ ပစ္စည်းများ ရှိပါတယ်။

Sony ကတော့ ကင်မရာ ကောင်းတဲ့ ဖုန်း ဖြစ်ပါတယ်။ ဈေးချင်း တူရင်တောင် ကင်မရာက တစ်ဘန်းသာတဲ့ ဖုန်း ဖြစ်ပါတယ။် ၂ သိန်းအောက် Sony ဖုန်းတွေထဲမှာ 8 megapixel ကင်မရာ ပါတာ ရှိပါတယ်။ တစ်ခုအားနည်းချက်ကတော့ Android ပါပဲ။ Sony မှာ Android ဗားရှင်း မြင့်မယ်ဆိုရင် အလုပ်ရှုပ်ပါတယ်။ သာမန် အခြား ဖုန်းတွေလို အလွယ်တကူ မရဘူးလို့ ဆိုပါတယ်။

ငွေ ၂ သိန်းမှ ၃ သိန်းကြားဆိုရင်

ဒီမှာ ရွေးလို့ကောင်းတဲ့ ဖုန်းက Android တင်မကပဲ iPhone ပါ ပါဝင်လာပါပြီ။ ဒီကြားထဲမှာဆို အများစု သုံးကြတာက Samsung , Sony , LG, HTC, Nokiaတို့ ဖြစ်ပါတယ်။ သို့ပေမယ့် ကိုးလို့ကန့်လန့်ပါပဲ။ အရမ်းအမြင့်ကြီးမဟုတ်၊ အနိမ့်မဟုတ်တဲ့ ဟန်းဆက်များ ဖြစ်ပါတယ်။ ကင်မရာ ကတော့ 5 mepapixel, 8 megapixel, 13 megapixel လောက်ထိ ရွေးစရာ စုံလာပါတယ်။

၃ သိန်းမှ ၅ သိန်းကြားဆိုရင်

ဒါဆို ရွေးစရာတော်တော်လေးစုံသွားပါပြီ။ အမြင့်ဖုန်းတွေ မှန်းလို့ရပါတယ်။ Samsung Galaxy S3 လည်း ရပါတယ်။ Samsung Galaxy ကြိုက်တဲ့ စီးရီး ရွေးကိုင်လို့ရတဲ့ အနေအထား ဖြစ်ပါတယ်။ Sony လည်း တော်တော်များများ ရွေးလို့ရပါပြီ။ iPhone ဆိုရင်လည်း နောက်ဆုံး မောဒယ် ၂ ခုကို ဖယ်လို့ အောက်က ဘယ်ဟာကိုမဆို ရွေးလို့ ရပါပြီ။

၅ သိန်းအထက် ဖုန်းဆိုရင်

၅ သိန်းအထက် ရှိသူတွေကတော့ လက်တလော အဝယ်များတာက Samsung Galaxy Note 2, HTC Butterfly, iPhone 5 တို့လို တကယ့် အမြင့်ဖုန်းတွေ ဖြစ်ပါတယ်။ Specification တစ်ခုချင်းစီ ယှဉ်ကြည့်စေ ချင် ပါတယ်။ ကိုယ် တစ်ကယ်သုံးလို့ အကျိုးရှိတဲ့နေရာကို သိရင် ဘယ်စဟာကို မဆို ရွေးနိုင်ပါတယ်။


မ၀ယ် သင့် သော ဖုန်း





 တရုတ် Android ဖုန်း တွေ ဟာ လို ချင် စရာ ကောင်း သော် လည်း အပို ပစ္စည်း ရှား ပြီး ပျက် ပါ က ပြင် ဖို့ ခက် သည် ။CPU speed အနေ နဲ့ လည်း နည်းပြီး သုံးရ သည် မှာ စိတ်ညစ် ဖွယ် ဖြစ် သည်။
( Mobile House )


အသုံးပြုသူ နည်းသော ဖုန်း

Blackberry OS သုံးတဲ့ ဖုန်းများ အတော်အသုံးနည်းပါတယ်။ သို့ပေမယ့် အများနဲ့ မတူချင်ဘူး။ သီးသီးသန့်သန့်လေး သုံးမယ်ဆိုရင် ငွေဘယ်လောက်ကုန်ကုန် Blackberry က စတိုင်ထုတ်လုပ် ကောင်းမယ့်ဖုန်းဖြစ်ပါတယ်။ နောက်တစ်ခု ရှိတာက Nokia ရဲ့  Windows ဖုန်း ဖြစ်ပါတယ။် Windows ဖုန်းတွင် ပြည်တွင်းမှာ အတွေ့ နည်းပါတယ်။ ဝယ်သူနည်းတော့ တော်ရုံ ပြည်တွင်းဖုန်းဆိုင်တွေမှာ တင်မရောင်းပါဘူး။ Lumia စီးရီးလက်ရှိ iPhone , Samsung တို့နဲ့ ကမ္ဘာမှာ ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။ ဒီတော့ Windows Phone နဲ့လည်း စတိုင်ထုတ် နိုင်ပါသေးတယ်။

နောက်ထပ် ပြောမကုန်အောင် အမည်စုံသော ဖုန်းတွေလည်း ရှိနေပါသေးတယ်။ Lenovo, Singtech, ZTE တို့အပြင် အခြားသော စင်္ကာပူ ဖြစ်၊ တရုတ်ဖြစ် ဖုန်းများစွာလည်း မြန်မာပြည်မှာ ဈေးသက်သက် သာသာနဲ့ ရနိုင်ပါသေးတယ်။

ဂျီလား စီဒီအမ်အေလား

ဂျီအတွက်က ရွေးစရာများသလောက် CDMA သုံးသူများအတွက် ကတော့ ရွေးစရာ အတော်လေး နည်းပါတယ်။ CDMA support လုပ်တဲ့ ဖုန်း အများစုထုတ်တာကတော့ တရုတ်ပြည် ဖြစ်တဲ့အတွက် တရုတ်ဖုန်းများမှာ CDMA တွေ တွေ့နိုင်ပါတယ်။ Huawei ဆိုရင် CDMA မှာ လူသုံးအများဆုံး ဖုန်းပဲ ဖြစ်ပါတယ်။

အနှစ်ချုပ်

အထက်ပါဖော်ပြမှုက ဈေးအရ အကြမ်းဖျင်းပါပဲ။
အမှန်တကယ် ဖုန်းဝယ်တော့မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ ကိုယ်ဟာ ဘာလုပ်ဖို့ ရည်ရွယ်သလဲဆိုတာကို သေချာ ဆုံးဖြတ်ရပါအုံးမယ်။

ဖုန်းပြောဖို့သက်သက်ပါ။

ဒါဆိုရင် သိပ်အများကြီးစဉ်းစာစရာမလိုပါဘူး။ ကိုယ်ကြိုက်တဲ့ ဖုန်းကို ရွေးလိုက် ရုံပါပဲ။ ငွေအများကြီးတောင် စိုက်စရာ မလိုပါဘူး။ 3G, 4G ရွေးချယ်မှုက မြန်မာပြည်မှာ လုပ်စရာ မလိုသေးပါဘူး။ နိုင်ငံ တကာမှာ တော့ အဆင့်မြင့်တဲ့ 4G နဲ့ 3G ကွန်ရက်ဆိုပြီး ကွဲတဲ့အတွက် ဖုန်းဝယ်မယ်ဆို သေချာရွေးကြ ရပါတယ်။ မြန်မာပြည်မှာတော့ ဒီအတွက် ခေါင်းစားစရာ မလိုသေးပါဘူး။

ဖုန်းပြောမယ်၊ ဂိမ်းဆော့မယ်။

အင်ဂျင်ကို ကြည့်ရပါတော့မယ်။ ဂိမ်းအဆော့ကြမ်းသူများ အနေနဲ့ Processor နဲ့ Chipset အနှိမ့်အမြင့်ကို ပြန်ချိန်ရပါတော့မယ်။ Android မှာဆို လက်ရှိက quad-core စီးရီး တော်တော်လေး ပေါက်ပါတယ်။ Processor, CPU, GPU မြင့်လေလေ ဂိမ်းအတွက် ကောင်းလေပဲ ဖြစ် ပါတယ်။

ဖုန်းပြောမယ်၊ ဂိမ်းဆော့မယ်၊ အင်တာနက် သုံးမယ်။

ဒီသုံးခုလုံးလုပ်မယ်ဆိုရင် နောက်တစ်ချက် ထည့်စဉ်းစားရမှာက မျက်နှာပြင် အရွယ်အစားပဲ ဖြစ်ပါတယ်။ မျက်နှာပြင်ကြီးလေလေ အင်တာနက်သုံးရ အဆင်ပြေလေမို့ ဖြစ်ပါတယ်။ စမတ်ဖုန်းမှာဆိုရင် ၄.၅ လက်မ phablet ခေါ် ကျောက်သင်ဖုန်းမှာဆို ၅.၅ လက်မလောက် အထိ ရွေးစရာ ရှိပါတယ်။ နောက်တစ်ချက် စဉ်းစားစရာကတော့ မြန်မာစာပါပဲ။ Font အတွက် Android မှာဆို Root လုပ်ရတာ၊ iOS မှာဆို Jailbreak လုပ်ရ တာတွေ ရှိပါတယ်။ ဒါကတော့ ပြဿနာ မရှိပါဘူး။ Font အဆင်ပြေ မယ်ဖုန်းကို ရွေးရုံပါပဲ။

ဖုန်းပြော၊ဂိမ်း၊ အင်တာနက်၊ ဓာတ်ပုံရိုက်

ဓာတ်ပုံလည်းရိုက်မယ်ဆိုရင် နောက်ထပ် ရွေးစရာက ကင်မရာ ကောင်းဖို့ ပါပဲ။ လက်ရှိ ကင်မရာ အကောင်းဆုံး ဖုန်းတွေ အတော်များများ ရှိပါတယ်။ ကင်မရာ အနိမ့်ဆုံး 5 megapixel ကနေ 13 megapixel လောက်ထိကို ရှိနေပါတယ်။

လှတာကို ရွေးမယ်

အချို့ ကျတော့ ဘာဆိုဘာမှ မကြည့်တော့ပါဘူး။ ငွေကလည်း လျှံနေတော့ လှတာကို ရွေးချင်ကြပါတယ်။ ဒီအတွက်ကတော့ Limited Edition က အကောင်းဆုံးပါပဲ။ ပြည်တွင်းမှာတင် Limited Edition ဝယ်သုံးတဲ့ သူ တော်တော်များများ ရှိနေပါတယ်။ ကမ္ဘာမှာ အလုံးရေ ဆယ်ဂဏန်း၊ ရာ ဂဏန်းပဲ ထုတ်တဲ့ ဖုန်းတွေကိုတောင် မြန်မာပြည်မှာ အသုံးပြုနေကြကြောင်း သတင်း ကြားသိရပါတယ်။

ဒီတော့ ဘယ်လိုဖုန်းက ကိုယ့်အတွက် သင့်တော်မယ်ဆိုတာ အကြမ်းဖျင်း စဉ်းစားလို့ ရပြီလို့ မျှော်လင့်ပါတယ်။
--
Aung Kham (TSJ team)

www.facebook.com/ads.com.mm
ဆက်ဖတ်ရန်>>>

huawei c8812 offical firmware ( 2013-02-20 )

华为C8812固件(C8812,Android 4.0,V100R001C92B950,中国电信)

2013-02-20|415.55MB

Download
ဆက်ဖတ်ရန်>>>

Samsung galaxy grand GT-i9082 ROOT+CWM-TOUCH

[GUIDE/ROOT/CWM-TOUCH] Samsung galaxy grand Duos GT-i9082

ဖုန်းတစ်ခုခု ဖြစ် လျှင် ပြုလုပ် သူ တာဝန်သာဖြစ်သည် ။

  အဆင့် ၁:
-ADB driver မရှိသေး သူ များ အတွက် Click me !

အဆင့် ၂ :
- recovery ဒီကို ဒေါင်းထားပါ ---> Click me !
- odin 3 ဒေါင်းပါ    Download here 

 -ဖုန်း ပိတ် လိုက်ပါ ။ ပြီးရင် [ Vol down + power + home button (တစ်ချိန်ထဲ ဖိပါ) ] logo တက်လာ တာ နဲ့ လွတ် လိုက်ပါ ။
-vol up နိုပ်ပေးလိုက်ပါ ။

STEP 3 :
-odin 3 ကို ဖွင့် ပြီး ဖုန်းကို ကွန်ပြူတာ နဲ့ ချိတ်ပါ
-If there is a pop-up like Installing ADB drivers let it get finished it is usually updates !!!!
It should look like this




-Driver သိ ပြီး download mode ၀င်တာ မှန်လျှင် အောက်က ပုံ အတိုင် မြင် ရပါမယ် ။
-ဒေါင်းထားတဲ့  CWM-touch_i9082_chotu.tar.zip ကိုဖြည်ပါ ! PDA နေရာမှာ CWM-touch_i9082_chotu.tar.md5 ကို ရွေးပေးလိုက်ပါ ။

it should look like this




STEP 4 :




-Start ကို နိုပ် ပါ 




ခု cwm touch recovery သွင်းပြီးပါပြီ !!!!

fail ဖြစ် နေ ရင် 

 "CWM-touch_i9082_chotu.tar.md5 ကို rename  ""CWM-touch_i9082_chotu.tar" (.md5 ကို ဖြုတ် လိုက်ပါ) ပြီးရင် အစက နေ ပြန် လုပ် ပါ  !

Root လုပ်မယ် :
-Download SuperSu (obviously the latest one) from here ------> Click me !
-externel sdcard ထဲကို ကူးထည့် ပါ (NOT INTERNAL ! )
-ဖုန်းပိတ်ပါ ။ပြီးရင် vol up + power + home button (ဖိနိုပ် ထားပါ)
-Select install zip from sdcard --->choose zip from sdcard ---> က နေ စောစော က ထည့် ထားတဲ့ UPDATE-SuperSU-v1.05.zip ကိုရွေး ပေးလိုက်ပါ

ပြီး ရင် reboot ချ ပေး လိုက်ပါ တက် လာ ရင် Root ရပါပြီ ....
ဆက်ဖတ်ရန်>>>