Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, February 23, 2013

ZTE မှထုတ်မည့် ၅ လက်မ အရွယ်၊ဈေးသက်သာ၊ အဆင့်မြင့် စမတ်ဖုန်း Nubia Z5



တရုတ် ZTE ကုမ္မဏီမှ ထုတ်လုပ်တဲ့ ဖုန်းဆိုပေမယ့် ဥရောပ- အီတလီ ဒီဇိုင်နာများ ဖန်တီးပေးထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ဈေးကလည်း အမေရိကန်ဒေါ်လာ ၄၀၀ ကျော်ဝန်းကျင်ဆိုတော့ မြန်မာပြည်မှာလည်း ၄ သိန်းဝန်းကျင်ပဲ ပေါက်ဈေးရှိမယ့်ဖုန်း ဖြစ်ပါတယ်။

တကယ် အဆင့်မြင့်စမတ်ဖုန်းပါပဲ။ ကင်မရာက 13 megapixel ရှိပြီး ရှေ့ က Video Calling camera က 2 megapixel ရှိပါတယ်။ အရွယ် ၅ လက်မ ဆို ပေမယ့် Resolution ကလည်းအကောင်းဆုံးပဲ ဖြစ်ပါတယ်။း 1080p ရှိပြီး 440ppi ဖြစ်ပါတယ်။ Processor လည်း 1.5GHz Snapdragon S4 Pro ဆိုတော့ ယခု နောက်ဆုံးထွက် ဖုန်းများရဲ့  Processor များလိုပဲ ဖြစ်ပါတယ်။ 2GB of 533MHz RAM , 32 GB က နဂိုပါဝင်ပြီးသား ဖြစ်ပြီး Storage ကို microSD ကဒ်နဲ့တောင် ထပ်တိုးလို့ ရပါသေးတယ်။

တစ်ခုထူးခြားချက်က iPhone တွေလိုပဲ အလူမီနီယံသားနဲ့လုပ်ထား တာ ဖြစ် ပါတယ်။ သို့ပေမယ့် ZTE ရဲ့  ဖော်မြူလာနဲ့ လုပ်ထားတဲ့ အလူမီနီယံ ကိုယ်ထည်က ထူခြားကောင်းမွန် တယ်လို့ သူတို့ ပြောဆိုထားပါတယ်။ အထူကလည်း ၇.၆ မီလီမီတာ ဆိုတော့ ကမ္ဘာ့ပါးလွှာဖုန်းပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အပါးဆုံးလို့ တောင် ကြွေးကြော်ခဲ့ဖူးတဲ့ iPhone 5 နဲ့ အတူတူပဲ ဖြစ် ပါတယ်။

ကင်မရာကောင်း၊ မျက်နှာပြင် resolution ကောင်းတာတော့ သေချာပေမယ့် သူ့ရဲ့  Performance က ဘယ်လိုလာမလဲ ဆိုတာတော့ သေချာ မသိသေး ပါဘူး။ ၂၀၁၃ ဇန်နဝါရီလ CES ပြပွဲမှာ ဝင်ရောက်ပြသပြီး မကြာမီ ဖြန့် ချိ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocektlint
Aung Kham (TSJ team)

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.