Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 13, 2011

Samsung Focus Flash

Design အလျား ၄.၆လက်မ၊ အနံ ၂.၃ လက်မနဲ့ အထူ ၀.၄၃ လက်မရှိတဲ့ Samsung Focus Flash ဟာ ဈေးပေါတဲ့စမတ်ဖုန်းတစ်ခုလို့ ထင်ရပေမယ့် စွမ်းဆောင်ရည်မြင့် အလယ်အလတ်တန်းစားစမတ်ဖုန်းကို ၀ယ်ယူအသုံးပြုလိုသူတွေအတွက် သင့်တော်စေမယ့် စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ အလေးချိန် ၄.၁ အောင်စရှိပြီး ဖုန်းကိုကိုင်ဆောင်အသုံးပြုခြင်းနဲ့ အိတ်ကပ်ထဲထည့်ပြီး သယ်ဆောင်ခြင်းတို့အတွက် သက်သောင့်သက်သာနဲ့ လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။ ဖုန်းမှာတပ်ဆင်ထားတဲ့ display ကတော့ ၃.၇ လက်မအရွယ် Super AMOLED screen ဖြစ်ပြီး ဒီ screen ဟာ အရောင်ပေါင်း ၆၅,၀၀၀ ကို 480x800-pixel WVGA resolution ဖြင့်ဖော်ပြပေးနိုင်ပါတယ်။ Mango လို့ခေါ်တဲ့ Windows Phone 7.5 ကိုအသုံးပြုထားတဲ့အတွက် ဖုန်းရဲ့နောက်ခံ background များနဲ့ icon အရောင်များကိုရွေးချယ်ပြုလုပ်နိုင်ပြီး tile တွေကို start screen ပေါ်မှာ pin လုပ်ခြင်း၊ upin လုပ်ခြင်း၊ ဆက်သွယ်မှုများ၊ app များနဲ့ အခြားအရာများကို screen ပေါ်တွင်ထားခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ဖုန်းရဲ့ဘယ်ဘက်ဘေးမှာတော့ အသံတိုးခြင်း/ကျယ်ခြင်းတို့ကိုပြုလုပ်နိုင်စေမယ့် volume rocker ခလုတ်ကိုတပ်ဆင်ပေးထားပြီး ဖုန်းရဲ့ညာဘက်ဘေးမှာတော့ ဖုန်းအဖွင့်/အပိတ်ခလုတ်နဲ့ ကင်မရာ shutter ခလုတ်တို့ကို တပ်ဆင်ပေးထားပါတယ်။ Micro-USB အားသွင်းပေါက်ကိုတော့ ဖုန်းရဲ့အောက်ခြေဘက်တွင် တပ်ဆင်ပေးထားပြီး ၃.၅ မီလီနားကြပ်ကိုတော့ ဖုန်းရဲ့ထိပ်ဘက်ပိုင်းမှာ တပ်ဆင်ထားပါတယ်။ အလွန်ကောင်းမွန်တဲ့အရာတစ်ခုကတော့ ဖုန်းကို password နဲ့ lock လုပ်ထားရင်တောင်မှ ကင်မရာခလုတ်ကိုနှိပ်ကာဖိထားခြင်းဖြင့် ကင်မရာကိုအသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ ကင်မရာမှန်ဘီလူးကိုတော့ ဖုန်းရဲ့ကျောဘက်မှာ flash နဲ့အတူ တွေ့ရမှာဖြစ်ပါတယ်။ MicroSD card ကို Windows Phone က အထောက်အပံ့ပေးထားခြင်းမရှိတာကြောင့် ဖုန်းရဲ့နောက်ခံအဖုံးကိုဖွင့်လိုက်တဲ့အခါမှာ microSD card ကိုတွေ့မြင်ရမှာမဟုတ်ပါဘူး။ အချက်အလက်သိုလှောင်မှုအနေနဲ့ကတော့ ဖုန်းကထောက်ပံ့ပေးထားတဲ့ 8GB memory ဖြင့် အသုံးပြုနိုင်ပါတယ်။ Features Focus Flash မှာ အခြားစမတ်ဖုန်းတွေလိုပဲ Wi-Fi, GPS, Bluetooth နဲ့ multimedia messaging တို့ကိုအထောက်အပံ့ပေးထားပါတယ်။ ဆက်သွယ်မှုနံပါတ်များကို ဖုန်းရဲ့ memory အလိုက် မှတ်သားသိမ်းဆည်းထားနိုင်ပါတယ်။ အခြား feature များအနေနဲ့ speakerphone, conference calling, voice dialing စတာတွေကိုထောက်ပံ့ပေးထားပြီး clock, calendar, calculator, HTML5 အထောက်အပံ့ပါဝင်တဲ့ Internet Explorer 9, Bing Maps စတဲ့အခြေခံ feature များအပြင် Games hub မှတစ်ဆင့်လည်း Xbox Live ကိုအသုံးပြုနိုင်ရန် ပေါင်းစပ်ထည့်သွင်းပေးထားပါတယ်။ အချက်အလက်သိုလှောင်မှုအနေနဲ့ 8GB သာအသုံးပြုနိုင်ရန် ကန့်သတ်ပေးထားပေမယ့် Windows Phone အသုံးပြုသူတွေအနေနဲ့ အွန်လိုင်းဖိုင်သိုလှောင်မှုဖြစ်တဲ့ SkyDrive မှာ 25GB အထိ သိုလှောင်ထားနိုင်ပါတယ်။ Performance Samsung Focus Flash ကို quad-band (GSM 850/900/1800/1900) ဖြင့်အသုံးပြုနိုင်ပါတယ်။ ပရိုဆက်ဆာအနေနဲ့ 1.4GHz Snapdragon ကိုအသုံးပြုထားတဲ့အတွက် လုပ်ဆောင်ချက်များကို လျင်မြန်စွာပြုလုပ်နိုင်ပါတယ်။ ဘက်ထရီအနေနဲ့ကတော့ 1,500mAh ကိုအသုံးပြုထားပြီး ဖုန်းပြောခြင်းအတွက် ၆.၅ နာရီအကြာအသုံးပြုနိုင်ကာ အသင့်အအနေအထားအတွက် ၁၀.၄ ရက်အကြာ အသုံးပြုနိုင်ပါတယ်။ အားသာချက် - ဒီဇိုင်းလှပတဲ့ Samsung Focus Flash မှာ Windows Phone 7.5, ကြည်လင်တောက်ပတဲ့ Super AMOLED screen, ကင်မရာနှစ်ခုနဲ့ လျင်မြန်တဲ့ 1.4GHz processor တို့ကို အသုံးပြုထားပါတယ်။ စပီကာဖုန်းကလည်း အလွန်ကောင်းပါတယ်။ အားနည်းချက် - Focus Flash ရဲ့ ဖုန်းခေါ်ဆိုမှုအရည်အသွေးဟာ ပုံမှန်မရှိဘဲ VGA ကင်မရာအရည်အသွေးကလည်း မှုန်ဝါးပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ screen ဟာလည်း အနည်းငယ်ကြီးမားဖို့လိုပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.