Galaxy Tab 10.1 တုန်းကလည်း တကယ့် hot-selling ဖြစ်ခဲ့တယ်။ အခုကျတော့ Galaxy Pro လို့ ဆိုပါတယ်။ Samsung ရဲ့ Galaxy Pro က အရင်ထွက်ခဲ့တဲ့ Galaxy Phones တွေနဲ့ အလွန်ကွာခြားပါတယ်။
ဒီ Galaxy Pro က Black Berry Phone လို Style နဲ့ လာတာပါ။ ၂.၈ လက်မရှိတဲ့ touch panel နဲ့ ဖြစ်ပြီးတော့ Qwerty keyboard နဲ့ Galaxy Pro ရဲ့ Style က ဖြစ်ပါတယ်။ ဒီ phone က Android OS 2.2 version နဲ့ run ပါတယ်။ Android OS 2.2 version ကို foryo လို့လည်း ခေါ်ပါတယ်။
ဒီ phone မှာက 3MP ရှိတဲ့ Camera ကို ပိုင်ဆိုင်ထားတယ်။ Display ရဲ့ resolution က 320x240 ရှိပါတယ်။ Audio နဲ့ ပတ်သက်လို့ လွယ်လွယ်ကူကူ earphone နဲ့ နားဆင်နိုင်ဖို့ ပုံမှန် jack အပေါက်ဖြစ်တဲ့ 3.5mm jack နဲ့ ဖြစ်ပါတယ်။ GPS ပါသေးပါတယ်။
Data tarnsfer ကို wireless နဲ့ လုပ်နိုင်ဖို့ Bluetooth 2.1 နဲ့ ဖြစ်ပြီးတော့ WiFi ကို 802.11 b/g/n တွေ ပါပါတယ်။ Data Storage အတွက် 512 MB Storage သာ ပါဝင်ပါတယ်။ ဒါပေမယ့် နောက်ထပ် Storage ပမာဏကို ထပ်တိုးနိုင်ဖို့ Micro SD slot ပါပါတယ်။
ဒီ Galaxy Pro အတွက် ဈေးနှုန်းကို မသတ်မှတ်ရသေးပါဘူး။ UK ဈေးကွက်မှ ဒီနှစ်လယ် လောက်မှာ ရလာမယ်လို့ ဆိုထားပါတယ်။
No comments:
Post a Comment
Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်
*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း
****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။
Admin = ရဲရင့်အောင်
Note: Only a member of this blog may post a comment.