Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Wednesday, November 30, 2011

Symbian Belle (2)

Symbian Belle (2)

       ဒီတစ်ပတ်မှာတော့ Symbian Belle OS ရဲ့ကျန်ရှိတဲ့အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားမှာ
ဖြစ်ပါတယ်။

       Symbian Belle OS မှာဖုန်းရဲ့ Hardware စနစ်ပိုင်းတွေနဲ့ဆော့ဖ်ဝဲစနစ်ပိုင်း လုပ်ဆောင်ချက်တွေကို ပိုပြီး
တော့ကောင်းမွန်လာအောင်ပြုလုပ်ပေးထားတဲ့အတွက်ဖုန်းရဲ့လုပ်ဆောင်ချက်တွေမြန်ဆန်လာပြီး ဟန်းဆက်ရဲ့
လှုပ်ရှားမှုတိုင်းကို Sensor တွေကအကောင်းဆုံးလိုက်ပြီးဆောင်ရွက်ပေးနိုင်တယ်လို့ဆိုပါတယ်။

       အရင်တုန်းကဆိုရင် Nokia ဖုန်းတွေမှာဖုန်းကို ထောင်လိုက်အနေအထားကနေအလျားလိုက်ပုံစံကိုပြောင်း
လိုက်တယ်ဆိုရင်ဖုန်းရဲ့ Screen လှုပ်ရှားမှုနဲ့ ပြောင်းလဲနိုင်မှုဟာ အနည်းငယ် ကြာမြင့်နေပြီးမှ ပြောင်းလဲနိုင်တာ
တွေ့ရ ပါတယ်။Belle မှာတော့ ဒီလို ကြန့်ကြာခြင်း တွေနဲ့ Sensor အလုပ် မလုပ်နိုင်လို့ ဟန်းသွားတာမျိုး လုပ်
ဆောင်ချက်ရပ်ဆိုင်းနေတာမျိုးတွေကိုအကောင်းဆုံးတားဆီးဖြည့်ဆည်းထားတယ်လို့ဆိုပါတယ်။

       ဒါ့အပြင်ဖုန်းရဲ့ Screen စနစ်ပိုင်းအတွက်လည်းဒီ OS စနစ်ကပိုပြီး ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်တယ်
လို့ဆိုပါတယ်။ဖုန်းရဲ့ Screen စနစ်ပိုင်းနဲ့ပုံရိပ်ဖန်တီးမှုတွေမှာပိုပြီးကောင်းမွန်လာစေဖို့နဲ့ Resolution ပိုင်းတွေကို
လည်းပိုပြီးကောင်းမွန်လာအောင်ထိန်းချုပ်ထားနိုင်မယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။

       ဖုန်းရဲ့တုံ့ပြန်မှုအပိုင်းမှာတော့ TouchScreen စနစ်ကိုအရင်တုန်းကနဲ့မတူတော့ဘဲပိုပြီးသွက်လက်ကောင်း
မွန်လာစေပါတယ်။Nokia ဖုန်းတွေမှာအရင်တုန်းက Touch စနစ်ဟာ လုပ်ဆောင်ချက်နှေးကွေးပြီး အနည်းငယ်
လေးတာကို တွေ့ရပါတယ်။ဒါပေမယ့် Belle မှာတော့ Touch စနစ်ပိုင်း တုံ့ပြန်မှုတွေကို ပိုပြီး ကောင်းမွန်လာစေ
တယ်လို့ဆိုထားပါတယ်။

       Belle ရဲ့ပြုပြင် ပြင်ဆင်ခြင်း တွေဟာ Nokia အတွက် ကောင်းတဲ့ အဆင့် အခြေအနေ တစ်ခုကို ရောက်ရှိ
အောင်ပို့ဆောင်နိုင်ဖို့ရည်ရွယ်ခဲ့ပါတယ်။Fifth Edition တွေကိုထုတ်လုပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ Symbian 3 ကိုစ
တင်ပြောင်းလဲခဲ့ပေမယ့်လည်း အားနည်းချက်တွေ ပြုပြင် ပြင်ဆင်ခြင်းတွေပဲ ပြုလုပ်နေခဲ့ရပေမယ့် အသစ်ထွက်
လာမယ့် Belle ကတော့အရာအားလုံးကိုပိုပြီးကောင်းသထက်ကောင်းအောင်ပြုလုပ်ထားတယ်လို့ဆိုပါတယ်။

       ဒါ့အပြင်ဒီ OS စနစ်ကို Symbian 3 ဖုန်းတွေအားလုံးမှာ Upgrade ပြုလုပ်ပြီးအသုံးပြုခွင့်ပေးမယ်လို့လည်း
ဖော်ပြထားတာတွေ့ရပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.