Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Wednesday, May 30, 2012

iDevice Gamer များအတွက် iap cracker


iap cracker လေးကို သိတဲ့သူလည်း သိပြီးသားနေမှာပါ။ iPhone, iPad, iPod Touch တွေမှာ Game ကစားရတာ သဘောကျသူများ iap cracker လေးကို မိမိရဲ့  Device မှာ install လုပ်ထားသင့်ပါတယ်။ iap cracker လေးရဲ့ သဘောက တစ်ချို့  Game တွေက iTunes မှာ Free ပေးထားသော်လည်း Gold, Cash တို့  ကိုဝယ်ပြီးမှကစားလို့ ကောင်းပါတယ်။
ဥပမာပြောရရင် Contract Killer, Contract Killer Zombie, Blood & Glory တို့ လို Game တွေမှာ Gold cash Rubies coins တို့ ကိုဝယ်ပြီးမှ သေနတ်၊ ဓား တို့ ကို update လုပ်နိုင်မှ အနိုင်ရတတ်ပါတယ်... ဘာလို့ ဝယ်မှာလဲ ပိုက်ဆံကုန်တာပေါ့။ အကယ်၍ အကုန်ခံနိုင်လို့  ဝယ်ချင်ရင်တောင်မှ Visa card ,Master card ရှိမှဖြစ်မှာလေ။ ကျွန်တော့်မှာတော့ ဘာ Card မှမရှိဘူး ဝယ်ချင်ရင် တော့ iap cracker Deb file လေးနဲ့  Free ပဲဝယ်မှာပေါ့။
iap cracker ကို install လုပ်ဖို့  အတွက် Cydia ရဲ့  Sources မှာ http://repo.insanelyi.com ကို Add အရင်လုပ်ပါ၊ ပြီးမှ iap cracker လေး ကိုinstall လုပ်ပါ။ အောက်ဖော်ပြပါ list များကတော့ iap cracker နဲ့  Free ဝယ်လို့ ရတဲ့ game စာရင်းတွပါ....


တစ်ခြား Game တစ်ချို့ လဲရနိုင်ပါတယ်။ ရတဲ့ Game လဲရှိမယ် မရတဲ့ Game တွေလဲပဲ ရှိနိုင်ပါတယ်။
နောက်တစ်ခုလဲ ရှိပါသေးတယ် အဲဒါကတော့ iap cracker နဲ့  ဝယ်ပြီး deb file လုပ်ထားတဲ့ cydia repo တစ်ခုပါ။ http://idwaneo.org/repo ဒီ Repo လေးနဲ့  deb file အသုံး ပြုပုံကို ဥပမာပြရရင်... Need for speed Shift 2 unleashed Game က မိမိ Devices မှာရှိနေမယ်ဆိုပါတော့၊ အရင်နည်းနည်းကစားလိုက်ပါ၊ ဒါဆိုရင် Game နဲ့  ပက်သက်တဲ့ Documents တွေကျလာပါမယ်။ ပြီးတော့မှGame ကို လုံဝ ပိတ်လိုက်ပါ၊ Multitask ထဲမှာပါ ပိတ်ပစ်လိုက်ပါ။ ပြီးတော့မှ အထက်ပါ Repo ထဲက shift2 money ကို crack ထားတဲ့ deb file ကိုရှာပြီး install လုပ်ပါ။ ပြီးမှ Game ကိုပြန်ကစားကြည့်လိုက်ပါ Game မှာ money 100.. ရနေတာကို တွေ့ ရပါလိမ့်မယ်။

ကျွန်တော်သိထားသော နည်းလမ်း နည်းနည်းကို ရွှေညီအကိုတွေကိုပေးချင်လို့ ပါ။
သတိပြုရန် ။ ။ iap cracker နဲ့ crack ဖို့ က connection ကောင်းဖို့  အနည်းငယ်တော့လိုအပ်ပါတယ်.....။ 

ရေးသားသူ - ကိုလေး (noicenice)  
From www.moetagyar.info

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.