Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, February 25, 2013

Pirate App များသွင်းနိုင်ရန် Jailbreak လုပ်ရန်မလိုတော့

မကြာသေးမီ ရက်ပိုင်းခန့် က"Hackulous" ပိတ်သိမ်းသွားပြီးတဲ့နောက် "Installous" အသုံးပြုသူအချို့  အနေနဲ့  Cracked App တွေ အရင်လို လွယ်လွယ်ကူကူ မရတော့မှာကို စိုးရိမ် သူများရှိနေကြပါတယ်။ မစိုးရိမ်ပါနဲ့  Pirate App တွေကို ပေးတဲ့ နောက်ထပ် site နှစ်ခု ထပ်မံ ပေါ်ထွက်လာပါပြီ။ 

ဒီတစ်ခါ service ကတော့ ပိုလိုတောင် ကောင်းနေပါသေးတယ် iPhone, iPad တို့ ကို Jailbreak လုပ်စရာ မလိုပဲ Pirate App တွေကို သွင်းနိုင်အောင် စီစဉ်ထားပါတယ်... 
Apple ၏ DRM (Digital Restriction Management) ကို ထိုးဖောက်၍ Pirate App များကို Jailbreak လုပ်ရန်မလိုပဲ သွင်းယူနိုင်အောင် လုပ်ပေးလိုက်တဲ့အတွက် လက်ရှိနာမည်ကြီးနေတာကတော့ "Zeusmos" "Kuaiyong" ဆိုတဲ့ တရုပ် site တွေပဲ ဖြစ်ပါတယ်။ 

အရင်က Jailbreak လုပ်ထားတဲ့ Device တွေမှသာ pirate App တွေကို သွင်းနိုင်ပေမယ့် အခုတော့ ဘယ် Device မဆို သွင်းယူနိုင်ကြပြီဖြစ်လို့  အထက်ပါ service နှစ်ခုလုံးဟာ Developer တွေအတွက် အလွန် စိုးရိမ်စရာ ကောင်းပါတယ်။ 

"Zeusmos" ကတော့ Jailbreak Device တွေအတွက် App တွေ Free သွင်းယူခွင့်ပေးပြီး Jailbreak မလုပ်ထာတဲ့ Device တွေကိုတော့ အခကြေးငွေ နဲ့  ဝန်ဆောင်ပေးနေပါတယ်။ ၁၅ နှစ်သားအရွယ် "Zeusmos" ကို ဖန်တီးသူ ကတော့ မဝယ်ခင် ဒီမှာအလကား စမ်းသုံးကြည့်ပါ လို့ ပြောထားပါတယ်။ (လောလောဆယ်တော့ Under Maintenance ဖြစ်နေတာ တွေ့  ရပါတယ်) 

နောက်ထပ် နာမည်ကြီး တရုပ် site တစ်ခုကတော့ "Kuaiyoun" ဖြစ်ပြီး သူကတော့ Windows အတွက် သူရဲ့  software ကို ဦးစွာ Download လုပ်ရပါလိမ့်မယ်။ သတိထားရမှာက Download လုပ်လိုက်တဲ့ အခါမှာ မိမိစက်မှာ Anti Virus သွင်းထားပါက "Untrusted Site" အနေနဲ့  warning ပေါ်လာမှာ ဖြစ်ပြီး download လုပ်ရန် မလုပ်ရန်ကို ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်စေလိုပါတယ်... 

DOWNLOAD HERE!! 


အကယ်၍ Download / Install လုပ်ပြီး "Kuaiyong" software ကို Run လိုက်ပါက အောက်ပါပုံ အတိုင်း တွေ့ ရပါမည်၊ အားလုံး တရုပ်စာများဖြစ်လို့  ကျွန်တော် နားမလည်နိုင်ပါ။ ဒါပေမယ့် အလုပ်လုပ်နိုင်မယ့် အနေအထားလောက်ကိုတော့ Screen Shot နှင့် ကြိုးစားဖော်ပြပေးပါမည်။ 

** ကြိုတင်တောင်းပန်ချင်တာက ကျွန်တော် တရုပ်လို တစ်လုံးမျှ မတတ်ပါသောကြောင့် ရမ်းသမ်း ဘာသာပြန်မှုများ မှားကောင်း မှားနိုင်ပါလိမ့်မယ် ဒါပေမယ့် အလုပ်ဖြစ်တယ် ဆိုတာကိုတော့ ရဲရဲကြီး အာမခံပါတယ် ** 

၁) ပထမဦးဆုံးတွေ့ ရမည့် စာမျက်နှာ 


iDevice ကို ချိပ်ဆက်ထားပြီး "App" tab တွင် မိမိလိုချင်သော App ကို ရွေးပြီး နှိပ်ပါ။ 


၂) ပုံတွင် ပြထားသည့် အတိုင်း Download ကို နှိပ်ပါ။ 


၃) "Download" tab တွင် App downloading လုပ်နေသည်ကို တွေ့ ရပါမည်။ 


၎) Download ပြီးသွားပါက ဘေးတွင် အမှန်ခြစ် အစိမ်းရောင်လေး ပေါ်နေမှာ ဖြစ်ပါတယ်။ 


၅) မိမိ iDevice တွင် Install လုပ်ရန် "Install" button ကို နှိပ်လိုက်ပါ။ 


၆) App install လုပ်နေသည်ကို အောက်ပါအတိုင်း တွေ့ ရပါလိမ့်မည်။ 






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် 

from
မိုးသိကြား

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.