Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Friday, June 14, 2013

iOS 7 ပြောင်းလဲလာမှု ရှင်းတန်း အပြည့်အစုံ

iOS 7 ပြောင်းလဲလာမှု ရှင်းတန်း အပြည့်အစုံ




မနေ့ညကပေါ့။ အမေရိကန်၊ကယ်လီဖိုးနီးယားမှာတော့ နေ့ဘက်ပါ။ လွန်ခဲ့တဲ့ ၂၄ နာရီ ဝန်းကျင်ကတင် Apple မှ iOS 7 အသစ်အကြောင်းကို အသေးစိတ်ရှင်းလင်း ပြောပြသွားတာ ဖြစ်ပါတယ်။ စာရေးသူ ကတော့ ဒီညနေမှ ကြည့်ဖြစ်လိုက်ပါတယ်။ Tim Cook ပြီးတော့ Apple ရဲ့ အဖွဲ့ သားတွေ တစ်ယောက်ပြီး တစ်ယောက် တက်ရှင်းသွားပါတယ်။


ဒီဇိုင်းဖန်တီးကိုင်ပေးတဲ့ စီနီယာ ဒုတိယ ဥက္ကဌ Jonathan Ive ကတော့ စင်ပေါ် မတက်ပါဘူး။ မတက်ဆို iOS 7 ဒီဇိုင်းအကြောင်းကို ပရိုဂျက်တာပေါ် ဗီဒီယိုမှာ သူအသေးစိတ် ရှင်းလင်းပြသသွားပါတယ်။

Time Cook ဘာပြောသလဲ

သူက လက်ရှိ Apple CEO လေ။ iOS 7 တီထွင်ဖန်တီးမှုအပေါ် တာဝန် အယူရဆုံး က သူပေါ့။ တစ်ခုခု အမှားသာ အထောက်ပြခံရရင် သူနာမည် ပျက်မှာ။ ဒါကြောင့် စတိတ်စင်ပေါ်မှာ ယုံကြည်ချက် အပြည့်နဲ့ iOS 7 ဘယ်လောက် ကောင်းကြောင်း သူ ရှင်းပြသွားပါတယ်။ စစချင်းက iOS 7 အကြောင်း မလာသေးပါဘူး။ ကမ္ဘာ့ဈေးကွက်နဲ့ ယှဉ်လိုက်ရင် iOS user က Android, Windows Phone, Blackberry တို့ထက် ဘယ်လောက်များကြောင်း၊ ဈေးကွက် ရာခိုင်နှုန်းအပြည့် ဘယ်လိုယူထားကြောင်း ရှင်းလင်း ပြောကြား သွားပါတယ်။ လာတဲ့သူတွေကလည်း Apple ကို Impress ဖြစ်သူတွေဆိုတော့ လက်ခုတ်သံတွေ ဝေဝေဆာဆာပါပဲ။ Tim Cook ကို I love you လို့တောင် ပရိတ်သတ် တစ်ယောက်က စင်ပေါ် နောက်တစ်ကြိမ်တက်တော့ လှမ်းပြော လိုက်ပါသေးတယ်။ Apple အပေါ် user တို့ဘယ်လောက် Reaction ရှိတယ်ဆိုတာလေးပါ။

ဒီတော့ iOS 7 ဖန်တီးဖြစ်ပုံလေး၊ဘယ်လိုလေး ကြိုးစားယူခဲ့တာလေး တို့ကို ပြောပြီး iOS 7 Overall spec တွေကို မိနစ်ပိုင်းအတွင်း အကုန်ပြလိုက်တယ်။ ပြီးတော့မှ Apple Member တစ်ဦးချင်းစီရဲ့ Presentation များနဲ့ပွဲထုတ်ပါတော့တယ်။ ပထမဦးဆုံး ပွဲထုတ်လိုက်တာကတော့ Jonathan Ive ပေါ့။ ဒီဇိုင်းကို သူဘယ်လောက်ကြိုးပမ်းထားကြောင်း သိအောင် ဗီဒီယိုနဲ့ ပြသလိုက်ပါတယ်။ သူဘာလို့ စင်ပေါ်တက်မပြောပဲ အရှေ့ ဆုံးခုံကနေ လက်ခုတ် တီးနေသလဲတော့ စာရေးသူလည်း မသိပါဘူး။ ကင်မရာမန်းကတော သူ့မျက်နှာကို သေချာ ထိုးပြပါတယ်။


iOS 7 ဒီဇိုင်း ဘယ်လိုဖန်တီးတယ်

Jonathan Ive က ရှင်းပြပါတယ်။ Colour Sheme ပြောင်းလဲမှုကို အရင်ပြော ပါတယ်။ Create a sense of depth and vitality တဲ့။ နက်နက်နဲနဲ သိသိသာသာ တွေ့ထိခံစားရမယ် အစရှိတဲ့ ဝက်ဝုတ္တိ လင်္ကာများနဲ့ပေါ့။ အမှန်တော့ ကာလာ ဘယ်လောက်ထိကောင်းလာတယ်ဆိုတာကို ပြောချင်တာပါ။ ယုံပါတယ်။ Apple Product တွေက ဘယ် iOS အပေါ်မှာပဲ လုပ်လုပ် အရောင် တောက်ပ၊ ကြည်လင်မှုက သိသိသာသာ ရှိပါတယ်။

နောက်တစ်ချက်အနေနဲ့ iOS 7 မှာ iCon တွေ ဘယ်လို ပြေင်းလဲလာတယ် ဆိုတာ လေးပေါ့။ ဟုတ်ပါတယ်။ တကယ်ပြောင်းလဲသွားတယ်။ flat with bright news colors တဲ့။ သိသိသာသာ ပါးသွားတယ်။ ပါးဆို ဘေးအနားမှာ bold လုပ် မထားတော့ပဲ background screen ပေါ်မှာ float ဖြစ်နေသလိုလေး မြင်ရတယ်။ အရောင်တောက်တောက် ဖြစ်နေပြီး Font လည်း ပါးသွားပါတယ်။ လှပါတယ်။ အတော်လေးကြည့်လို့ကောင်းပါတယ်။

Weather App တို့လို Apple  ရဲ့  Dafault App တွေက Animation အသစ်တွေနဲ့ဖြစ်လာပါတယ်။ Calendar, phone, messages, Game Center အစရှိသဖြင့် icon အားလုံး flat design ဖြစ်သွားပါတယ်။

ဒီလိုနဲ့ဗီဒီိယိုလေး အဆုံးသတ်သွားပါတယ်။ Tim Cook စင်ပေါ် ပြန်တက်လာပြီး လက်ခုတ်သံတွေ ညံညံကြားနေတုန်း ဒီမှာ I love you လို့ အပြောခံလိုက်ရတယ်လေ။ Time Cook ရှက်ပျော်ပျော်နဲ့ Thank you တောင် ပြန်ပြောလိုက်ပါသေးတယ်။ ဒီလိုနဲ့ ဆော့ဖ်ဝဲ အင်ဂျင်နီယာ Craig Federghi ကို စင်ပေါ်ခေါ်ပြီး App အသစ်အကြောင်းတွေရှင်းခိုင်းပါတော့တယ်။ သူကလည်း Senior Vice President ပါပဲ။


iOS 7 Software ရှင်းတမ်း

Control Center

iOS 7 မှာ control panel အသစ်အနေနဲ့ပါလာတာလေးပါ။ ဖုန်းကို lock ချထားချိန် တောင် အသုံပြုလို့့ရမယ့် UI သစ်တစ်ခုပေါ့။ သူ့ကနေဝင်ပြီး Screen ကာလာချိန်တာတို့၊ App အချို့ ကို ခပ်မြန်မြန် ဝင်လိုရအောင်တို့၊ဖုန်း အတွက် အမြဲအသုံးပြုနေရတဲ့ Setting တွေကို တစ်ခါတည်း စုပေးထားတာတို့ လုပ်ပေး ထားပါတယ်။ quick access menu လို့လည်း ခေါ်ပါတယ်။ ခပ်မြန်မြန်ဝင် သုံးလို့ရမယ့် menu list လေးပေါ့။ airplane mode, Wi-Fi, Bluetooth တို့ကို အလွယ်တကူ toggle လုပ်လို့ရအောင်ပါတဲ့။

ဘာတွေ Upgrade ဖြစ်လဲ

AirDrop ဆိုတာလေးပါလာပါတယ်။ အရင်ကလည်း ဝေ့ယှမ်းပြီး ပုံပို့စရာ မိုတော့ ပါဘူး။ သူကလည်း Air Drop ကနေ တစ်ဆင့် အလွယ်တကူ ပို့လို့ရတဲ့ စနစ်ကို ဖန်တီးပေးလိုက်ပါတယ်။ ဓာတ်ပုံ၊ Folder, Data များ Control Center နေတစ်ဆင့် အလွယ်တကူ Share လို့ရပါတယ်။ iOS 7 user  အချင်းချင်းပေါ့။ multitasking ရပါတယ်။ Notification center ကလည်း ပြင်ထားပါတယ်တဲ။ Safari တို့လို မိုဘိုင်း ဘရောက်ဇာကို အသုံးပြုလို့ ကောင်းအောင် ဘယ်လို Feature အသစ်များ ပါလာတယ် ဆိုတာပါ တစ်တည်း ထည့်ရှင်း သွားပါတယ်။ macbook က Safari သုံးရသလို UI အချို့  မြင်ရမှာ ဖြစ်ပါတယ်။ မိုဘိုင်းအရွယ်သေးသေးလေးထဲမှာ စာဖတ်ရှုမှုနဲ့ Next, Previous ပြောင်းလဲမှုများ၊ History ရှာဖွေမှုများ ဘယ်လို လွယ်ကူကြောင်း ပြသသွားပါတယ်။ Safari က iOS, Mac တို့ရဲ့  Dafault Browser ဆိုတော့ အကောင်းဆုံး ပြန်လည်ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်။

full-Screen browsing, gesture navigation, tab overview, parental controls, iClould Keychain integration, smart search field တို့ကို ထည့်ပြောသွားပါတယ်။


ကင်မရာ App

ကင်မရာမှာ Mode တွေတိုးလာပါတယ်။ ကာလာ Setting စုံးပြီး ပရိတ် ရှေ့ မှာတင် ဓာတ်ပုံတွေ တစ်ပုံပြီး တစ်ပုံ ဘယ်လို အရောင်ပြောင်းတယ်။ iCloud မှာ ဘယ်လို Share လိုက်တယ်ဆိုတာက အစ အသေးစိတ် ပြသ ပါတယ်။ ထူးခြားချက် တိုးလာပါတယ်။ ဒါကတော့ ဓာတ်ပုံတွေကို History နဲ့တကွသိမ်းဆည်း ထားပေးခြင်း ဖြစ်ပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်၊ဘယ်နေရာမှာ ရိုက်ကူးထားတဲ့ ပုံတွေ ဖြစ်တယ်ဆိုတာကို အသေးစိတ် ပြန်လည် ပြသနိုင်ပါတယ်။ Searching လွယ်ကူစေရန်အတွက် ဖြစ်ပါတယ်။ အတော်လေး ကောင်းတဲ့ Feature ဖြစ်ပါတယ်။


Screen Background ပြောင်းလဲမှု

သိသိသာသာကို ပြောင်းလဲပါတယ်။ 3D perspective view ကိုပြသ သွားပါတယ်။ Floating ဖြစ်နေပါတယ်။ ဖုန်းကို တိမ်းစောင်းလိုက်တဲ့အခါ icon တွေ ငြိမ်နေပေမယ့် နောက်ခံ ပုံက မနှေးမမြန်လေး လိုက်ပြောင်းနေပါတယ်။ Screen မှာ ထူးခြားတဲ့ ပြောင်းလဲမှုပါ။ ဒီအတွက်လည်း ဘက်ထရီပိုမကုန် ပါဘူး။ Lock Screen လည်း ပြောင်းလဲပါတယ်။ အရင် ရိုက်နေကျ Key Patern နဲ့မတူတော့ တာတွေ့ရမှာပါ။


Siri

Apple တို့ကို အောင်မြင်စေတဲ့ App တွေထဲက တစ်ခုပေါ့။ အမျိုးသမီးအသံနဲ့ နားထောင်မလား၊ အမျိုးသားအသံနဲ့နားထောင်မလား ရွေးလို့ရပါတယ်တဲ့။ ဘာသာစကားအားဖြင့်လည်း စုံလင်ကြောင်းပြောကြားပါတယ်။ ပြီးတော့ ရှာဖွေမှုက Siri က wiki တွေရော၊ Google Image Search တွေရော လုပ်ပေးတာကို ပြသပါတယ်။ အနီးအနားက ဘယ်ရုံမှာ ဘာရုပ်ရှင်ပြလဲလို့ မေးလိုက်တာနဲ့ ရုံနဲ့ ရုပ်ရှင်ကား ပိုစတာပါ စခရင်မှာ ပေါ်လာပါတယ်။

 နောက် တစ်ချက်ကတော့ Siri Car App ဖြစ်ပါတယ်။ Apple နဲ့ Integrated လုပ်ပြီး ကားထုတ်နေတဲ့ ကုမ္မဏီစာရင်းကို ပရိုဂျက်တာမှာ ပြသွားပါတယ်။ တိုယိုတာတော့ စာရေးသူလည်း မမြင်လိုက်ဘူး။ အမေရိကန်က နာမည်ကြီးကားကုမ္မဏီအားလုံးနီးပါး၊ တောင်ကိုရီးယားက Kia, ဂျပန်က Nissan တို့လိုကုမ္မဏီများ၊ အင်္ဂလန်၊ဂျာမနီကနာမည်ကြီးကားအားလုံး ပါဝင်ပါတယ်။ Dashboard မှာ Apple ရဲ့  Siri နဲ့ Integrate လုပ်လို့ရမယ့် စနစ်ကို ပြသ လိုက်ပါတယ်။ GPS ဖွင့်တာတို့၊သီချင်းဖွင့်တာတို့၊ဖုန်းပြောတို့အပြင် အခြားသော အသုံးပြုရမှုများကို ပြသသွား ပါတယ်။

App Store

Apps Near Me တို့လို App ပါလာပါတယ်။ ကလေးတွေအတွက် New Discovery Option လို့ဆိုပါတယ်။ ပြီးတော့ တော်တော်များများ မျက်စိနောက်တဲ့ တစ်ခုကို ဖြတ်လိုက်ပါပြီ။ App Store icon မှာ အနီရောင်နဲ့ပေါ်နေတဲ့ notification များ ဖြစ်ပါတယ်။ အလိုအလျောက် Update လုပ်ပေးမှာ ဖြစ်တဲ့အတွက် ဘက်ထရီ ကို မထိခိုက်ပဲ သူ့ပါသူ App တွေ Auto update လုပ်သွားပါတယ်တဲ့။ အဲဒါကို ကြေညာတော့ လက်ခုတ်သံတွေ ထွက်လာပါတယ်။ တစ်ချိန်လုံးလည်း လက်ခုတ်တွေ တီးနေတာပါ။ တစ်ခုပြီးတစ်ခု အသစ်တွေပြောတိုင်း ပရိတ်သတ်တွေ လက်ခုတ်တီးပါတယ်။

Radio Service

Apple ရဲ့ ရှိရင်းစွဲ music player တင်မဟုတ်တော့ပဲ အသစ်ထပ်သုံးချင်သူ များအတွက် Radio Service တစ်ခုထပ်သွင်းပေးလိုက်ပါသတဲ့။ iTune Music ပါ။ ဒီအတွက် အခမဲ့တော့ မဟုတ်ပါဘူး။ ငွေသွင်းရပါမယ်။ ပြီးတော့ ကိုယ်ကြိုက်တဲံ သီချင်းများကို နားထောင်မယ်။ Bookmark  လုပ်မယ်။ အလားတူသီချင်းနားထောင်မယ်။ ပြန်ရှာမယ်။ အစရှိသဖြင့် အသုံးပြုလို့ ကောင်းတာတွေကို ပြသသွားပါတယ်။ ရေဒီယို Streaming ဆိုတော့ အင်တာနက် လိုင်းတော့ ရှိဖို့ လိုပါလိမ့်မယ်။ Spotify နဲ့တူနေသလားလို့တောင် အချို့ တွေက မေးခွန်းထုတ်နေပါတယ်။ ထုတ်စရာ မလိုပါဘူး။ တကယ်ပဲ Spotify ရဲ့  UI တွေကို ပေါင်းပြီးပြန် ဆန်းသစ်ထားတဲ့ App ပါ။ ဒီအတွက် Spotify နဲ့ဘယ်လို နားလည်မှု ယူသလဲတော့ မသိပါဘူး။ iTunes Store အသုံးပြုလို့ကောင်း တာတော့ လက်တွေ့ပြသ သွားပါတယ်။


ဘယ် Device တွေမှာ သုံးလို့ရမလဲ

 iPhone 4 နဲ့ နောက်ပိုင်းထွက် ဖုန်းများ, iPad 2 နဲ့ နောက်ထွက်ဖုန်းများ၊ iPad mini, iPod touch generation 5 တို့မှာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ End user တွေအတွက် ထွက်ရှိမယ့် အချိန်က This Fall ပါတဲ့။ Autumn လို့ခေါ်တဲ့ ဆောင်းဦး ရာသီ အချိန်ပါ။ သူတို့ဆီမှုာ စက်တင်ဘာနဲ့ နိုဝင်ဘာလ ဝန်းကျင်ဖြစ် မှာပါ။ ဒီတော့ iPhone 5S နဲ့တွဲထွက်လာမလား၊စောထွက်မလားပဲ ခန့်မှန်းကြည့်နေမိ ပါတယ်။


ဘယ်တော့ ရရှိမလဲ

လုပ်တာက Developer Conference လေ။ တက်လာတဲ့ Developer များကို Developer ဗားရှင်းအနေနဲ့ ချက်ချင်းထုတ်ပေးပါသတဲ့။ ဒါမှလည်း iOS7 ထွက်တဲ့အခါ အဆင့်သင့်တဲ့ App တွေ မြင်ရမှာပါ။


အခြေအနေ တင်ပြခြင်း

Apple တို့ဈေးကွက် ဘယ်လောက်ချုပ်ကိုင်ထားတယ်ဆိုတဲ့ Status ကို အဖွင့်မှာကတည်းက Timcook ပြောသွားတာပါ။ ယနေ့အထိ iOS user က သန်း ၆၀၀ ပါတဲ့။ App ပေါင်း ၉ သိန်းကျော်ပြီး၊ Download က ၅၀ ဘီလျုံဆိုတော့ WWDC မှာ လက်မထောင်ပြီး Tim Cook ပြောရဲပါတယ်။ Developer တွေကိုလည်း  ကန်ဒေါ်လာ ၁၀ဘီလျံ ပေးလို့အကုန်ကျခံပြီးဖြစ်ကြောင်းထည့်ပြောပါတယ်။ အခြား platform က Developing usage ထက် ၃ ဆများပါတယ်။

အော်။ အထက်ပါ ရှင်းလင်းချက်များကို iPhone 5 နဲ့ပြသ သွားတာပါ။ ထင်ထားသလို iPhone 5s / 6 နဲ့မဟုတ်ပါဘူး။ Presenation ကို iPhone 5 နဲ့ပြ ပါတယ်။ iPhone, iPad, iPot touch တို့မှာ သုံးရမယ့် App မို့လို့ ဖြစ်ပါတယ်။

နိဂုံးချုပ်

ဒီလိုနဲ့ Tim Cook ဟာ iOS 7 ဖန်တီးရမှုအပေါ်ဘယ်လောက်အထိ ဝမ်းသာကြောင်း၊ ဂုဏ်ယူကြောင်း ပြောဆိုလို့ အခမ်းအနား ပြီးဆုံး သွားပါတယ်။ ထွက်လာတဲ့ စကားသံကတော့ Jonathan Ive က iOS ရဲ့  really key ပါတဲ့။ လေ့လာသူတို့ ဝေဖန်တာပါ။ ဟုတ်ပါတယ်။ Jonathan Ive ရဲ့ အားစိုက်မှု အများကြီး ပါဝင်ပါတယ်။


(ကျနော် ဖော်ပြတဲ့အချက်တွေ မပြည့်စုံပါဘူး။ Apple WWDC 2013 လို့ Youtube မှာ ရိုက်ပြီး ကိုယ်တိုင်ရှာကြည့်နိုင်ပါတယ်။ အချိန်ကတော့ ၂ နာရီကြာပါတယ်။)

ဒီလိုနဲ့၂၄ ကြိမ်မြောက်  ကမ္ဘာ့ Apple Developer Conference က အခမ်းအနား ပြီးစုံး သွားပါတယ်။ ကမ္ဘာတစ်ဝန်းက Apple Developer များအပြင် နာမည်ကြီး ကမ္ဘာ့အိုင်တီမီဒီယာအားလုံး ပေါင်းစုံပါတယ်။ အရှေ့ ဆုံးခုံမှာ တရုတ်မလေး တစ်ယောက် တွေ့လိုက်တယ်။ Apple ကပဲလား၊ သတင်းထောင် ပဲလား တော့ မသိပါဘူး။ နောက်ဆိုရင် ကျနော်တို့ Techspace က ကိုယ်တိုင်ကိုယ်ကျ သွားနိုင်အောင် ကြိုးစားမှာပါ။ စာဖတ်သူတို့အတွက် အကျိုးရှိမယ်ဆိုရင်ပေါ့။ လောလောဆယ်တော ဗီဒီယိုကြည့်ပြီး အာရုံခံရေးသားလိုက်ရပါတယ်။
..
-
Ref: Apple Strem
အောင်ခမ်း (TSJ team)

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.