Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, October 31, 2011

Super Oneclick ဖြင့် root လုပ်နည်း


 

ကွန်ပျူတာနဲ့ဖုန်းနဲ့ ချိတ်ဆက်ပြီး လုပ်ရတဲ့ root လုပ်နည်းပါ။

တချို့ ဖုန်းတွေ က driver လို ပါတယ် ။

91 for android Pc suit သွင်းထားရင်တော့ Internet နဲ့ ချိတ် ပြီး ထားတဲ့ ကွန်ပျူတာ ဆို USB ကြိုး ချိတ် လိုက် တာနဲ့ Driver auto ဒေါင်း ပေးပါမယ် ။မလုပ်ပေးရင် ကွန်ပျူတာ ကို ပြန် ပိတ်ပြီး ဖွင့် လိုက် ပါ။ပြီး ပြန်ချိတ်ကြည့် ပါ။

Super oneclick  software ကို အရင် download အရင်လုပ်
Super Oneclick အားရယူရန်

ပြီးရင် ဖုန်းထဲက USB debugging ကို enabled လုပ်ပေးရပါမယ်။ Settings->Applications->Development ထဲကနေ “USB Debugging“ ကို အမှန်ခြစ် လုပ်ပေးပါ။ အောက်ပုံထဲကအတိုင်းပါ




ဖုန်းကို ကွန်ပျူတာနဲ့ (USB ကြိုးနဲ့)ချိတ်လိုက်ပါ ။
ပြီးရင် ခုနက download လုပ်ထားတဲ့ super oneclick zip ဖိုင်လေးကို ဖြည်ပြီး အဲဒီထဲက super oneclick.exe ကို run လိုက်ပါ။ Super oneclick Window ပေါ်လာရင် ခလုတ်အကြီးကြီးတွေထဲက root ဆိုတာကိုနှိပ်ပြီး root လုပ်ပါ။ အောက်ကပုံထဲကအတိုင်းပါ။



စက္ကန့်ပိုင်းလောက်ကြာရင် အောက်ပါပုံအတိုင်း root လုပ်တာအောင်မြင်ကြောင်း message ပေးပါလိမ့်မယ်။


ပြီးပြီဆိုရင် ဖုန်းကို reboot (power ပိတ်ပြီးပြန်ဖွင့်)လုပ်လိုက်ပါ။ ပြန်တက်လာရင် Menu ထဲကို ၀င်ကြည့်လိုက်ပါ အရိုးခေါင်းပုံ
icon လေးနဲ့ Super user ဆိုတဲ့ application လေးကိုတွေ့ရပါလိမ့်မယ်။ ဒါဆိုရင် root လုပ်တာ ပြီးဆုံးပြီဖြစ်ပါတယ်။ Super user application ထဲကို ၀င်လိုက်ပါ။ အောက်ကပုံအတိုင်း message ပေးလာရင် allow ပဲလုပ်ပေးပါ။
အဲဒီလိုပဲ root လုပ်ထားမှသုံးလို့ရတဲ့တခြား application တွေထဲကို ၀င်တဲ့အခါ အောက်ပါပုံအတိုင်း message ပေးလာရင် allow ပဲလုပ်ပေးပါ ။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.