Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, October 31, 2011

HTC Sensation 4G ကို root လုပ်နည်း



HTC Sensation ကို root လုပ်ဖို့ရာအတွက် ပထမဆုံးအနေနဲ့ ဖုန်းကို S-OFF ဖြစ်အောင်လုပ်ရပါမယ်။ S-OFF ဖြစ်အောင်လုပ်တဲ့နည်းကိုအရင်ပြောပါမယ်။
ROM Manager Premium အားရယူရန်
ROM Manager Premium ကို download လုပ်ပြီးပြီဆိုရင် ဖုန်းမှာ install လုပ်လိုက်ပါ။
နောက်ထပ်လိုအပ်တာကတော့ Rebolutionary 0.4 ဆော့ဝဲပါ ။ အဲဒီ ဆော့ဝဲကို ကို http://revolutionary.io မှာ သွားရောက် download လုပ်ရမှာပါ။
download နေရာမှာ Download for windows ဆိုတာကို နှိပ်ပြီး download လုပ်ပါ။ ပြီးတော့ခုနက Download for windows ကိုနှိပ်လိုက်ရင် အပြာရောင် box လေးတစ်ခုပေါ်လာပါမယ် ။
အဲဒီ box ထဲမှာ ကိုယ့် HTC ဖုန်းအမျိုးအစား HTC Sensation ကိုရွေး ၊ပြီးရင် Serial number ထည့်ရပါမယ်။ Serial number က ဖုန်း Battery ကိုဖြုတ်ကြည့်လိုက်ပါ။
ပြီးရင် Serial number ဖြည့်ပြီးရင် Generate Key ကိုနှိပ်လိုက်ပါ။ Beta Key ရလာပါလိမ့်မယ်။ Key ကိုခဏမှတ်ထားလိုက်ပါ။ အောက်အဆင့်ကျရင် ပြန်သုံးမှာပါ။
ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။ ခုနက download လုပ်ထားတဲ့ Revolutionary 0.4 pre4 zip ဖိုင်လေးကို ဖြည်ပြီး အဲဒီထဲက Revolutionary.exe ကို run ပါ။
command screen တွေပေါ်လာပြီး Beta Key တောင်းရင် ခုနက ရထားတဲ့ Beta Key ကိုထည့်ပေးလိုက်ပါ။ Beta Key ကိုထည့်ပြီြး့ပီဆိုရင်တော့ ဖုန်းက
S-OFF ဖြစ်အောင်လုပ်ပါလိမ့်မယ်။ S-OFF ဖြစ်သွားပြီဆိုရင် ဖုန်းက auto reboot လုပ်ပါလိမ့်မယ်။ ပြန်တက်လာပြီဆိုရင် ဖုန်းက S-OFF ဖြစ်သွားပါပြီ။
ဒုတိယအဆင့်အနေနဲ့ ဖုန်းထဲကို ClockModRecovery ဖိုင် ကိုသွင်းရပါမယ်။ ClockModRecovery ဖိုင်ကိုအောက်မှာရယူလိုက်ပါ။
ClockModRecovery ဖိုင်အားရယူရန်
download လုပ်လို့ရလာတဲ့ ClockModRecovery ဖိုင်ရဲ့နာမည်က PG58IMG ဆိုတဲ့နာမည်လေးနဲ့ ဇစ်ဖိုင်လေးပါ။ အဲဒီဖိုင်လေးကို ဖုန်းရဲ့ SD card ထဲကို copy ကူးထည့်ထားပါ။
ပြီးရင် ခုနက ဖုန်းထဲမှာသွင်းထားတဲ့ ROM Manager Premium ထဲကိုဝင်ပြီး Reboot into Recovery ထဲကိုဝင်လိုက်ပါ။ Recover ထဲကိုဝင်မှာလားလို့မေးရင်
Yes လုပ်ပြီး Recovery ထဲကိုဝင်ပါ။ ဖုန်းက auto reboot လုပ်ပြီး recovery ထဲကိုဝင်ပါလိမ့်မယ်။ recovery mode ထဲကိုရောက်ပြီဆိုရင်
၅ကြောင်းမြောက်က “ install zip from sdcard” ထဲကို ၀င်လိုက်ပါ။ အဲဒီထဲက နှစ်ကြောင်းမြောက်မှာ “ choose zip from sdcard” ဆိုတာလေးပါပါတယ်။
အဲဒီထဲကိုဝင်ပြီး စောစောက sd card ထဲကို ထည့်လိုက်တဲ့ PG58IMG.zip ဖိုင်ကိုရွေးပေးပြီး recovery လုပ်ပါ။ ပြီးရင် ဖုန်းက auto reboot ဖြစ်သွားပါမယ်။
နောက်ဆုံးအဆင့်အနေနဲ့ HTC Sensation ကို root လုပ်ဖို့အတွက် ဆက်ပြောပါမယ်။ လိုအပ်တဲ့ tool ကို အောက်မှာ ရယူလိုက်ပါ။
Su-2.3.6.3-ef-signed.zip ဖိုင်အားရယူရန်
download လုပ်ပြီးပြီဆိုရင်တော့ဖုန်းရဲ့ SD card ထဲကို copy ကူးထည့်လိုက်ပါ။ ခုနကအတိုင်းပဲ ဖုန်းထဲမှာသွင်းထားတဲ့ ROM Manager Premium ထဲကိုဝင်ပြီး
Reboot into Recovery ထဲကိုဝင်လိုက်ပါ။ Recover ထဲကိုဝင်မှာလားလို့မေးရင်Yes လုပ်ပြီး Recovery ထဲကိုဝင်ပါ။ ဖုန်းက auto reboot လုပ်ပြီး recovery ထဲကိုဝင်ပါလိမ့်မယ်။
recovery mode ထဲကိုရောက်ပြီဆိုရင်၅ကြောင်းမြောက်က “ install zip from sdcard” ထဲကို ၀င်လိုက်ပါ။ အဲဒီထဲက နှစ်ကြောင်းမြောက်မှာ “ choose zip from sdcard” ဆိုတာလေးပါပါတယ်။
အဲဒီထဲကိုဝင်ပြီး စောစောက sd card ထဲကို ထည့်လိုက်တဲ့ Su-2.3.6.3-ef-signed.zip ဖိုင်ကိုရွေးပေးပြီး root လုပ်ပါ။ root process ပြီးပြီဆိုရင်
ဖုန်းက auto reboot လုပ်ပါလိမ့်မယ်။ ပြန်တက်လာပြီဆိုရင်တော့ HTC Sensation ဖုန်းဟာ root ဖြစ်သွားပြီဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.