Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, October 1, 2012

Quick office Pro For android

 ဒီ ပို့ ကို ကို ညီ နေမင်း ဆီ မှ ကူးယူ  ဝေ မျှ လိုက် ပါတယ် ။
 
 
ဒါကတော့ ကျွန်တော်တို့ ဖုန်းနဲ့ excel လိုမျိုး ဇယားနဲ့ပတ်သက်တာ၊ စာရင်းနဲ့ပတ်သက်တာကို ရေးနိုင်ဖို့၊ တွက်ထုတ်နိုင်ဖို့အတွက်ပါ။ အရမ်းအသုံးဝင်ပါတယ်။ android phone အမျိုးအစားများအတွက်ဖြစ်ပါတယ်။ install လုပ်နည်းကတော့ သိမှာပါ memory card ထဲကိုထည့်ပြီး ဖုန်းထဲကနေ install လုပ်လိုက်ရုံပါပဲ။ လွယ်လွယ်လေးပါ။ အားလုံးအဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ယောက်က ပြောပါတယ် ကိုညီနေမင်းတဲ့ software တွေကို သူများရေးထားတာတွေကို လိုက် share လုပ်နေမယ့်အစား ကိုယ်ကိုယ်တိုင်ရေးပြီး share လုပ်တာက ပိုအကျိုးရှိပါတယ်တဲ့။ ကျွန်တော်ပြုံးမိပါတယ်။ software တစ်ခုဖြစ်လာဖို့ ဟပ်ချလောင်းဆိုပြီး ဖြစ်လာတာ မဟုတ်ပါဘူး။ သူငယ်ချင်း programmer တွေ ပေါင်းစုပြီးရေးမှ တနည်းအားဖြင့် သူငယ်ချင်းတွေအားလုံးနဲ့ တိုင်ပင်ပြီး ထွက်လာတဲ့ အကြံဥာဏ်နဲ့လုပ်တဲ့ software တွေဟာ ကိုယ်တစ်ယောက်တည်း ရေးတာထက် ပိုကောင်းပါတယ်။ ပြီးတော့ software တစ်ခုဖြစ်လာဖို့ အချိန်ယူရပါတယ်။ cracking အကြောင်းကိုလည်း ကောင်းကောင်းလေ့လာထားရပါတယ်။ အဲ့လို အကြံဥာဏ်ပေးတဲ့ သူကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကိုယ်ကိုယ်တိုင် ရေးတာထက် ထွက်နေတဲ့ software တွေကို ပြည်သူတွေ လက်လှမ်းမီအောင်၊ အသုံးပြုနိုင်အောင် အရင်လုပ်ပေးတာက ပိုအကျိုးရှိမယ်လို့ ကျွန်တော့်အနေနဲ့ယူဆပါတယ်။ ဘာလို့လဲဆိုရင် တစ်ချို့ဆိုရင် pagemaker နဲ့ excel လောက်ပဲ သုံးတတ်ပြီး ဘယ် software က ဘာအတွက်သုံးတယ် ဆိုတာတောင် မသိကြပါဘူး။ အရမ်းလွယ်တဲ့ converter ကိုတောင် ဘာအတွက်သုံးတာလဲ။ ဘယ်လိုသုံးရလဲ မသိကြပါဘူး။ အဲ့တော့ ကျွန်တော့်အနေနဲ့ အခုအချိန်မှာ အခုလို နည်းပညာအသစ်တွေနဲ့ အသုံးပြုရပိုလွယ်ကူလာတဲ့ software တွေကို သုံးစေချင်တယ်။ ကွန်ပျူတာလုံခြုံဖို့အတွက် ထပ်ဆင့်ထုတ်လုပ်လိုက်တဲ့ security software တွေကို မျက်ခြေမပြတ်စေချင်တာပါ။ အဲ့တော့ ကိုယ်ကိုယ်တိုင်ကော software အားလုံးကို သုံးနိုင်ပြီးလား စမ်းစစ်ကြည့်ပါ။ ဥပမာ adobe company က ထုတ်လုပ်တဲ့ software တစ်မျိုးထဲကိုပဲ သာဓက စမ်းစစ်လိုက်ပါ။ ဒီပို့စ်မှာ ကွန်မန့်ပေးထားတာ တွေ့လို့ပါ။

  • Adobe Photoshop® CS6
  • Adobe Illustrator® CS6
  • Adobe InDesign® CS6
  • Adobe Flash® Professional CS6
  • Adobe Flash Builder® 4.6 Premium Edition
  • Adobe Dreamweaver® CS6
  • Adobe Fireworks® CS6
  • Adobe Adobe Premiere® Pro CS6
  • Adobe After Effects® CS6
  • Adobe Audition® CS6
  • Adobe SpeedGrade CS6
  • Adobe Prelude™ CS6
  • Adobe Encore® CS6
  • Adobe Bridge CS6
  • Adobe Media Encoder CS6

ကျွန်တော်က ထောက်ပြယုံသက်သက်ပါ။ သူများထုတ်ထားတဲ့ software တွေကိုတောင် ကျွန်တော်တို့ အနေနဲ့ အဆင့်မီမီ မသုံးနိုင်သေးပါဘူး။ အရင်ဆုံး software တစ်ခုကို မရေးခင် သူများရေးထားတဲ့ software ရဲ့ သဘောတရားအခြေခံကို အရင်လေ့လာရပါတယ်။ ကျွန်တော် မှားတာရှိရင် ထောက်ပြနိုင် ပါတယ်။ သင်ယူဖို့အသင့်ပါ။

Download Quick Office Pro
Filecloud | Mediafire | Minus

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.