Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Sunday, June 23, 2013

Ornagai 2.1.4 APK (Latest Version)



Ornagai Dictionary ဆော့ဝဲလ်လေး Updated Version ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ June 22, 2013 နေ့ထွက်တဲ့ Version 2.1.4 ပါ။Android Version 2.1 နဲ့အထက် အသုံးပြုနိုင်ပါတယ်။

App Screenshots


Download via Google Play:

Ornagai 2.1.4 on Google Play
https://play.google.com/store/apps/details?id=com.comquas.ornagai&hl=en

Download: http://www.mediafire.com/download/q103q5l5uhtmwol/Ornagai_2.1.4.apk
ဆက်ဖတ်ရန်>>>

Saturday, June 22, 2013

မိုဘိုင်းဖုန်းကိုင်သူများ သတိထားရန် ရောဂါ


ယနေ့က လူတော်တော်များများ မိုဘိုင်းဖုန်း ကိုင်ပြီဆိုတော့ မိုဘိုင်းဖုန်းနဲ့ ပက်သက်တဲ့ ရောဂါ အကြောင်းလေး ပြောရတာပေါ့။ ပထမ စပြောချင်တာက စိတ်ရောဂါလေးပါ။ ဖုန်းမရှိရင်မနေနိုင်တဲ့ စိတ်ရောဂါလေးပေါ့။


သူငယ်ချင်း တစ်ယောက်ရှိတယ်။ ထိုင်နေရင်း အသံတစ်ခုခု ကြားရင် သူ့ဖုန်းချည်း ထင်နေတယ်။ မဟုတ်ရင်တောင် ဘယ်သူ့ဖုန်းလည်း လို့ တောင် သူက ထထမေးတတ်တယ်။ သူနဲ့ ခင်မင်မှု သိပ်မရှိတဲ့ လူတွေနဲ့တွေ့ဆုံတဲ့အခါ သို့မဟုတ် လူကြီးတွေနဲ့ တွေ့ခဲ့အခါ အရှက်ပြေ ကိုင်စရာ တစ်ခုအနေနဲ့ ဖုန်းကို ထုတ်ထုတ် ကလိပါတယ်။ ဘာရယ်လို့လည်း မဟုတ်ပါဘူး။ ဖုန်း Screen က App စာမျက်နှာကို ဟိုပြောင်းဒီပြောင်းလုပ်၊ Phone Log ကိုကြည့်၊ Message ကိုဝင်ကြည့်။ ကြာတော့လည်း ပြောစရာ ဖြစ်လာ တာပေါ့။

တစ်နေ့ အိမ်မှာ အလုပ်လုပ်ရင်း လာအိပ်ဖြစ်တော့လဲ မအိပ်ခင် ဖုန်း မျက်နှာပြင် တစ်ကြည့်ကြည့်၊ ဖုန်းကိုလည်း လက်နဲ့ လှမ်းကောက်လို့ အနီးဆုံး ခေါင်းအုံးဘေးမှာ ထားအိပ်ရှာပါတယ်။ ကိုယ်တောင် သူဖုန်းကလိတာ တွေ့တိုင်း ကိုယ့်ဖုန်းကိုယ် ကလိချင်စိတ်ပေါ်ပြီး ကလိမိပါသေးရဲ့ ။ ဒါကလည်း ချောင်းဆိုးရင် တစ်ယောက် လိုက်ဆိုး သလိုပဲ တစ်ယောက်က ဖုန်းကလိတာတွေ့ရင် လိုက်ကလိနေချင်တာမျိုးက အများအားဖြင့် ဖြစ်တတ်ပါတယ်။

ဖုန်းကို အင်တာနက်လည်း လျှောက်ရော ရောဂါက စိုးပါလေရော။ ကားစောင့်နေရင်းလည်း Facebook ဖွင့်တယ်။ လမ်းလျှောက်နေ ရင်းလည်း Facebook ဖွင့်တယ်။ စကားပြောနေရင်းလည်း Facebook ဖွင့်တယ်။ လူကြားထဲ နေရ ထိုင်ရက် ကြပ်လာရင်လည်း Facebook ဖွင့်တယ်။ တစ်ခုခု စောင့်ရတာ ပြင်းရင်လည်း Facebook ဖွင့်တယ်။ 

ဒီတော့ ဖုန်းဘေလ်မြန်မြန်ကုန်။ ဖုန်းဘေလ်စောစောကုန်တော့လည်း မနေနိုင်ပါဘူး။ ငွေမရှိတောင် စာရေးသူဆီက ချေးလို့ ဖုန်းကဒ်ကို တစ်နာရီမခြား ပြန်ဖြည့်ပြီး သူ့ဖုန်းနဲ့ လုပ်နေကျ အလုပ်တို့ လုပ်ပါတယ်။ နောက်တော့ သူ့မှာ ဖြစ်လာတာက ဘယ် အလုပ် လုပ်လုပ် နမော်နမဲ့ နိုင်သလို ဖြစ်လာပြီး ကားနောက်ကျတာမျိုး၊ အလုပ် နောက်ကျတာမျိုး၊ ဖုန်းဘေလ်မဖြည့်ရပဲ တစ်ရက်လောက် နေ တဲ့ အခါ စိတ်ဓာတ်ကျနေတာမျိုးတို့ ကြုံနေရှာတယ်။ မျက်နှာက မရွှင်မလမ်းနဲ့။ ဒီတော့ အင်တာနက် မှာ စာရှာဖတ်ကြည့်တဲ့အခါ ဖုန်း တစ်ရက်ပျောက်လို့ မနေနိုင်တာတို့၊ ဖုန်းကို ကိုယ်ခွဲလို သဘောထား အသုံးပြုနေတာမျိုးက စိတ်ရောဂါ တစ်မျိုးလို့ သိလိုက်ရပါတယ်။

ယင်းစိတ်ရောဂါက အထက်ကဖော်ပြပါအတိုင်းပဲ စိတ်ဓာတ်ကျခြင်း (Depression) ကို ဖြစ်စေပြီး မေ့မေ့လျော့လျော့လညး ဖြစ်စေပါတယ်။ အလုပ်လည်း ပျက်ပါတယ်။ ဒီတော့ ဖုန်း စွဲတဲ့ ဖုန်းရောဂါ လဏ္ခာ များက


- ၁၀ မိနစ်တစ်ခါ ဖုန်း မျက်နှာပြင် ကြည့်မိရင်

- သူငယ်ချင်းနဲ့ စကားပြောရင်း ဖုန်းခဏခဏ ကြည့်မိရင်

- သီချင်းသံ ကြားတိုင်း မိမိဖုန်းက မြည်သည်ဟု ထင်နေရင်

- ဖုန်မမြည်လဲ မြည်တယ်လို့ ထင်နေရင်

- တစ်နေ့လုံး ဖုန်းမပြောပဲ မနေနိုင်ရင်

- ခဏတိုင်း Message ဝင်ဝင်စစ်နေရင်

- သူများ ဖုန်း ကလိတာတွေ့တိုင်း ကိုယ့်ဖုန်းကို ကလိလာမိတာ အကြိမ်များရင်

--

ရောဂါပျောက်ရန်

ရှင်းပါတယ်။ ဖုန်း ကလိတဲ့ အကြိမ်ကိုလျော့နိုင်လေကောင်းလေပါပဲ။ ဖုန်းပြောတဲ့ အချိန်လျော့နိုင်လေကောင်းလေးပါပဲ။ လူများကြား ရှက်သလို၊ ရွံ့ သလို ဖြစ်တဲ့အခါ ဖုန်းထုတ်ကြည့်မယ့်အစား တည်တည်နေလိုက်တာမျိုးတို့ လုပ်ကြည့်ပေါ့။ အရှင်းဆုံး ကတော့ ဖုန်းကို မေ့မေ့လျော့လျော့လောက် ထားနိုင်တာပါပဲ။ ( မေ့တော့မထားခဲ့နဲ့လေ။ တော်ကြာ အရေးကြီးဖုန်းများ လွဲနေအုံးမယ်။ သွားလေရာ ဖုန်း တစ္ဆေအကပ်ခံရသလို ထင်မနေစေဖို့ ဖြစ်ပါတယ်။) အပြင်မှာ တွေ့ဖို့ ပိုလွယ်တဲ့ သူငယ်ချင်းကို ဖုန်းဆက်တာထက် အပြင်မှာ သွားတွေ့လိုက်တာမျိုး၊ ဖုန်းနဲ့ ဆော့မယ့် ဂိမ်းအစား အပြင်မှာ ဘောလုံးကန်တာမျိုး၊ Gym စော့တာမျိုး၊ ရေကူးတာမျိုး၊ သူငယ်ချင်းနဲ့ ပျော်ပွဲစား ထွက်တာမျိုး၊ သီချင်းနားထောင်တာမျိုး တို့ လုပ်တာ မျိုးတို့ ပိုကောင်းပါတယ်။ တစ်ခါတစ်လေကျတော့လည်း ဘာမှမလုပ်ပဲ စိတ်ငြိမ်၊ ရုပ်ငြိမ်နေပေါ့။ တိတ်ဆိတ်နေတဲ့ အခါ တစ်ခါခါကျ ဖုန်း ကလိချင်စိတ်ပေါက်နေတာလေး လျော့အောင်ပေါ့။

စာဖတ်သူတို့ထဲမှာလည်း ဖုန်းစွဲ၊ ဖုန်းမခွဲမခါ စိတ်ရောဂါလေး ရှိနေရင် ဒီစာလေး ရှဲလို့ မျှဝေပေးနိုင်ပါတယ်။



-From  အောင်ခမ်း (TSJ team)
ဆက်ဖတ်ရန်>>>

မိုဘိုင်းဖုန်းကုမ္မဏီ တည်ထောင်သူနှင့် တည်နေရာ အချို့ 



ဗဟုသုတအနေနဲ့ သိရအောင်ပါ။ နာမည်ကြီး မိုဘိုင်းဖုန်း ကုမ္မဏီအချို့ ရဲ့  တည်ထောင်သူနဲ့ ကုမ္မဏီတည်နေရာများ ဖြစ်ပါတယ်။

1) Nokia
: Founder - Fredrik Indestam and Leo Mechelin
Headquarters - Finland.

2) Apple
: Founder - Steve Jobs, Steve Wozniak and Ronald Wayne
Headquarters - California U.S.

3) HTC
: Founder - Cher Wang, HT Chou and Peter Chou
Headquarters - Taiwan.

4) Sony
: Founder - Masaru Ibuka and Akio Morita
 Headquarters - Minato, Tokyo, Japan.

5) Micromax
: Founder - Rajesh Agarwal, Sumeet Arora, Rahul Sharma and Vikas Jain
 Headquarters - Gurgaon, Haryana, India.

6) LG
: Founder - Koo In-Hwoi
Headquarters - Seoul, South Korea.

7) Samsung
: Founder - Lee Byung-Chull
Headquarters - Korea.
-
Ref: wiki
Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>

Huawei ဟန်းဆက် အလုံး ၃၅၀၀ နှင့် လုပ်သော မြင်းပျံရုပ်တု

Huawei ဟန်းဆက် အလုံး ၃၅၀၀ နှင့် လုပ်သော မြင်းပျံရုပ်တု



ဘာစီလိုနာမြို့ မှာ ကျင်းပခဲ့တဲ့ 2012 Mobile World Congress မှာ တရုတ် ဟာဝေး (Huawei) တို့ ပြုလုပ်ခဲ့တဲ့ မြင်းပျံ ရုပ်တု ဖြစ်ပါတယ်။

ပြီးခဲ့တဲ သြဂုတ်လက စတင်ဖြန့်ချိတဲ့ Huawei Ascend D quad ဖုန်းကို ပရိုမိုးရှင်းလုပ်ဖို့အတွက် အသုံးပြုခဲ့တဲ့နည်းလမ်း ဖြစ်ပါတယ်။ ဥရောပ လက်မှု ပညာရှင်များနဲ့ ပူးပေါင်းလုပ် ပြုလုပ်ခဲ့ရာ နာရီပေါင်း ၇၂၀ ကြာမြင် ခဲ့ပါတယ်။ သို့ပေမယ့် ဖန်တီးသလောက် တကယ်လည်း အကျိုးထူးတယ်လို့ ဆိုရပါမယ်။ အားလုံး အံ့အားသင့်တဲ့ ကြော်ငြာနည်း ဖြစ်ပါတယ်။ ပြပွဲရဲ့ အဝင်ဝ မုခ်ဦးမှ ချပြပြီး လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။

သံဖရိန်ကိုယ်ထည်ကို အခြေခံလို့ Huawie စမတ်ဖုန်းများအား ကပ်ခြင်း ဖြစ် ပါတယ်။ စုစုပေါင်း အလုံးရေ ၃၅၀၀ တောင် ပါဝင်ပါတယ်။ အကယ်၍ မြင်း ရုပ်သာ အခိုးခံရရင်တော့ Huawei အတွက် ဝမ်းနည်းစရာ ပါပဲ။ သို့ပေမယ့် ဘယ်သူမှ မလုပ်ခဲ့ပါဘူး။ Huawei Ascend D quad က ဈေးသက်သာပြီး ကမ္ဘာ့အဆင့်မြင့်ဖုန်းများကို ယှဉ်ပြိုင်နိုင်တဲ့အတွက် လူကြိုက်များခဲ့ ပါတယ်။ မြန်မာပြည်မှာလည်း အလွယ်တကူ ဝယ်ယူ ရရှိ နိုင်ပါတယ်။

Huawei စမတ်ဖုန်းနဲ့ မြင်းပျံ ရုပ်တု ပြုလုပ်မှုကို အောက်ပါ လခ့်က ဗီဒီယိုမှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/3n2Wg5Df2eE

--
From Aung Kham (TSJ team)
ဆက်ဖတ်ရန်>>>

တရုတ်ပြည် ဆင်းကဒ်အကြောင်း သိကောင်းစရာ

တရုတ်ပြည် ဆင်းကဒ်အကြောင်း သိကောင်းစရာ



Techspace အာဘော်မဟုတ်ပါဘူး။ Techspace ပရိတ်သူ တစ်ဦးမှ ပေးပို့ လာတာလေးပါ။ တရုတ်ပြည်မကြီးရဲ့  မိုဘိုင်း ဆင်းကဒ် ဆက်သွယ်ရေး အကြောင်းကို ခပ်တိုတို ခပ်ရှင်းရှင်းဖော်ပြ ထားပါတယ်။

အကြောင်းအရာကတော့ ---

တရုတ်မှာ ဆင်းကဒ်ကို china mobile နဲ့ china unicom ကုမ္ပဏီ နှစ်ခု ကထုတ်ပါတယ် ။နှစ်ခုလုံး ခပ်ဆင်ဆင်ပါပဲ။ ဆင်းကဒ်တခုကို တရုတ်ငွေ ၅၀ ယွမ်( ၆၅၀၀ ကျပ် ဝန်းကျင်)နဲ့နေရာတိုင်းမှာ ဝယ်လို့ရပါတယ် ။ ဖုန်းပြောခ ၅၀ ယွမ်ပါပြီးသားပါ(တစ်နည်း ဖုန်းကဒ်ကို အလကားပေးသောသဘောပါ) ။

 အထွက်ခေါ်ဆိုခက တစ်မိနစ်ကို ၂ ကျော့(0.2 ယွမ်) ပါ။ တစ်လလုံး အထွက်ခေါ်ဆိုမူ မရှိသောဆင်းကဒ်ကို ထိန်းသိမ်းခ အနေဖြင့် ၅ ယွမ် မှ ၁၀ ယွမ်အထိ ကောက်ပါတယ် ။ဖုန်းငွေဖြည့်တာကို နီးစပ်ရာလမ်းဘေး ဆိုင်များတွင် အနည်းဆုံး ၅ ယွမ်မှ စ၍လွယ်ကူစွာဖြည့်နိုင်ပါတယ်။

မိမိကိုယ်တိုင် ငွေသွင်းချင်ရင်လဲ လမ်းဘေးတွင်တပ်ဆင် ထားသော ငွေဖြည့်စက်များတွင် လွယ်ကူစွာထည့်သွင်းနိုင်ပါတယ်။ ဖုန်းပိုက်ဆံ ကုန်ပြီး ၂ လခန့် ငွေမသွင်းမှသာ လိုင်းကို ပိတ်သိမ်းပါတယ်။

အင်တာနက်ကတော့ china mobile အတွက်ပြောပါမယ်။ တစ်လကို 5 ယွမ် = 30 Mb, 10 ယွမ် = 70.Mb, 20 ယွမ် =150 Mb, 30 ယွမ် = 280 Mb ,50 ယွမ် =500 Mb, 100 ယွမ် = 2 Gb ,....စသည်ဖြင့် ဆားဗစ် စင်တာများတွင် လည်းကောင်း၊ မိမိဖုန်းဖြင့် ကိုယ်တိုင် masseage ပို့၍ လည်းကောင်း လွယ်ကူစွာ ဖွင့်နိုင် ပိတ်နိုင်ပါတယ်။ တစ်လအတွင်းမှာ သတ်မှတ်ပေးသော Mb ကုန်သွားရင်တော့ ဈေးကြီးပါတယ်။ 1 Mb ကို1 ယွမ် နီးနီး ကိုကောက် ပါတယ်။

အသေးစိတ်လေ့လာလိုသူများ ၄င်း ကုမ္မဏီ websiteများတွင် သွားရောက် လေ့လာနိုင်ပါတယ်။

-
Thet Tun Aung




-From Techspace
ဆက်ဖတ်ရန်>>>

Tuesday, June 18, 2013

၁၅၀၀ တန်ဖုန်းကဒ်များတွင် Ring Tune အသုံးပြုနည်း

မိတ်ဆက်
Hello Music ၀န်ဆောင်မှုဆိုသည်မှာ မိမိထံ ဖုန်းခေါ်နေစဉ် ဖုန်းခေါ်ဆိုသူမှ ကြားရမည့် Default Ring Tone အစား မိမိနှစ်သက်ရာ သီချင်းများနှင့် အစားထိုး အသုံးပြုနိုင်သော ၀န်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ ဤ၀န်ဆောင်မှုအား MecTel CDMA 800MHz ကွန်ယက်စနစ်သုံး ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။

     
Hello Music ၀န်ဆောင်မှုကို အသုံးပြုလိုသူများအနေဖြင့် မည်ကဲ့သို့ စတင်အသုံးပြုနိုင်မည်နည်း။

     ပထမဦးစွာ Hello Music ၀န်ဆောင်မှုကို ရရှိရန် Register စာရင်းပေးသွင်းရပါမည်။
Register စာရင်းပေးသွင်းရန်အတွက်
……
၃၃၃ သို့ စာလုံးအသေး register ဟူ၍ ရိုက်နှိပ်ပြီး SMS ပေးပို့နိုင်ပါသည်။
(သို့မဟုတ်)
Hello Music Service Center သို့ သွားရောက်၍လည်း အောက်ပါ Member Form ကို ဖြည့်စွက်နိုင်ပါသည်။
(သို့မဟုတ်)
အနယ်နယ် အရပ်ရပ်ရှိ ကျွန်ုပ်တို့၏ ကိုယ်စားပြု မိုဘိုင်းလ်ဖုန်းဆိုင်များတွင်လည်း Member Form ရယူ၍ ဖြည့်စွက်နိုင်ပါသည်။
(သို့မဟုတ်)
ကျွန်ုပ်တို့၏ Website www.myhellomusic.com.mm & www.myhellomusic.com သို့ သွားရောက်၍ အထက်ပါ Member Form တွင် ဖြည့်စွက်နိုင်ပါသည်။
သင်၏ Register စာရင်းသွင်းခြင်း အောင်မြင်ပါက ၃၃၃ မှ အောက်ပါ SMS ကို ပြန်လည်ရရှိမည် ဖြစ်ပါသည်။
Welcome Hello Music Member. Your account password is 777777.
Register စာရင်းပေးသွင်းခြင်း အောင်မြင်ပါက Hello Music မှ သတ်မှတ်ထားသော Default RingBackTone သည် သင့်လက်ကိုင်ဖုန်း ၏ Ring Back Tone အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
Hello Music ၀န်ဆောင်မှုအတွက် ၀န်ဆောင်မှုနှုန်းထားများ
လစဉ်အသုံးပြုခ:
၂၀၀၀ ကျပ်


သီချင်းသံစဉ်တစ်ပုဒ်ဝယ်ယူရန်:
၃၀၀ ကျပ်
SMS လမ်းညွှန်
လုပ်ဆောင်ချက် ၃၃၃သို့ SMS ပို့ရန်
Register စာရင်းပေးသွင်းရန် register
Password ပြောင်းရန် changepass+(new 6 digits password)
Default song ပြောင်းလဲ သတ်မှတ်ရန် default+(10 digits ring tune code)
သီချင်းသံစဉ် ၀ယ်ယူရန် buy+(10 digits ring tune code)
Top Songs List ရယူရန် top
လုပ်ဆောင်ချက်များကို မမှတ်မိ help
လုပ်ဆောင်ချက်များအား မမှတ်မိ မသိရှိပါက ၃၃၃ သို့ help ဟု SMS ရိုက်နှိပ် ပေးပို့၍သော်လည်း ကောင်း (သို့မဟုတ်) ဖုန်းခေါ်ဆို၍သော်လည်းကောင်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန်
ဆက်သွယ်ရန် လိပ်စာ
Hello Music Service Center ->     အမှတ်-၃၇၊ လပြည့်ဝန်းပလာဇာ၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန် ဖုန်းနံပါတ်
၁၂၁၂ Call Center နှင့် ၁၂၁၁ Call Center
ဆက်ဖတ်ရန်>>>

Sunday, June 16, 2013

Android အတွက် အကောင်း ဆုံး Call recorder

 တစ်ချိန် က Android မှာ သုံး ခဲ့ တဲ့ Recorder တွေက အသံ ကြည်လင် မှု မရှိ သလို သုံး ရတာ လဲ မကောင်း ပါဘူး။ ခု Recorder က တော့ နှစ် ဖက် လုံး က အသံ ကြည် လင် မှု ရှိ ပြီး ကိုယ် အသံ မဖမ်း ချင် တဲ့ ဖုန်း ဆို လဲ ပြော နေ ၇င်း အလွယ် တကူ ၇ပ် နိုင် ပါတယ် ။ Recorder ကောင်းကောင်း သုံး ချင် သူ များ အတွက် Recorder ဆော့ဝ် တွေ များ ကြီး တွေ ထဲ မှ ရွေးချယ် တင်ပေး လိုက်ပါတယ် ။

Download Here

http://www.mediafire.com/?x7xm4n3131388o7

http://www.4shared.com/file/hTnqg-eR/callrecorder_by_mobile_house.html
ဆက်ဖတ်ရန်>>>

Saturday, June 15, 2013

ကိုယ့် ဖုန်း အင်တာနက် ဘယ်လောက် မြန် လဲ သိချင် ရင် (Full Version)

Internet Speed Meter - အင်တာနက် အမြန်နှုန်းကို အပေါ် ဘားတန်း နားမှာ ဖော်ပြပေးပါမယ် ။





စာလေး ပဲ ပေါ် ချင်ရင် App ထဲ ၀င် Show Dynamic Chart ကို အမှန် ခြစ် ဖြုတ်လိုက်ပါ ။


အရင်တစ်ခေါက် တင်ပေးထား တာ Full Version မဖြစ် လို့ ဒီတစ်ခေါက် အဆင်ပြေ တာလေး ရှာ ပေးလိုက်တာပါ ။



Download Here
http://www.mediafire.com/?panz395c33nq15g

Play Store Link
https://play.google.com/store/apps/details?id=com.ckideas.networkmeter&feature=search_result#?t=W251bGwsMSwxLDEsImNvbS5ja2lkZWFzLm5ldHdvcmttZXRlciJd




ဆက်ဖတ်ရန်>>>

Samsung Galaxy Series 72 မျိုး အတွက် Easy Root Tool .


Samsung Galaxy Series 72 မျိုး အတွက် Easy Root Tool လေးပါ ။

Myanmar Font + Frozen Keyboard  ပါဝင်ပါတယ် ။ System ဖိုင်ထဲ ထိ ထည့် ပေးမှာ ဖြစ်လို့
Factory restart ချရင် တောင် ကျန် ခဲ့ မှာ ဖြစ်ပါတယ် ။

Download Samsung Root tool by Mobile House.exe
http://www.mediafire.com/?1kedj78q5cvogo1


ဆက်ဖတ်ရန်>>>

Friday, June 14, 2013

TESTED CRACK 2012




Click the image to open in full size.



ITO LAMAN NITO SHELL

aDVANCE TURBO FLASHER V 2.20

RSDLITE

PHONIX 2011

DRIVER SA PHOENIX\PC SUITE

TEXTBOX SAMSUNG

JAF 1.98.66 FULL

GARUA SECLITE

HUAWEI LATEST

NAVIFIRM V4.2

NET V2.0

S.E TOOL ACTIVED 100% CREDITS

SPIDER MAN V2.67

DOWNLOAD
CODE:
MEDIAFIRE

part 1) Free Cloud Storage - MediaFire

part 2) Free Cloud Storage - MediaFire

NEW LINK HERE:

Tested Crack 2012.exe - 4shared.com - online file sharing and storage - download
ဆက်ဖတ်ရန်>>>