Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, June 22, 2013

တရုတ်ပြည် ဆင်းကဒ်အကြောင်း သိကောင်းစရာ

တရုတ်ပြည် ဆင်းကဒ်အကြောင်း သိကောင်းစရာ



Techspace အာဘော်မဟုတ်ပါဘူး။ Techspace ပရိတ်သူ တစ်ဦးမှ ပေးပို့ လာတာလေးပါ။ တရုတ်ပြည်မကြီးရဲ့  မိုဘိုင်း ဆင်းကဒ် ဆက်သွယ်ရေး အကြောင်းကို ခပ်တိုတို ခပ်ရှင်းရှင်းဖော်ပြ ထားပါတယ်။

အကြောင်းအရာကတော့ ---

တရုတ်မှာ ဆင်းကဒ်ကို china mobile နဲ့ china unicom ကုမ္ပဏီ နှစ်ခု ကထုတ်ပါတယ် ။နှစ်ခုလုံး ခပ်ဆင်ဆင်ပါပဲ။ ဆင်းကဒ်တခုကို တရုတ်ငွေ ၅၀ ယွမ်( ၆၅၀၀ ကျပ် ဝန်းကျင်)နဲ့နေရာတိုင်းမှာ ဝယ်လို့ရပါတယ် ။ ဖုန်းပြောခ ၅၀ ယွမ်ပါပြီးသားပါ(တစ်နည်း ဖုန်းကဒ်ကို အလကားပေးသောသဘောပါ) ။

 အထွက်ခေါ်ဆိုခက တစ်မိနစ်ကို ၂ ကျော့(0.2 ယွမ်) ပါ။ တစ်လလုံး အထွက်ခေါ်ဆိုမူ မရှိသောဆင်းကဒ်ကို ထိန်းသိမ်းခ အနေဖြင့် ၅ ယွမ် မှ ၁၀ ယွမ်အထိ ကောက်ပါတယ် ။ဖုန်းငွေဖြည့်တာကို နီးစပ်ရာလမ်းဘေး ဆိုင်များတွင် အနည်းဆုံး ၅ ယွမ်မှ စ၍လွယ်ကူစွာဖြည့်နိုင်ပါတယ်။

မိမိကိုယ်တိုင် ငွေသွင်းချင်ရင်လဲ လမ်းဘေးတွင်တပ်ဆင် ထားသော ငွေဖြည့်စက်များတွင် လွယ်ကူစွာထည့်သွင်းနိုင်ပါတယ်။ ဖုန်းပိုက်ဆံ ကုန်ပြီး ၂ လခန့် ငွေမသွင်းမှသာ လိုင်းကို ပိတ်သိမ်းပါတယ်။

အင်တာနက်ကတော့ china mobile အတွက်ပြောပါမယ်။ တစ်လကို 5 ယွမ် = 30 Mb, 10 ယွမ် = 70.Mb, 20 ယွမ် =150 Mb, 30 ယွမ် = 280 Mb ,50 ယွမ် =500 Mb, 100 ယွမ် = 2 Gb ,....စသည်ဖြင့် ဆားဗစ် စင်တာများတွင် လည်းကောင်း၊ မိမိဖုန်းဖြင့် ကိုယ်တိုင် masseage ပို့၍ လည်းကောင်း လွယ်ကူစွာ ဖွင့်နိုင် ပိတ်နိုင်ပါတယ်။ တစ်လအတွင်းမှာ သတ်မှတ်ပေးသော Mb ကုန်သွားရင်တော့ ဈေးကြီးပါတယ်။ 1 Mb ကို1 ယွမ် နီးနီး ကိုကောက် ပါတယ်။

အသေးစိတ်လေ့လာလိုသူများ ၄င်း ကုမ္မဏီ websiteများတွင် သွားရောက် လေ့လာနိုင်ပါတယ်။

-
Thet Tun Aung




-From Techspace

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.