Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, June 22, 2013

Huawei ဟန်းဆက် အလုံး ၃၅၀၀ နှင့် လုပ်သော မြင်းပျံရုပ်တု

Huawei ဟန်းဆက် အလုံး ၃၅၀၀ နှင့် လုပ်သော မြင်းပျံရုပ်တု



ဘာစီလိုနာမြို့ မှာ ကျင်းပခဲ့တဲ့ 2012 Mobile World Congress မှာ တရုတ် ဟာဝေး (Huawei) တို့ ပြုလုပ်ခဲ့တဲ့ မြင်းပျံ ရုပ်တု ဖြစ်ပါတယ်။

ပြီးခဲ့တဲ သြဂုတ်လက စတင်ဖြန့်ချိတဲ့ Huawei Ascend D quad ဖုန်းကို ပရိုမိုးရှင်းလုပ်ဖို့အတွက် အသုံးပြုခဲ့တဲ့နည်းလမ်း ဖြစ်ပါတယ်။ ဥရောပ လက်မှု ပညာရှင်များနဲ့ ပူးပေါင်းလုပ် ပြုလုပ်ခဲ့ရာ နာရီပေါင်း ၇၂၀ ကြာမြင် ခဲ့ပါတယ်။ သို့ပေမယ့် ဖန်တီးသလောက် တကယ်လည်း အကျိုးထူးတယ်လို့ ဆိုရပါမယ်။ အားလုံး အံ့အားသင့်တဲ့ ကြော်ငြာနည်း ဖြစ်ပါတယ်။ ပြပွဲရဲ့ အဝင်ဝ မုခ်ဦးမှ ချပြပြီး လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။

သံဖရိန်ကိုယ်ထည်ကို အခြေခံလို့ Huawie စမတ်ဖုန်းများအား ကပ်ခြင်း ဖြစ် ပါတယ်။ စုစုပေါင်း အလုံးရေ ၃၅၀၀ တောင် ပါဝင်ပါတယ်။ အကယ်၍ မြင်း ရုပ်သာ အခိုးခံရရင်တော့ Huawei အတွက် ဝမ်းနည်းစရာ ပါပဲ။ သို့ပေမယ့် ဘယ်သူမှ မလုပ်ခဲ့ပါဘူး။ Huawei Ascend D quad က ဈေးသက်သာပြီး ကမ္ဘာ့အဆင့်မြင့်ဖုန်းများကို ယှဉ်ပြိုင်နိုင်တဲ့အတွက် လူကြိုက်များခဲ့ ပါတယ်။ မြန်မာပြည်မှာလည်း အလွယ်တကူ ဝယ်ယူ ရရှိ နိုင်ပါတယ်။

Huawei စမတ်ဖုန်းနဲ့ မြင်းပျံ ရုပ်တု ပြုလုပ်မှုကို အောက်ပါ လခ့်က ဗီဒီယိုမှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/3n2Wg5Df2eE

--
From Aung Kham (TSJ team)

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.