Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, March 24, 2014

"ငပိန်ရဲ့ သင်္ကြန်" ဂိမ်းထွက်ပြီ

"ငပိန်ရဲ့ သင်္ကြန်" ဂိမ်းထွက်ပြီ
====================

Nga Pain's Thingyan
"ငပိန်ရဲ့ သင်္ကြန်"
Android | 2.3 and up | Free
Download - http://bit.ly/thingyan2014 ( PLAY STORE)

http://storage2.evozi.com/apk/dl/14/03/21/com.totalgameplay.ngapaintg.apk?h=HUN8U6l2bINuZ7lFgdzu2Q&t=1395647992 ( download link )

မြန်မာတို့ရဲ့နှစ်သစ်မင်္ဂလာပွဲလေးဖြစ်တဲ့ သင်္ကြန်အခါသမယ ကျရောက်ဖို့ အချိန်နီးကပ်လာပါပြီ။ ဒီလိုမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ မြန်မာ နှစ်သစ် မင်္ဂလာ အတွက် ထူးထူးခြားခြားအနေနဲ့ Total Gameplay Studio က သင်္ကြန်ဂိမ်းလေးတစ်ခုကို မွေးဖွားပေးလိုက်ပါပြီ။ ဂိမ်းလေးရဲ့ နာမည်က Nga Pain's Thingyan (ငပိန်ရဲ့ သင်္ကြန်) ဂိမ်းလေးပါ။

ဒီဂိမ်းမထွက်ခင်ကတည်းက အင်တာနက်စာမျက်တွေပေါ်မှာ အတော်လေး ပျံ့နှံ့ခဲ့တဲ့ဂိမ်းလေးပါ။ ပြီးခဲ့တဲ့ မတ်လ (၂၀) ရက်နေ့က Google Play မှာ တင်ခဲ့ပြီး အခမဲ့ Download ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သင်္ကြန်အနှစ် သာရလေးတွေ ပါအောင် ကြိုးစားဖန်တီးထားတဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ်။

ဂိမ်းကိုစစချင်း ဖွင့်လိုက်တဲ့အချိန်မှာ Register ပြုလုပ်ဖို့အတွက်
တောင်းဆိုပါလိမ့်မယ်။ ကစားသူရဲ့ ကစားမှတ်တမ်းများကို စက်ပေါ်မှာ မဟုတ်ဘဲ အင်တာနက် Cloud ပေါ်မှာ Save မှတ်သားရန်အတွက် Register ပြုလုပ်ဖို့ လိုတယ်လို့ဆိုပါတယ်။ မိမိရဲ့ Faebook အကောင့်နဲ့ဝင်ပြီး Register ပြုလုပ်ရမှာပါ။ Faebook အကောင့် မဖွင့်ထားဘူးဆိုရင်လည်း အသစ်ဖွင့်ပြီး Register လုပ်နိုင်ပါတယ်။
Register လုပ်ပြီးပြီဆိုရင် ဂိမ်းကို စတင်ကစားလို့ ရပါပြီ။

ပထမဆုံးအနေနဲ့ ငပိန်ဟာ သင်္ကြန်မှာဆိုက်ကား ထွက်မနင်းရလို့
ပျော်ပျော်ရွှင်ရွှင်နဲ့ သင်္ကြန်မှာရေကစားနေတဲ့ မြင်ကွင်းကို တွေ့ရမှာပါ။ ဒီအချိန်မှာ သင်္ကြန်မှာ ရေဆော့ရင်း ရေကုန်သွားလို့ ငိုနေတဲ့ ကလေး
တွေဆော့တဲ့ မဏ္ဌပ်လေးတစ်ခုကို ရေသယ်ဖို့ အကူအညီတောင်းတာ
ကြောင့် အလုပ်မလုပ်ရမနေနိုင်သော ငပိန်မှာ ရေဒါနပြုဖို့ ကြိုးစား ရတော့တာပေါ့။ ဒီလို ဂိမ်းအစပိုင်း ဇာတ်လမ်းဇာတ်ကွက်လေးကို ကာတွန်းနှစ်ကွက်တည်းနဲ့ ပုံဖော်ပေးထားပါတယ်။ အဲဒီနောက်မှာတော့ "ငပိန်ရဲ့ သင်္ကြန်" ဂိမ်းမှာ ဘယ်လိုဆော့ကစားမလဲဆိုတဲ့ လမ်းညွှန် ချက်တွေကို မြင်တွေ့ရမှာပါ။

ဂိမ်းစတင်ကစားပြီဆိုရင် သင်္ကြန်မိုးသီချင်း တီးလုံးလေးက အရင်ဆုံးပျံ့လွင့် လာပါတယ်။ ဂိမ်းစဉ်တစ်လျှောက်မှာ သင်္ကြန်မိုးသီချင်းက နောက်ခံ တီးလုံး
အဖြစ် တင်ဆက်နေမှာပါ။ ဂိမ်းထဲမှာတော့ ငပိန်ဟာ သုံးလမ်းသွား ကတ္တရာလမ်းမှာ ရေဘူးတွေသယ်ပြီး ဆိုက်ကားနင်း ရမှာပါ။ လမ်းပေါ်မှာ
ဆောက်ထားတဲ့ မဏ္ဌပ်အကြီးအသေးတွေ၊ ရပ်ထားတဲ့ ကားအကြီး အသေးတွေ၊ မဏ္ဌပ်ရှေ့မူးပြီးကနေတဲ့ အမူးသမားတွေ၊ လမ်းပေါ်မှာ
ရေပတ်နေတဲ့ ကလေးငယ်တွေနဲ့ လမ်းဖြတ်ကူးနေတဲ့ အဖွားအို
တို့ကို ရှောင်ရှားပြီး ဆိုက်ကားနင်းရမှာပါ။ အဲဒီအထဲ တစ်ခုခုကို တိုက်မိသွားပြီဆိုရင် Game Over ဖြစ်ပြီး အစကနေ ပြန်ကစားရပါလိမ့်မယ်။

ဆိုက်ကားနင်းနေစဉ်တစ်လျှောက် စိန်တုံးသဏ္ဍာန်ရေစက်လေးတွေကို လိုက်လံစုဆောင်းပြီး ရေဘားကိုဖြည့်ရမှာပါ။ ရေသန့်ဗူးတွေ၊ ရေပီပါတွေကိုလည်း စုဆောင်းပြီး ရေဘားကိုဖြည့်ကာ ရမှတ်တွေတိုးအောင် လုပ်ရမှာပါ။ ဆိုက်ကားနင်းနေရင် ငပိန်ကို Touch တစ်ချက်ထိလိုက်တာနဲ့ လမ်းပေါ်မှာ ရှိတဲ့သူတွေကို ရေပတ်နိုင်တဲ့ Function တစ်ခုကို ထည့်ပေးထား ပါသေးတယ်။ လမ်းပေါ်မှာ မဏ္ဌပ်ရှေ့မူးပြီးကနေတဲ့ အမူးသမားတွေနဲ့
ရေပတ်နေတဲ့ ကလေးငယ်တွေကို ရေပတ်လိုက်မယ်ဆိုရင် သူတို့တွေက စိန်တုံးသဏ္ဍာန် ရေစက်လေးတွေအဖြစ် ပြောင်းလဲသွားပြီး အဒီရေစက်လေးတွေကို ရယူကာ ရမှတ်တွေ တိုးအောင် လုပ်နိုင်ပါတယ်။

မိမိရဲ့ရမှတ်ကို အခြားဆော့ကစားသူတွေနဲ့ ယှဉ်ပြီးကြည့်နိုင်သလို Facebook
ပေါ်မှာလည်း Share နိုင်ပါတယ်။ ဂိမ်းဆော့ကစားရာမှာ နောက်ခံသီချင်းက အနှောက်အယှက်ဖြစ်တယ်ဆိုရင်လည်း ပိတ်လို့ရပါတယ်။ "ငပိန်ရဲ့ သင်္ကြန်" ဂိမ်းလေးကတော့ သင်္ကြန်အနှစ်သာရလေးတွေ ပြည့်ပြည့်ဝဝပါဝင်တဲ့ မိုဘိုင်းဂိမ်းလေးဖြစ်ကြောင်း တင်ဆက်လိုက်ပါရစေ။

-------------------------------------------------
May Thazin (TSJ Team)
ဆက်ဖတ်ရန်>>>

Apple က iTunes ကို Android Devices တွေမှာအသုံးပြုနိုင်အောင်ပြုလုပ် သွားမည်

Apple က iTunes ကို Android Devices တွေမှာအသုံးပြုနိုင်အောင်ပြုလုပ် သွားမည်အစီအစဉ်ရှိသည်ဟုသတင်းထွက်ပေါ်

လူအများအကြားနာမည်ကြီးဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် Apple က၎င်း၏ iTunes ကို Android Devices တွေမှာပါအသုံးပြုလို့ရ အောင်ပြုလုပ်မည့် အစီအစဉ်ရှိသည်ဟုသတင်းထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်မတ်လ ၉ရက်နေ့စစ်တမ်းအရ iTunes ရဲ့ Digital Album တွေ ရဲ့ရောင်းချတဲ့အတိုင်းအတာဟာ ၁၃ရာခိုင်နှုန်းလျော့ကျလာခဲ့ကြောင်း သိရှိရပြီးယင်းရာခိုင်နှုန်းဟာပြီးခဲ့သည့်နှစ်က နှင့်ယှဉ်ရင် ၁၁ရာခိုင်နှုန်းခန့် ကွာဟသွားသည်ဟုဆိုသည်။

ကုမ္ပဏီဟာလက်ရှိအချိန်မှာယင်းအစီအစဉ်နဲ့ပတ်သက်ပြီးစဉ်းစားနေပြီး Apple ၏အဓိကပုဂ္ဂိုလ်ဖြစ်ခဲ့သူ Steve Jobs ကတော့ယင်းဆန္ဒကို အလိုရှိခဲ့ဖူးသည်ဟုသိရသည်။

လက်ရှိမှာ iTunes Music- Streaming Servies ဟာအသုံးပြုသူကျဆင်း လာခဲ့ပြီးယင်း၏ပြိုင်ဖက်တွေဖြစ်သည့် Spotify နှင့် Pandora ဟာအပြိုင် တိုးတက် နေပြီး၎င်းတို့ဟာပြီးခဲ့သည့်နှစ်ကသဘောတူညီမှုစာချုပ်တွေ ၊ အခွန်ကြေးတွေ ၊ ကြော်ငြာကြေးတွေကနေ တစ်ဆင့် အမေရိကန် ဒေါ်လာ ၁.၄ သန်းကျော်ရရှိခဲ့ပါသည်။

The International Federation of the Phonographic Industry (IFPI) ဟာခန့်မှန်းမှု အရ Music- Streaming Services စနစ်ကိုအသုံးပြုမှု ရာခိုင်နှုန်းဟာ ၅၁ရာခိုင်နှုန်းအထိတိုးတက်လာသော်လည်းယင်းစနစ်ကို ပိုက်ဆံပေးပြီးသုံးတဲ့ရာခိုင်နှုန်းကတော့ ၂.၁ရာခိုင်နှုန်းလျော့ကျသွားသည် ဟုဖော်ပြထားသည်။

လက်ရှိမှာတော့ အဆိုပါသတင်းနဲ့ ပတ်သက်ပြီး Apple ကပြောရေးဆိုခွင့်ရှိသူတွေကဖြေကြားခြင်းမရှိကြောင်းသိရသည်။

Wai Phyo Aung (TSJ Team)
Ref : HNGN
ဆက်ဖတ်ရန်>>>

မြန်မာနိုင်ငံကို မကြာမီရောက်ရှိလာတော့မယ့် ကမ္ဘာ့ပထမဆုံး 2K Resolution စမတ်ဖုန်း Vivo XPlay 3S

မြန်မာနိုင်ငံကို မကြာမီရောက်ရှိလာတော့မယ့် ကမ္ဘာ့ပထမဆုံး 2K Resolution စမတ်ဖုန်း

Vivo XPlay 3S
=======================================

၅၅၀,၀၀၀ ကျပ်ဝန်းကျင်

Vivo
09-400 446 457

Samsung ကနေ Galaxy S5 ကိုမကြေညာမီက ကောလဟလအဖြစ် Galaxy S5 မှာ 2K မျက်နှာပြင်ကို သုံးထားမယ်လို့ သတင်းတွေ ထွက်လာ ခဲ့ပါတယ်။ အမှန်တကယ် ထွက်ရှိလာချိန်မှာတော့ ကောလဟလသတင်းဟာ မမှန်ဘဲဖြစ်နေခဲ့ပါတယ်။ 2K နည်းပညာပိုင်းမှာ ပထမဆုံး လက်ဦးမှုရယူခဲ့သူ
ကတော့ Vivo ပဲဖြစ်ပါတယ်။

သူ့ရဲ့စမတ်ဖုန်း မော်ဒယ်သစ် Vivo XPlay 3S က ကမ္ဘာ့ပထမဆုံး 2K Resolution စမတ်ဖုန်း အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒီလို ကမ္ဘာ့ပထမဆုံး 2K Resolution စမတ်ဖုန်းအဖြစ် စံချိန်တင်ခဲ့တဲ့ Vivo XPlay 3S စမတ်ဖုန်း
ဟာ မြန်မာနိုင်ငံကို မကြာမီရောက်ရှိလာပြီး ဝယ်ယူအသုံးပြုနိုင်တော့
မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းကို ယခုမတ်လကုန်ပိုင်းမှာရောက်ရှိ
လာမယ်လို့ သိရပါတယ်။ ဒီလိုဆိုရင် ကမ္ဘာ့ပထမဆုံး 2K စမတ်ဖုန်း
တစ်လုံးကို အသုံးပြုနိုင်ဖို့ မဝေးတော့ပါဘူး။

Vivo Xplay 3S – Design
Vivo Xplay 3S ရဲ့ဒီဇိုင်းဟာ ယနေ့ခေတ်လူကြိုက်များတဲ့ မျက်နှာပြင်ကြီးကြီး Phablet ဒီဇိုင်းပုံစံပါပဲ။ သူ့မှာ ကြီးမားတဲ့ ၆ လက်မ မျက်နှာပြင် ကြီး ပါရှိပါတယ်။ Screen ကြီးကြီးသုံးနိုင်ဖို့ ဘေးဘောင်တွေကို ခပ်သေးသေးသာ ဖန်တီးထားပါတယ်။ သူ့ရဲ့အလေးချိန်က 172g ရှိပါတယ်။ အနောက်ဘက်ကို ခပ်ကွေးကွေး ဒီဇိုင်းဖြစ်အောင် ဖန်တီးပေးထားတယ်။ ဖုန်းရဲ့အနောက်မှာ အပေါ်အောက် စပီကာနှစ်လုံး ရယ်၊ Fingerprint scanner ရယ် LED မီးနဲ့ ကင်မရာတွေက ကြွားကြွားဝင့်ဝင့် ရှိနေပါတယ်။

Vivo Xplay 3S – Display
Vivo Xplay 3S ရဲ့အဓိကအားသာချက်က မျက်နှာပြင်စွမ်းရည်ပါပဲ။ 2560 x 1440 Ultra-high Resolution နဲ့ မြင်တွေ့ခံစားနိုင်မယ့် 2K မျက်နှာပြင်မျိုးပါ။ 2K မျက်နှာပြင်က ဘာတွေအားသာသလဲဆိုရင် Resolution မြင့်တဲ့ အတွက် မြင်ကွင်းတွေကို အသေးစိတ်ကအစ အကြည်လင်ဆုံး
မြင်တွေ့နိုင်စွမ်း ရှိပါတယ်။ နောက်ပြီး Pixels သိပ်သည်းဆဟာ တစ်လက်မမှာ 490ppi အထိ ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။ အံ့မခမ်းပါပဲ။ သူ့ရဲ့ ၆ လက်မမျက်နှာပြင်မှာ အကြည်လင်ဆုံး အတောက်ပဆုံး
မြင်ကွင်းတွေကို အားပါးတရ ကြည့်ရှုနိုင်ပါပြီ။ တစ်ခုရှိတာက ဗီဒီယိုတွေကြည့်တဲ့အခါ မူရင်းဗီဒီယိုဖိုင်အရည်အသွေးက 1080 ပဲရတယ်ဆိုရင် 1080 လောက်ပဲ ဖော်ပြပေးပါလိမ့်မယ်။

Vivo Xplay 3S – Hardware
အားရစရာကောင်းတာက RAM ကို 3GB အထိသုံးပေးထားခြင်းပါပဲ။ Processor ကိုလည်း Snapdragon 800 အမျိုးအစား Quad-core 2.3Ghz Processor ကိုသုံးပေးထားတာပါ။ ဂရပ်ဖစ်ပိုင်းအတွက် Adreno 330 GPU ကိုပါ ထည့်သွင်းတပ်ဆင်ပေးတာပါတယ်။ ဒါ့ကြောင့် သဘာဝကျတဲ့ ဇာတ်ကောင်တွေနဲ့ ဆော့ကစားနိုင်တဲ့ 3G ဂိမ်းမျိုးတွေကို အသွက်လက် အပေါ့ပါးဆုံး ဆော့ကစားနိုင်စွမ်း ရှိပါတယ်။ ဖုန်းရဲ့ အနောက်ဘက်မှာ စပီကာနှစ်ခုကို အပေါ်အောက် တပ်ဆင်ပေးထားပါတယ်။ ၎င်းစပီကာတွေမှာ ပရော်ဖက်ရှင်နယ်သုံး OPA2604 OP Amp ပါဝင်တဲ့ US ထုတ် ESS ES9018 audio chip မျိုးတွေ ပါဝင်ပါတယ်။ အားသာချက်ကတော့ High quality နဲ့ သံစဉ်တွေကို စီးမျော ခံစားနိုင်မှာ ဖြစ်ပါတယ်။
Vivo Xplay 3S – Fingerprint scanner
Fingerprint scanner နည်းပညာပိုင်းမှာတော့ Vivo က ပထမဆုံး မဟုတ်ပါဘူး။ သူ့ထက်အရင် HTC, Apple တို့အပြင် China Brand ဖြစ်တဲ့ Gionee ကတောင် ဦးဆုံးအသုံးပြုထားတဲ့ နည်းပညာပါ။ Vivo Xplay 3S မှာတော့ Fingerprint scanner ကို ဖုန်းရဲ့အနောက်ဘက် LED မီးရဲ့ အောက်လက်မှာ တပ်ဆင်ထားပါတယ်။ Scanner ကိုအသုံးပြုပြီး ဖုန်းကို Lock လုပ်နိုင်ပါတယ်။

Vivo Xplay 3S – Funtouch OS
Oppo အမျိုးအစားဖုန်းတွေမှာဆိုရင် သူ့ရဲ့ကိုယ်ပိုင် Color OS ကိုအသုံးပြုလေ့ရှိပါတယ်။ Vivo မှာလည်းဒီလိုပါပဲ။ ပုံမှန် Android ROM ကို အဆင့်မြှင့်တင်ပြီး Funtouch လို့ခေါ်တဲ့ ကိုယ်ပိုင် OS ကိုသုံးထားပါတယ်။ Funtouch OS ကိုတော့ Android ဗားရှင်း 4.3 ကို အခြေပြု တည်ဆောက်
ထား တာပါ။ ဒါ့ကြောင့် ပုံမှန် Android ဖုန်းတွေနဲ့ မတူညီတဲ့ Notification နဲ့ Multitasking bar တွေကို မြင်တွေ့ရမှာပါ။ ထူးထူးခြားခြားအနေနဲ့ ဖုန်းရဲ့ Screen ကိုပိတ်ထားတဲ့အချိန်ကို Screen ပေါ်ကနေ လက်ကိုဝှေ့ယမ်း လိုက်တာနဲ့ ဖုန်း Screen ပွင့်သွားစေမယ့် Smart wave နည်းပညာ တစ်ခုပါဝင်ပါတယ်။

Vivo Xplay 3S – Camera
Vivo Xplay 3S မှာ အနောက်ဘက် ကင်မရာကို 13MP သုံးပေးထား ပါတယ်။ f1.8 aperture စွမ်းရည်ရှိပြီး အရည်အသွေးမြင့် HDR စနစ်အဖြစ် ဖမ်းယူရိုက်ကူးနိုင်စွမ်း ရှိပါတယ်။ အရှေ့ဘက်မှာတော့ 5MP ကင်မရာကို တပ်ဆင်ပေးထား ပါတယ်။

Vivo Xplay 3S – Battery life
Vivo Xplay 3S မှာ 2K ၆ လက်မမျက်နှာပြင်၊ စွမ်းအားမြင့် မောင်းနှင်
ပေးမယ့် Snapdragon 800 processor နဲ့ အသံပိုင်းဆိုင်ရာအတွက် အားဖြည့်ပေးမယ့် Audio processor တွေကြောင့် ဘတ်ထရီ အားက တော်ရုံဘတ်ထရီဆိုရင် ကြာရှည်ခံနိုင်ရည် ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကြာရှည်အသုံးခံနိုင်စေဖို့ 3200mAh ဘတ်ထရီကို ထည့်သွင်းပေးလိုက်ပါတယ်။ ဘတ်ထရီကြာရှည်ခံနိုင်စွမ်းကို စမ်းသပ်ကြည့်တဲ့အခါမှာ တော့ ဂိမ်းတွေဆက်တိုက်ကစားမယ်ဆိုရင် တစ်နာရီအတွင်း 18% ၊ Video streaming ကြည့်မယ်ဆိုရင် တစ်နာရီအတွင်း 24%ိနဲ့ ဘာမှမသုံးဘဲ Standby ထားမယ်ဆိုရင်တော့ ၈ နာရီအတွင်းမှာ 3% သာကုန်တယ်လို့ ဆိုပါတယ်။ ဘတ်ထရီခံနိုင်စွမ်းကတော့ အားရစရာ ကောင်းပါတယ်။

Specifications
- 6” IPS LCD 2K Display
- 1440 x 2560 pixels Resolution
- GSM Network
- 13MP Main Camera, 5MP Secondary
- Quad core 2300 MHz Snapdragon 800 Processor
- 32GB Storage, 3GB RAM
- 3200 mAh Battery

Mobile House's photo.Mobile House's photo.
Like · ·
 
 

---------------------------------------------------
May Thazin (TSJ Team)
ဆက်ဖတ်ရန်>>>

Sunday, March 23, 2014

ဖုန်းအချက်ပေးစနစ်.



]



Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း's photo.









Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း's photo.












ဖုန်းအချက်ပေးစနစ်.apk - 4 MB
=====================
Android Phone + Tablet တွေအတွက် မြန်မာမှု ပြုထားတဲ့
ဖုန်းအချက်ပေးစနစ် APK လေးကို ကိုကျော်မျိုးဝင်းမှ မြန်မာမှု
ထားပါတယ်။ဒီ APK လေးမှာ ဘာတွေ ပြုလုပ်လို့ ရလဲ ဆိုရင်တော့
ရွေ့လျားခြင်း ( ဖုန်းရွေ့သွားတာနဲ့ အသံထမြည်ခြင်း)
ထိကိုင်ခြင်း (ဖုန်းကိုင်လိုက်တာနဲ့ အသံထမြည်ခြင်း)
အားသွင်းကြိုးဖြုတ်ခြင်း (ဖုန်းကို အားသွင်းထားရင်းနဲ့ တစ်စုံတစ်ယောက်
က ကြိုးကို ဖြုတ်လိုက်ရင် အသံထမြည်ခြင်း)
ဖုန်းလော့ဖွင့်ခြင်း (ဖုန်းရဲ့ Home screen ကို ဖွင့်လိုက်တာနဲ့ အသံထမြည်
ခြင်း)
ဆူညံသံ ( အသံတွေ ကြားတာနဲ့ အသံထမြည်ခြင်း)
ကင်မရာ (ကင်မရာ ဆော့ဝဲလေးကို ဖွင့်လိုက်တာနဲ့ အသံထမြည်ခြင်း )
တို့ကို တစ်ခုခြင်းသို့မဟုတ် အကုန်လုံးကို Alarm ပေးထားလို့ ရပါတယ်။
ဥပမာ မိမိဖုန်းကို မိမိက အားသွင်းထားတယ် ဆိုပါစို့ တစ်စုံတစ်ယောက်က
ကြိုးကို ဖြုတ်လိုက်ရင် အလိုအလျောက် အသံထမြည်မှာ ဖြစ်ပါတယ်။ အဲဒီ
တော့ မိမိဖုန်းကို စိတ်ချလက်ချ အားသွင်းထားလို့ ရပါပြီ။ အသံထမြည်နေတဲ့
အချိန်မှာ အသံကို အတိုးအလျော့လုပ်လဲ အသံကတော့ မြည်မြဲအတိုင်း မြည်
နေမှာပါ မိမိက အဲဆော့ဝဲလေးကို သွားပိတ်မှ အသံက ပိတ်သွားမှာ ဖြစ်ပါတယ်။
နောက်တစ်ခု ဆူညံသံလေးကို ပေးထားမယ်ဆိုပါစို့.... မိမိက အိပ်နေရင်း နဲ့
ဆူညံသံလေးကို Alarm လေး ပေးထားလိုက်မယ်..... ဖုန်းက အိပ်နေရင်းနဲ့
အောက်ကို ကျသွားတာတို့ တစ်နေရာရာမှာ အထားမှားထား တာ ဆို့ပါစို့....
လေလေးကို ချွန်လိုက်တာနဲ့ ဖုန်းရှိတဲ့နေရာကို သိရမှာ ဖြစ်ပါတယ်..........အသုံး
တည့်တဲ့ ဆော့ဝဲလေး ဖြစ်တဲ့အတွက် Android Phone ကိုင်ဆောင်ထားသူတိုင်း
ရှိထားသင့်တဲ့ ဆော့ဝဲလေး ဖြစ်ပါတယ်
Android Version 2.2. အထက်မှာ အသုံးပြုလို့ ရပါတယ်. ဒီကောင်လေးကို အသုံး
ပြုဖို့အတွက် မိမိဖုန်းက မြန်မာဖောင့်ထည့်ထားရန် လိုအပ်ပါတယ်

Download Here >>
http://www.mediafire.com/download/gs42g3bjjjjmk14/ဖုန်းအချက်ပေးစနစ်.apk <<


share - Aung Min Han
ဆက်ဖတ်ရန်>>>

Wednesday, March 19, 2014

ကိုယ်နှစ်သက်တဲ့ webpage တွေကို iPhone ရဲ့ home scream ပေါ်မှာ Application icon လေးအဖြစ် ထားချင်ရင်


ကိုယ်နှစ်သက်တဲ့ webpage တွေကို iPhone ရဲ့ home scream ပေါ်မှာ Application icon လေးအဖြစ် ထားချင်ရင်

ကိုယ်နှစ်သက်တဲ့ Web site တွေရဲ့ webpage ကို iPhone ရဲ့ home scream ပေါ်မှာ Application icon လေး အဖြစ် ထားချင်တဲ့ သူတွေအတွက် နည်းလမ်းလေးပါ။ ကိုယ်နှစ်သက်တဲ့ Web site တွေကို Search box မှာ ရိုက်ရှာနေစရာမလို၊ Bookmark လုပ်ပြီး သိမ်းထားစရာလည်း မလိုဘဲ အလွယ်တကူ သုံးရလွယ်တဲ့ နည်းလမ်းလေးပါ။ ကျနော်ကတော့ http://www.mobilehouse.co.nr/ ဆိုတဲ့ webpage လေးကိုယူပြီး နမူနာ လုပ်ပြထားပါတယ်။ လုပ်နည်းလေးကတော့ အရမ်းကို လွယ်ပါတယ်။


Step(1) iPhone ပေါ်မှာ ကိုယ်နှစ်သက်တဲ့ Web site က ကိုယ်လိုချင်တဲ့ Webpage ကို ဖွင့်ပြီး အောက်

မှာ ပြထားတဲ့ ပုံ 1 အတိုင်း အနီရောင် စက်ဝိုင်း ပြထားတဲ့နေရာ လေးကိုနိုပ်လိုက်ပါ။

Step(2) Add to Home Screen ကို ရွေးပေးပါ။


Step(3) အောက်ကပုံအတိုင်း icon လေးနဲ့ နာမည်စာတမ်းလေး ပေါ်လာပါလိမ့်မယ်။ ကိုလိုချင်တဲ့ နာမည်
ကို ပြောင်းလို့ ရပါတယ်။ ကျနော်ကတော့ Mobile House ဆိုပြီး နာမည်လေးပြောင်းထားပါတယ်။ ပြီးရင်တော့ Add ကိုနိုပ်လိုက်ပါ။

Step(4) iPhone home scream ရဲ့အပေါ်မှာ ကျနော် နာမည်ပေးထားတဲ့ Mobile House ဆိုတဲ့

application icon လေးကို တွေ့ရမှာပါ။ အဲဒီ icon လေးကို နိုပ်လိုက်ရင် ကိုယ့်စိတ်ကြိုက်

ရွေးထားတဲ့ Webpage လေးပေါ်လာမှာပါ။

Application icon လေးကို ပြန်ပြီးဖျက်ချင်တယ် ဆိုရင်တော့ Scream ပေါ်မှာရှိတဲ့ icon လေးတွေ တုန်ခါ တဲ့အထိ icon တစ်ခုခု အပေါ်မှာ ဖိထားပါ။ ပြီးရင် ကြက်ခြေခက် လေးကိုထိပြီး Delete ကို နိုပ်လိုက်ပါ။
















































Photo: ကိုယ်နှစ်သက်တဲ့ webpage တွေကို iPhone ရဲ့ home scream ပေါ်မှာ Application icon လေးအဖြစ် ထားချင်ရင်

              ကိုယ်နှစ်သက်တဲ့ Web site တွေရဲ့  webpage ကို iPhone ရဲ့ home scream ပေါ်မှာ Application icon လေး အဖြစ် ထားချင်တဲ့ သူတွေအတွက် နည်းလမ်းလေးပါ။ ကိုယ်နှစ်သက်တဲ့ Web site တွေကို Search box မှာ ရိုက်ရှာနေစရာမလို၊ Bookmark လုပ်ပြီး သိမ်းထားစရာလည်း မလိုဘဲ အလွယ်တကူ သုံးရလွယ်တဲ့ နည်းလမ်းလေးပါ။ ကျနော်ကတော့ http://www.mobilehouse.co.nr ဆိုတဲ့ webpage လေးကိုယူပြီး နမူနာ လုပ်ပြထားပါတယ်။ လုပ်နည်းလေးကတော့ အရမ်းကို လွယ်ပါတယ်။

 
Step(1) iPhone ပေါ်မှာ ကိုယ်နှစ်သက်တဲ့ Web site က ကိုယ်လိုချင်တဲ့  Webpage ကို ဖွင့်ပြီး အောက်   

              မှာ ပြထားတဲ့ ပုံ 1 အတိုင်း အနီရောင် စက်ဝိုင်း ပြထားတဲ့နေရာ လေးကိုနိုပ်လိုက်ပါ။

Step(2) Add to Home Screen ကို ရွေးပေးပါ။

 
Step(3) အောက်ကပုံအတိုင်း icon လေးနဲ့ နာမည်စာတမ်းလေး ပေါ်လာပါလိမ့်မယ်။ ကိုလိုချင်တဲ့ နာမည်
ကို ပြောင်းလို့ ရပါတယ်။ ကျနော်ကတော့ Mobile House ဆိုပြီး နာမည်လေးပြောင်းထားပါတယ်။   ပြီးရင်တော့ Add ကိုနိုပ်လိုက်ပါ။

Step(4) iPhone  home scream ရဲ့အပေါ်မှာ ကျနော် နာမည်ပေးထားတဲ့ Mobile House ဆိုတဲ့  

 application   icon လေးကို တွေ့ရမှာပါ။ အဲဒီ icon လေးကို နိုပ်လိုက်ရင် ကိုယ့်စိတ်ကြိုက် 

             ရွေးထားတဲ့ Webpage လေးပေါ်လာမှာပါ။

     Application icon လေးကို ပြန်ပြီးဖျက်ချင်တယ် ဆိုရင်တော့ Scream ပေါ်မှာရှိတဲ့ icon လေးတွေ တုန်ခါ တဲ့အထိ icon တစ်ခုခု အပေါ်မှာ  ဖိထားပါ။ ပြီးရင် ကြက်ခြေခက် လေးကိုထိပြီး Delete ကို နိုပ်လိုက်ပါ။ 


ဆက်ဖတ်ရန်>>>

Monday, March 17, 2014

Nokia lcd finder 2012 new version

ဆက်ဖတ်ရန်>>>

MTK CPU အသုံးပြုထား သည့် ဖုန်း များ ဆော့ဝ် ရေး လျှင် သတိ ထားရန် လိုအပ် ....

MTK CPU အသုံးပြုထား သည့် ဖုန်း များ ဆော့ဝ် ရေး လျှင် သတိ ထားရန် လိုအပ် ....

MTK CPU သုံးထားတာ က အများ အားဖြင့် Samsung Clone တွေ မှာ ဥပမာ s4 clone i9500 ဆိုပါတော့ CPU နံပတ် မတူ ပဲ စက်ပုံစံ တူ အများ ကြီး လာပါတယ် ။ အဲ့ကောင်တွေ က CPU မတူ ရင်ရေးမရ တဲ့ အတွက် ပြသနာ မရှိပေ မယ့် CPU နံပတ် တူ ပေ မယ့် scatte.txt ဖိုင် က PRELOADER နေရာ လွဲ နေ ရင် လုံးဝ Boot သေတဲ့ အထိ ဖြစ် နိုင်ပါတယ် ။ တနည်း ပြော ရရင် ပါဝါ ပျောက် ပါတယ် ။ထို့ ကြောင့် MTK ဖုန်း ပြုပြင် မည့် သူ အနေ နဲ့ သတိ ထားနိုင် စေ ရန် တင် ပေး လိုက်ပါတယ် ။

အဆင်ပြေ ကြပါ စေ..........
ဆက်ဖတ်ရန်>>>

Xperia C Android 4.2.2 16.0.B.2.6 firmware ftf

Xperia C Android 4.2.2 16.0.B.2.6 firmware ftf 

Xperia အတွက် Flash tool နဲ့တင် တဲ့ Firmware ပါ ။
 
Download  C2305_16.0.B.2.6_World_Generic.ftf | 649 MB
ဆက်ဖတ်ရန်>>>

Unpack Any *.img ROM

Unpack Any *.img ROM

Unpack Any *.img ROM





* DOWNLOAD HERE












ဆက်ဖတ်ရန်>>>

Samsung ဖုန်း များ 4.3 နှင့် အထက် မတင်ခင် စဉ်းစား ရန်လို

Samsung ဖုန်း များ 4.3 နှင့် အထက် မတင်ခင် စဉ်းစား ရန်လို

Samsung ဖုန်း တွေ ဟာ 4.3 နဲ့ အထက် တင် ပြီး ရင် အနိမ့် ကို ပြန် ဆင်း ဖို့ မလွယ် ပါဘူး ။ဆင်းလိုက် ရင် Imei ပျောက် ပြီး လိုင်းမတက် တော့ တာတွေ ကြုံရပါတယ် ။ 4.3 က စပြီး မြန်မာ စာ Error ပါသည့် အပြင် 4.4.2 တွင်လည်း အခြား Error များ ဖြစ်နေတာ ကို တွေ့ ရပါတယ် ။ ထို့ ကြောင့် သူများ တွေ ဗားရှင်း မြင့် တိုင်း အား မကျ ပါ နဲ့ ပြော ရရင် တော့ ကိုယ် စီးနေ တဲ့ ဖိနပ် အကြောင်း ကို ပဲ သိတယ် ပေါ့ ကြည့် တော့ လှ လိုက်တာ စီး တော့ မှ ခြေထောက် ပေါက် ဆိုတာ မျိုး မဖြစ် ရအောင် သူငယ် ချင်း တို့ မတင် ခင် မှာ စဉ်းစား စေ နိုင် ဖို့ တင် ပေး လိုက်ပါ တယ် ။

Samsung ဖုန်း ကိုင် တဲ့ သူငယ် ချင်း တွေ သိရ အောင် ရှယ်ပေး လိုက်ပါ အုံး နော် ......
ဆက်ဖတ်ရန်>>>