Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

Android ဖုန်းများက ပါဝါ သုံးစွဲမှု ပိုမြန်

Android ဖုန်းများက ပါဝါ သုံးစွဲမှု ပိုမြန်

news
Android OS စနစ် သုံး ဖုန်း များ တွင် ပါ ဝါ စား သုံးမှု(သုံးစွဲမှု)မှာ တစ် ခြား OS ဖုန်း များ Java ဖုန်းများ ထက် ပိုမြန်ပြီး ပို များကြောင်း Android ဖုန်း သုံးစွဲသူများ ထဲမှာ စုံစမ်း သိရှိ ရသည်။ Android OS မှာWindows OS များကဲ့ သို့ပင်OS တစ်ခုဖြစ်ပြီး Windows OS များကဲ့သို့ ကွန်ပျူတာ လည်း ကွန်ပျူတာ အငယ်စားများ အဖြစ် တင်စားခေါ်ဝေါ်နိုင်သော Tablet PC များမှ ဟန်း ဆက်စမတ် ဖုန်းများ အထိ သုံးစွဲနိုင်သော OS အမျိုး အစား တစ်ခုဖြစ်ကြောင်း ဟန်းဆက် ပညာရှင်များထဲမှ သိရ သည်။
Android OS များတွင် ဘက်ထ ရီ ပါဝါပိုမြန်စွာ ကုန်ခြင်းနှင့်ပတ်သက် ပြီး Android OSစမတ် ဖုန်းသုံးစွဲသူ တစ်ဦးက "ကျွန်တော် Googleက ကြော်ငြာ ခဲ့တဲ့နောက်ပိုင်း ကတည်း က Android OS ကို စိတ်ဝင် စားနေ ခဲ့တာပါ။ အခု ၅ သိန်းဖုန်းဝယ် လိုက်တော့ ဟန်းဆက်ကို Android OS သုံးထားတဲ့ စမတ်ဖုန်း တစ်လုံး ကိုပဲ ရွေးခဲ့ပါတယ်။ သူက တခြား OS ဖုန်းတွေထက် အား သာချက် တွေ အများကြီးရှိပါတယ်။ သူ့ရဲ့ အားနည်းချက် ကတော့ တခြား ဖုန်းတွေ ထက် ပါဝါ သုံးစွဲမှု အကုန် မြန်တာပါပဲ။ ဖုန်းကို အားအပြည့် သွင်း ထားရင် ဘက်ထရီက တစ်နေ့ လောက်ပဲ ခံတယ်"ဟု Android ကို စိတ်ဝင် စားခဲ့ပုံနှင့် Android ပါဝါအ ကုန်မြန်ခြင်းကို ပြောကြားခဲ့သည်။
Android OS များမှာ Windows OS ကဲ့သို့ဖြစ်သော် လည်း ပုံမှန် အား ဖြင့် ပါဝါ သုံးစွဲမှုမြန်မြန် ကုန်စေခြင်း မှာ Android OS ကြောင့်မဟုတ်ဘဲ အသုံးပြုသူ အပေါ်တွင် လည်း များ စွာ မူတည်ကြောင်း၊ ဖုန်းကျွမ်း ကျင် ပညာရှင် တစ်ဦးက မှတ်ချက်ပြု ပြောကြားရာတွင် "Android ဖုန်း တွေ ဘက်ထရီ တာရှည် မခံဘူးဆို တာ ပုံမှန် အားဖြင့်တော့ မဟုတ်ပါ ဘူး။ တခြား ဖုန်းတွေဖြစ်တဲ့ Java ဖုန်းတွေ၊ Syabian ဖုန်းတွေ၊ Apple iPhone တွေ ထက်တော့ ပိုပြီး အကုန် မြန်တာ မသိသာဘူး။ ဒါပေမယ့် သုံးတဲ့ သူရဲ့ဖုန်းကို သုံးစွဲတဲ့ အခါမှာ သုံးစွဲ ပုံကွဲပြားပြီး သူ့ရဲ့ သဘောသ ဘာဝကို နား မလည်တဲ့ အခါ မျိုးတွေ မှာ ပိုပြီး အကုန်မြန်စေတာပါ။ ဥပ မာပြောရရင် ဖုန်းရဲ့ ပုံမှန် Brightness ကို မလို အပ်ဘဲ အပြည့် သုံးရင် ဖုန်း ကတော့ တခြား ဖုန်းတွေ ထက် ပို ပြီးကြည် လင်တောက်ပနိုင်ပေမယ့် ပါဝါ သုံးစွဲမှုက သာမန် ထက်ပိုပြီး သုံးရလို့ မြန်မြန် အားကုန်စေနိုင်ပါ တယ်"ဟုAndroid စမတ်ဖုန်းများ ကို အသုံးချ ပုံကွာခြားချက်ကြောင့် ဘက်ထရီ အကုန်မြန် တတ်ကြောင်း ကို ရှင်းပြခဲ့သည်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.