Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

မိုဘိုင်းဖုန်းကို ၀န်မပိစေချင်ရင်...

မိုဘိုင်းဖုန်းကို ၀န်မပိစေချင်ရင်...

moblie
ဖုန်းပြောဆိုရုံ သက်သက် မဟုတ်တော့ဘဲ ဒီနေ့ခေတ် မိုဘိုင်း ဖုန်းတွေက မိုဘိုင်း အင်တာနက်၊ မက်ဆေ့ခ်ျ၊ Music Playe၊ Game Player ၊ ဖုန်းကင်မရာ စတဲ့ လုပ်ဆောင်ချက်တွေ ကို အစုံအလင် အသုံးပြုနိုင် လာတာနဲ့ အမျှ စွယ်စုံသုံး ကွန်ပျူတာ အသေးစားတစ်လုံးရဲ့ စွမ်းဆောင်ရည် အနေအထားမျိုး ရောက်ရှိလာတာ တွေ့ရပါတယ်။ ဒါကြောင့် သုံးစွဲသူတွေရဲ့ အကြိုက်ကို စိတ်တိုင်းကျစေတဲ့ Feature စုံ Android ဖုန်းတွေ ဈေးကွက် ခိုင်မာလာတာ မဆန်းလှပါဘူး။ မိုဘိုင်းဖုန်းပေါ်မှာ Download ဆွဲခြင်း၊ သီချင်းဂီတဖိုင်၊ ဗီဒီယိုဖိုင်တွေ ထည့် သွင်းခြင်း၊ ဂိမ်းဆော့ခြင်း၊ ဓာတ်ပုံ ဗီဒီယို ရိုက်ကူး သိမ်းဆည်းခြင်းစတဲ့ စွယ်စုံ လုပ်ဆောင်ချက် တွေကြောင့် တဖြည်းဖြည်းနဲ့ ဟန်းဆက်ထဲက မှတ်ဉာဏ်နေရာ လွတ်တွေ လျော့နည်း လာခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဖုန်းအသုံးပြုတဲ့အခါ လုပ်ဆောင်ချက်တွေ နှေးကွေးလာတာ၊ ဟန်းဆက် အမျိုးအစားအလိုက် တစ်ခါတလေ ဟန်းသွားတာတို့ ကြုံတွေ့ လာရမှာ မလွဲပါဘူး။ ဒါကြောင့် အချက်အလက်တွေကို ဘယ်လိုစီမံကိုင် တွယ်ရမလဲ၊ မလိုအပ်တာ ဝိတ်လျော့သင့် တာတွေကို အကောင်းဆုံး ဖယ်ရှားရှင်းလင်းနိုင်စေ ဖို့ ရှောင်ရန် ဆောင် ရန် လေး တွေကို စုစည်း ဖော်ပြလိုက်ပါတယ်။

ဗီဒီယို
မိနစ်(၉၀) စာမျှရှိတဲ့ Netflix ဗီဒီယိုဖိုင် တစ်ဖိုင်က မှတ်ဉာဏ်ပမာဏ 225 Megabite မျှနေရာ ယူတာကြောင့် ဗီဒီယို ဇာတ်လမ်း တိုတွေကို ဖုန်းပေါ်မှာ သိမ်းဆည်းတတ်တဲ့ အကျင့်ရှိ သူတွေ အဖို့ တဖြည်းဖြည်းနဲ့ နေရာလွတ်တွေ ရှားပါးလာတာ မဆန်းလှပါဘူး။ 32 GB အထိအများ ဆုံးထောက်ပံ့ပေးနိုင်တဲ့ Micro SD ကတ်တွေကို အဓိကထားသုံးစွဲကြ တာကြောင့် ဗီဒီယိုစုဆောင်းရေး ဝါသနာအိုးတွေအဖို့ မလောက်မငှဖြစ် စေပါတယ်။ ဒါ့အပြင် You Tube Facebook စတဲ့ကွန်ရက်တွေပေါ်က ထူးဆန်း ထွေလာတွေကိုလည်း Download ဆွဲတတ် ကြသေးတဲ့ အပြင် ဗီဒီယို Chatting တစ်နာရီမျှ သုံးလိုက်ရင် မှတ်ဉာဏ် 450 MB ဆုံးရှုံးသွားနိုင်ပါတယ်။ အိမ်တွင်း လုံခြုံရေး ကင်မရာတွေနဲ့ တွဲဖက်သုံး စွဲတဲ့ အဝေးထိန်း Webcam App ကလည်း ဖုန်းပေါ်က မှတ်ဉာဏ်တွေ ကုန်ဆုံးစေတယ် ဆိုတာ သိထား သင့်ပါတယ်။

သီချင်းဂီတ
4 Megabites ဝန်းကျင်ရှိတဲ့ MP3 သီချင်း ဖိုင်တွေကလည်း ဖုန်း ပေါ်မှာ နေရာ ယူတတ်ကြပါတယ်။ သီချင်း အယ်လ်ဘမ် အသစ်ထွက်တိုင်း Download ဆွဲ နားသောတ ဆင်ချင် တဲ့ ဂီတရူးသွပ် ခုံမင်သူ လူငယ်တွေ အတွက် ဖုန်းပေါ်မှာ မှတ်ဉာဏ် သုံးစွဲမှု မြင့်တက်နေတာ မဆန်းလှပါ။ Music Player တစ်လုံးလို အကောင်းဆုံး ဂီတသံစဉ် အရည်အသွေးမျိုး ဖန်တီး ပေးလာတဲ့ ဖုန်းထုတ်လုပ်သူ တွေကြောင့်လည်း ဘယ်နေရာ သွားသွား Headphone တကားကားနဲ့ ညိမ့်ညောင်းနေကြတဲ့ လူငယ်တွေကို နေရာတကာမှာ တွေ့မြင်နေရတာပါ။ Pandora လိုအွန်လိုင်း ဂီတဖျော်ဖြေ ရေးကို 3G ပေါ်မှာ (၁၀)မိနစ်မျှ နားသောတ ဆင်လိုက်ရင်ပဲ ဖုန်းထဲက ဒေတာနေရာလွတ် 4MB ခန့်မျှသုံးစွဲ ပြီး ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဖုန်း ပေါ်မှာ သီချင်းနား ဆင်ချင်ရင် Wi- Fi ကတစ်ဆင့် သီချင်းဖိုင်တွေကို Download ဆွဲနားဆင်ဖို့၊ မကြိုက်တဲ့ သီချင်းတွေကို ဖယ်ရှား ရှင်းလင်းထားဖို့ အကြံပြုချင်ပါတယ်။ အကောင်းဆုံး ကတော့ ကိုယ့်ရဲ့ PC, laptop ထဲမှာ ဖိုင်ဖွဲ့သိမ်းဆည်းကာ အကြိုက်ဆုံး သီချင်းဖိုင်တွေကို ရွေးထုတ်ပြီးမှ ဖုန်း ထဲကို ထည့်သွင်းသင့်ပါတယ်။

မိုဘိုင်းဂိမ်းနှင့် အက်ပလီကေးရှင်းများ
Resolution အမြင့်စား Screen ကို တပ်ဆင်ပေးလာကြတဲ့ Touch Display ပေါ်မှာ ဂရပ်ဖစ် ကောင်းကောင်း ဂိမ်းတွေကို ဆော့ ကစားရတာကို အလွန်ခုံမင် နေကြပါပြီ။ Developer တွေကလည်း စိတ်လှုပ်ရှားမှု မျိုးစုံကို ခံစား ပေးစွမ်းနိုင်မယ့် ဂိမ်းအသစ်အဆန်း Application မျိုးစုံတို့ကို မရိုးနိုင်အောင် ဖန်တီး ပေးလာကြပါတယ်။ ဖုန်းတွေပေါ်မှာ မရိုးနိုင်အောင် တွေ့မြင်နေရတဲ့ Angry Bird လိုဂိမ်းမျိုးက အရွယ် အစားသေးငယ်တယ် ဆိုပေမယ့် အမြင့်ဆုံး အဆင့်ရောက်အောင် ဆော့ ကစားချင်ကြတဲ့ ဂိမ်းမက်သူတွေရဲ့ သဘာဝက တဖြည်းဖြည်း Level မြင့် လာလေ မှတ်သား သိမ်းဆည်းဖို့ မှတ် ဉာဏ်သိမ်းမှု မြင့်တက်လာလေလေ ဆိုတာ သတိပြုသင့်ပါတယ်။

မက်ဆေ့ခ်ျ
ဖုန်းပြောရင် တစ်မိနစ် ကျပ်(၅၀) မက်ဆေ့ခ်ျပို့ရင် (၂၅)ကျပ်ပဲဆိုပြီး မက်ဆေ့ခ်ျ ပေးပို့တာကိုပဲ ပိုမိုခုံမင်လာ ကြတဲ့ သုံးစွဲသူတွေအဖို့ မက်ဆေ့ခ်ျ inbox နဲ့ Sent Item တို့ထဲမှာ မက်ဆေ့ခ်ျတွေ တောင်လိုယာလို စုပြုံ နေတတ်ပါတယ်။ မက်ဆေ့ခ်ျတစ် စောင်ရဲ့ပမာဏက Kilobite မျှသာရှိ ပေမယ့် Messaging အတွက်နေရာ လွတ်များများစားစားခွင့်ပြုမထားတဲ့ ဖုန်းတွေပေါ်မှာ Inbox, Outbox တို့ ကို ပုံမှန် ရှင်းလင်းပေးဖို့ လိုအပ်ပါ တယ်။ G-talk ပေါ်မှာ Chat သလို မျိုး ဖုန်းနဲ့ မက်ဆေ့ခ်ျ အပြန်အလှန် ပေးပို့နေရင်တော့ Prepaid ငွေလည်း ကုန်၊ နေရာလွတ်လည်း ရှားပါးလာ မှာပါ။

ကင်မရာ
အနိမ့်ဆုံး 5 Megapixel အရည်အသွေးကင်မရာမျိုးကို တပ်ဆင်ပေးလာကြတဲ့ မိုဘိုင်းဖုန်း တွေနဲ့ အမှတ်တရဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတွေကို ရိုက်ကူးသိမ်းဆည်း တတ်ကြပါတယ်။ Compact ကင် မရာတစ်လုံးနီးပါး ဓာတ်ပုံ၊ ဗီဒီယို အရည်အသွေးကြောင့် Facebook, Twitter နဲ့ You Tube တို့ပေါ်ကို Mobile Upload တွေအများဆုံးတင် လာကြပါတယ်။ ဒါပေမဲ့ရိုက်ကူးပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေက ဖုန်းမှတ်ဉာဏ် ပေါ်မှာပဲ သိမ်းဆည်းမှတ်သားမှာ ကြောင့် နေရာလွတ်အများအပြားကို ဝါးမျိုသွားနိုင်ပါတယ်။ အမှတ်တရ ဗီဒီယိုတွေကို Delete လုပ်မဖျက်ချင် ကြတဲ့ သုံးစွဲသူတွေရဲ့ နှမြောစိတ် ကြောင့် ဖုန်းပေါ်မှာ ဒေတာတွေ ပိုမို စုပြုံလာပါတယ်။ ဖုန်းသုံးစွဲသူတွေရဲ့အကျင့်က မိုဘိုင်းဖုန်းတွေကို ကွန်ပျူတာတစ်လုံး လို့မယူဆကြတာပါ။ Disk Clean နဲ့ Defragment လုပ်တာတို့ ကို PC, Laptop တွေမှာသာ အများ ဆုံးလုပ်ဆောင်ကြပေမယ့် ဟန်းဆက် တွေကိုတော့ ဂရုမပြုကြပါဘူး။ Feature စုံသုံးနိုင်တဲ့ ဟန်းဆက်တွေမှာ Datameter တွေတစ်ပါတည်း ပါလာ တတ်ပေမယ့်အချို့ဖုန်းတွေမှာ မပါရှိ တာကြောင့် ဖုန်းထဲ Built-in မှတ် ဉာဏ်မှာ Memory Card မှတ်ဉာဏ် ပမာဏ ဘယ်လောက် ပါဝင်တယ်ဆို တာကို သိရှိထားသင့်ပြီး မလိုအပ်တဲ့ အသုံးနည်းတဲ့ Apps တွေကို ဖြုတ် သင့်တာဖြုတ်ကာ ချိန်ဆသုံးစွဲကြဖို့ အကြံပြုပါရစေ။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.