Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

ဂျီအက်စ်အမ်ဖုန်း EDGE စနစ်ကို ဒီဇင်ဘာလ ကုန်ဝန်း ကျင်တွင် ပြန်ချ ထားပေးမည်

ဂျီအက်စ်အမ်ဖုန်း EDGE စနစ်ကို ဒီဇင်ဘာလ ကုန်ဝန်း ကျင်တွင် ပြန်ချ ထားပေးမည်
     ဂျီအက်စ်အမ်ဖုန်း EDGE မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ User Capacity ပြည့်သွား၍ ခေတ္တ ရပ်ဆိုင်း ထားခဲ့သော ဂျီအက်စ်အမ် ဖုန်း အင်တာနက် လိုင်းချထား ပေးမှုကို ယခုနှစ် ဒီဇင်ဘာလ ကုန်ဝန်းကျင်တွင် ပြန်လည် ချထားပေး တော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (အလုံ)၏ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ယခုအခါ EDGE အင်တာနက် စနစ် အသုံးပြုမှု ပိုမို ကောင်းမွန် လာစေ ရန်အတွက် မူလ ထက်အင်အား ကြီးမားသည့် အင်တာနက် Gateway တစ်ခုကို ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းသန်း(၃၀) စီမံကိန်း ဖြင့် တစ်ပါတည်း တည်ဆောက် ပေးလျက်ရှိ ကြောင်း သိရသည်။ “ဒီ EDGE စနစ်ကို ဂျီအက်စ် အမ်မိုဘိုင်းဖုန်းသန်း(၃၀)စီမံကိန်းရဲ့ ပထမ နှစ်စီမံကိန်း အဖြစ် တန်ဖိုးနည်း ဖုန်းတွေစချ ပေးတဲ့အချိန်မှာ ပြန် လျောက်ခွင့် ပေးမှာပါ။ ဘာဖြစ် လို့လဲ ဆိုတော့ EDGE စနစ် အတွက် သီးသန့် လုပ်စရာ မရှိလို့ တစ်ခါတည်း ပေါင်းလုပ်တာပါ။ ဒါကြောင့်ပထမနှစ် စီမံကိန်း အဖြစ် မိုဘိုင်းဖုန်း စတင်ရောင်း ချနိုင်မယ့် ဒီဇင်ဘာလ ကုန်ဝန်းကျင် လောက်မှ ပြန်ချပေးမှာပါ” ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ ပြန်လည်ချထားပေး ရာတွင် ယခင်နှုန်းအတိုင်းကျပ်(၁၀ဝ၀ဝ) ဖြင့် လျှောက်ထားခွင့် ပေးသွားမည် ဖြစ်သည်။
“ဂျီအက်စ်အမ်ဖုန်းတွေကို အင်တာနက် လိုင်းပြန်ချ ပေးရင်တော့ လျှောက်တဲ့ သူများ လာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လိုင်းမကောင်း သေးတာ တောင် လျှောက်ချင်လို့လာ မေးတဲ့ သူတွေ များပါတယ်။ ကွန်နက် ရှင်လိုင်းသာ ပိုကောင်းလာမယ်ဆို အရင်ထက်ပိုများနိုင်ပါတယ်” ဟု ဖုန်း အကျိုးဆောင် ဦးအောင်သူက ပြောသည်။ အဆိုပါစနစ်ကို ဇူလိုင်(၄) ရက်မှ စ၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ခေတ္တ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။ အင်တာနက်သုံးစွဲခွင့်ရပ်ဆိုင်း လိုက်ခြင်းနှင့် အတူ ဂျီအက်စ်အမ်ဟန်း ဆက် ဈေးကွက် တွင်လည်း အပြောင်း အလဲ အချို့ရှိခဲ့ပြီး အရောင်း အဝယ်ပါး သွားခဲ့ကြောင်း၊ စနစ်ပြန် လည်ခွင့်ပြု မည်ဆိုပါကဟန်းဆက်ဈေးကွက်ပြန် လည်ဦးမော့လာနိုင်ကြောင်းသိရသည်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.