Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

Apple iOS5 Part 2

Apple iOS5 Part 2

       iOS5 ထဲမှာထပ်တိုးပါဝင်လာတဲ့စနစ်တစ်ခုဖြစ်တဲ့ Edit ဆိုတဲ့ စနစ်အကြောင်းကို ပြောပြလိုပါတယ်။ဒီစနစ်
ကတော့ဓာတ်ပုံတွေကိုပြုပြင်ဖန်တီးတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ဒီစနစ်ထဲမှာတော့ ဖုန်းထဲမှာရှိနေတဲ့ ဓာတ်ပုံတွေ
ကိုကိုယ်တိုင်ဖုန်းနဲ့ပဲပြုပြင်နိုင်ပါလိမ့်မယ်။ဒီစနစ်ကလည်း iPhone တွေမှာတစ်ခါမှမမြင်ဘူးခဲ့တဲ့စနစ် တစ်ခုပဲဖြစ်
ပါတယ်။အရင်ကဆိုရင်တော့ iPhone တွေဟာဓာတ်ပုံပိုင်းနဲ့ကင်မရာစနစ်ပိုင်းတွေမှာ အားနည်းတာကိုတွေ့ရပါ
တယ်။ခု iOS5 မှာတော့ဒီအားနည်းချက်တွေကိုအကောင်းဆုံးပြုပြင်မြှင့်တင်ထားတာတွေ့ရပါတယ်။

       Edit စနစ်ထဲမှာတော့ဓာတ်ပုံတွေကိုကိုယ်လိုအပ်သလို လှည့်နိုင်မယ့် Rotate ၊ ကိုယ်လိုအပ်သလို ဓာတ်ပုံ
ဖြတ်တောက် နိုင်မယ့် Crop ၊ ဓာတ်ပုံထဲမှာ နောက်ခံနဲ့ အရောင်တွေ ပုံလေးတွေကို ထည့်သွင်းနိုင်မယ့် Effects
စနစ်တွေအပြင်အခြားဓာတ်ပုံစနစ်တွေထည့်သွင်းပါဝင်လာပါတယ်။ကွန်ပျူတာတွေမှာအသုံးပြုတဲ့ Photo Shop
ဆော့ဖ်ဝဲလိုမျိုးအပြည့်အဝအသုံးမပြုနိုင်ပေမယ့် Photo Shop ဆော့ဖ်ဝဲနဲ့ဆင်တူပါတယ်။ဒါ့အပြင်ဓာတ်ပုံတွေကို
ကိုယ်လိုချင်တဲ့ Pixel အမျိုးအစား ၊Resolution အမျိုးအစားတွေကို ရောက်အောင်လည်း ပြုလုပ်ဖန်တီးနိုင်မယ်
လို့ဆိုပါတယ်။ဓာတ်ပုံတွေကို High Defination HD စနစ်မျိုးလည်းပြုလုပ်နိုင်ပါတယ်။

       နောက်ထပ် ထပ်တိုးပါဝင်လာတဲ့ စနစ်တစ်ခု ကတော့ Camera Roll ,Photo Library And Information
ဆိုတဲ့စနစ်ပါပဲ။ဒီစနစ်ထဲမှာတော့ဓာတ်ပုံတွေကို Location တည်နေရာနဲ့တကွ တိတိကျကျ မှတ်သားထားနိုင်သ
လိုပြန်လည်ဖော်ပြပေးနိုင်ပါတယ်။Geo-taggin လိုစနစ်မျိုးပါပဲ။ဒါပေမယ့်ပိုပြီးတော့တိကျ ကောင်းမွန်လာတာကို
တွေ့ရပါတယ်။

       နောက်ထပ်ထူးခြားတဲ့စနစ်တစ်ခုကတော့ iPhone တွေထဲမှာမပါဝင်တဲ့ Black List စနစ်ကိုဖုန်းထဲမှာ တစ်
ခါတည်းထည့်သွင်းပေးထားတာပါပဲ။ဖုန်းထဲမှာ Blacklist စနစ်ကိုတစ်ခါတည်းထည့်သွင်းပေးထားတဲ့အတွက် အ
ရင်ကလိုအပြင်ကနေထပ်ထည့်ပြီးအသုံးပြုဖို့မလိုအပ်တော့ပါဘူး။ဒါပေမယ့်ဒီစနစ်မှာတော့ ကန့်သတ်ချက်တစ်ခု
ရှိနေပါတယ်။အဲဒါကတော့ Blacklist စနစ်ကို အသုံးပြုမယ် ဆိုရင်ဖုန်းရဲ့ Contact ထဲမှာရှိနေတဲ့ ဖုန်းနံပါတ်တွေ
ကိုပဲ Blacklist ပြုလုပ်နိုင်ပါတယ်။ဒါကြောင့်ဒီစနစ်ကိုအသုံးပြုမယ် ဆိုရင်တော့ ကိုယ် Blacklist လုပ်ချင်တဲ့ ဖုန်း
နံပါတ်ကို Contact ထဲမှာအရင်ဆုံးထည့်သွင်းမှတ်သားရပါလiိမ့်မယ်။

1 comment:

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.